အထူးအစီအစဉ် (၇) ရဲ့ကံထူးသူတွေကတော့
မောင်ရဲဝင်း
ဇော် ဟိန်း
Mark
နှင်းဆီကိုကို
ဇေလင်းသန့်
Si Thu Hein
U Aung
ဦးမိုးဇော်
ကိုမိုးဇော်လင်း
ဦးမြင့်လှိုင် တို့ပဲဖြစ်ပါတယ်။
ပါဝင်ဖြေဆိုသူအားလုံးနီးပါးမှန်ကြပြီး စိတ်ဝင်တစားနဲ့ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တစ်ပတ်မှာ နှစ်ရက်ရှိတာမို့ တစ်ပတ်မဟုတ်တစ်ပတ် ကံထူးနိုင်တဲ့ အခြေအနေပါနော်။
အစီအစဉ်တစ်ခုမှာ ကံထူးသူများကို ၁၀ ယောက်ရွေးချယ်ပြီးဖုန်းဘေလက်ဆောင်ထည့်ပေးတာပဲဖြစ်ပါတယ်။
ဆုငွေလက်ဆောင်လည်းရ အစိမ်းရောင်အကြောင်းပိုသိပြီး အသုံးပြုရတာပိုမိုလွယ်ကူသွားမှာပါ။
အစီစဉ် (၇) ရဲ့ဆွေးနွေးချက်အရ စိုက်ပျိုးရေးဆိုင်ရာ ချမှတ်ထားတဲ့ ဥပဒေများကိုလေ့လာပြီး ဗဟုသုတများလည်းရနိုင်ကြစေဖို့ မျှော်လင့်ပါတယ်ရှင့်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်