သောကြာနေ့ကဆွေးနွေးချက်အတွက် စိတ်ဝင်တစားနဲ့ ဆောင်းပါးရှိတဲ့ကဏ္ဍအကြီးကို ဆွေးနွေးသွားကြတာကိုတွေ့ရပါတယ် ။
စိုက်ပျိုးရေးလုပ်ငန်းဟာ ရည်ရွယ်ချက်တွေအလိုက် စီးပွားရေးလုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုဖြစ်သည့်တိုင်အောင် မိမိတို့ရဲ့လုပ်ငန်းကို ရေရှည်တည်တံ့အောင်နဲ့ စားနပ်ရိက္ခာဖူလုံမှု၊ ဘေးကင်းလုံခြုံမှုရရှိအောင် အဘက်ဘက်ကနေ နည်းစနစ်များ၊ ဗဟုသုတများဖြင့် လိုက်ဖြည့်ရမည်လည်းဖြစ်ပါတယ်။ ဒီ ”ဓာတုပစ္စည်းများနှင့် မြန်မာ့စိုက်ပျိုးရေး” ဆောင်းပါးမှလည်း ဗဟုသုတများစွာ ရရှိလိုက်ဖို့ မျှော်လင့်ပါတယ်။
“ဓာတုပစ္စည်းများနှင့် မြန်မာ့စိုက်ပျိုးရေး” ဆောင်းပါးသည် အထွေထွေဗဟုသုတကဏ္ဍကြီးအောက်က “အတွေးအမြင်ဆောင်းပါး” ဆိုသည့်ကဏ္ဍတွင် ဦးကြီးတို့အလွယ်တကူလေ့လာနိုင်ပါတယ်နော်။
ကဲ…..ကံထူးသူတွေကို ကြေငြာရမည်တော့ဖြင့်
ဇေယျာ
Thuzin Kyaw Lin
linnaing
မောင်ရဲဝင်း
မောင်သန့်စင်
ဦးဖိုးနီ
နေဇာဝင်း
linlin
ဆုမြတ်နိုး
Lwinlwinmon တို့ပဲဖြစ်ပါတယ်။
ကံထူးသူများကို နေ့လည် ၂ နာရီနဲ့ ၃ နာရီကြားမှာဆက်သွယ်ပေးသွားပါမယ်။
ဒီနေ့ညလာမယ့် အစီအစဉ် (၉) ကိုလည်း စောင့်ကြည့်ရင်း ကံစမ်းသွားကြပါဦးနော်။
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်