ဒေါက်ခွရွက်(ဘိလပ်ဟင်းနုနယ်) စိုက်ပျိုးနည်း

29/10/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒေါက်ခွရွက်ပင်သည် အအေးကြိုက်သောသီးနှံဖြစ်ပြီး နှစ်ချင်းစားသီးနှံပင်ဖြစ်သည်။ အရွက်ကိုစားရပြီး အပင်အမြင့် ၃-၈ လက်မနှင့် အကျယ် ၂-၈ လက်မရှီသည်။ ဒေါက်ခွရွက်ပင်သည် နွေဦးပေါက်ရာသီတွင် အစောဆုံးပေါ်သောသီးနှံဖြစ်ပြီး၊ အသုပ်တွင် အစိမ်းလိုက်ဖြစ်စေ၊ ပေါင်း၍ဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေ စားကြသည်။ အရွက်မျက်နှာပြင်ပြောင်ချော သို့မဟုတ် အတွန့်ဖြစ်ပြီး အစိမ်းရင့်ရောင်ရှိကာ သံဓာတ်၊ ကယ်လစီယမ်ဓာတ်၊ ပရိုတိန်းဓာတ်နှင့် ဗီတာမင် A ဓာတ်များပါရှိပြီး လတ်ဆတ်သော ဟင်းရွက်ပင်ဖြစ်ပါသည်။

ဒေါက်ခွရွက်ပင်သည် အေးသောရာသီတွင် အကောင်းဆုံးဖြစ်ထွန်းသည်။ နွေးသောရာသီရှိသည့်ဒေသနှင့် နွေရာသီများတွင် အပူဒဏ်ခံနိုင်သော ဒေါက်ခွရွက်ပင်မျိုးများဖြစ်သော မာလာဘာမျိုး(Malaba)နှင့် နယူးဇီလန်မျိုး(Nwe Zealand) တို့ကို စိုက်ပျိုးနိုင်သည်။

စိုက်ပျိုးခြင်း

ဒေါက်ခွအစေ့သည် မြေအပူချိန် ၃၅ ဒီဂရီဖာရင်ဟိုက်၌ပင် အညှောင့်ပေါက်နိုင်သည်။ နွေဦးပေါက်ရာသီအထိ စိုက်ပျိုးနိုင်သည်။ မြေကွက်ကို ၂-၃ လက်မအထူအထိ မြေဆွေးတင်ပေးရသည်။ အစေ့များကို ရေနွေးတွင် တစ်ညစိမ်ပြီးမှ စိုက်ပျိုးရသည်။ အစေ့များကို မြေကြီးတွင် ၁/၄ လက်မမြှုပ်ပြီး ပင်ကြား တစ်လက်မခြား၍ တစ်တန်းနှင့်တစ်တန်း ၁၂ လက်မခြားပြီး စိုက်ပျိုးရသည်။ သို့မဟုတ် စိုက်ဘောင်ပေါ်တွင် ကြဲပက်စိုက်ပျိုးနိုင်သည်။

အပင်ပေါက်ကလေးများ ၃ လက်မခန့် မြင့်လာသောအခါ တစ်ပင်နှင့်တစ်ပင် ၆ လက်မအကွာအဝေးချန်ပြီး ကျန်သောအပင်များကို နှုတ်ပယ်ပစ်ရသည်။ မြေဆီလွှာကို အစိုဓာတ်ရှိပြီး အေးနေစေရန် ပုံမှန်ရေပေးခြင်းနှင့် ကောက်ရိုးဖြင့် ၂-၃ လက်မအထူရှိအောင် ဖုံးအုပ်ပေးခြင်းပြုလုပ်ရ၏။ ရေကို နံနက်ပိုင်းတွင်ပေးခြင်းဖြင့် ညနေပိုင်းတွင်အရွက်များ ရေစိုမနေစေရန်လိုအပ်သည်။ ရေသွင်းမှုမှန်ကန်ခြင်းနှင့် အပင်အစိတ်အကျဲမှန်ကန်ခြင်းတို့ကြောင့် သံချေးတက်ရောဂါကို ကာကွယ်နိုင်သည်။ အကယ်၍ အရွက်ငယ်များ အစိမ်းရောင်ဖျော့နေလျှင် အမြန်အာနိသင်ပြသော နိုက်ထရိုဂျင် ရွက်ဖျန်းမြေသြဇာအရည်ကို ဖျန်းပေးရသည်။

ရိတ်သိမ်းခြင်း

စိုက်ပျိုးပြီး ရက်ပေါင်း ၂၀-၃၀ ရှိပြီး၊ အပင်ပေါက်တွင် အရွက် ၅-၆ ရွက်ရှိသောအခါ အပင်မှ တစ်ရွက်ချင်းခူးယူနိုင်သည်။ အပင်သားခွဲစဉ်က နှုတ်ပယ်သောအပင်ကလေးများကို သုပ်စားရာတွင် အသုံးပြုနိုင်သည်။ စိုက်ပျိုးပြီးရက်ပေါင်း ၃၅-၅၀ ရက်ကြာသောအခါ တစ်ပင်လုံးကို နှုတ်သိမ်းနိုင်သည်။ နှုတ်သိမ်းရာတွင် ဆွဲနှုတ်၍ဖြစ်စေ၊ မြေကြီးနားကပ်၍ဖြတ်ပြီးဖြစ်စေ ရိတ်သိမ်းနိုင်သည်။ ပူသောရာသီအထိ အပင်ကို မနှုတ်ဘဲ အရွက်သားခူးဆွတ်နေလျှင် အစေ့ရိုးတံ ထွက်လာတတ်သည်။ ထိုအခါ အပင်ကိုနှုတ်၍ မြေဆွေးလုပ်နိုင်သည်။ အရွက်ကို ရေခဲသေတ္တာထဲထည့်၍ သိုလှောင်နိုင်ရန် အရွက်များကို ရေနှင့်ဆေးကြောပြီးလျှင် အပြားဖြစ်အောင်လုပ်၍ ပလတ်စတစ်အိတ်တွင်ထည့်ပြီး ရေခဲသေတ္တာထဲသို့ထည့်ရသည်။ ထိုအခါ တစ်ပတ်အထားခံသည်။

ပိုးမွှားရောဂါ

ဒေါက်ခွရွက်ကို ရွက်ထွင်းပိုး(leaf miner) ကျရောက်တတ်သည်။ ပျပိုးနှင့် ကျိုင်းတို့လည်း ကျရောက်တတ်သည်။ ပိုးသတ်ဆေးဖြင့် နှိမ်နင်းနိုင်သည်။ စွတ်စိုသောဒေသတွင်စိုက်ပျိုးပါက ပင်ညှိုးရောဂါနှင့် ဗိုင်းရပ်စ်ရောဂါဒဏ်ခံနိုင်သော မျိုးကိုရွေးချယ်စိုက်ပျိုးရသည်။ ဒေါက်ခွပင်များကို ဘောင်တင်ပြီးစိုက်ပျိုးရန်နှင့် အပင်အစိတ်အကျဲမှန်ကန်ရန် လိုအပ်သည်။ သို့မှသာ လေဝင်လေထွက်ကောင်းမွန်ပြီး ဖားဥမှိုရောဂါ၊ ဒေါင်းနီးမှိုရွက်ခြောက်ရောဂါနှင့် သံချေးတက်ရောဂါ တို့ကိုကာကွယ်နိုင်မည်ဖြစ်သည်။

ဆေးဖက်ဝင်ပုံ

မြန်မာ့ဆေးကြမ်းအရ ဒေါက်ခွရွက်သည် အေးသည်။ ကြေခဲသည်။ လေ၊ သလိပ်တို့ကို ပျက်စေတတ်သည်။ ဝမ်းကိုရွှင်စေတတ်သည်။ ဆီးလေတို့ကို ချုပ်စေတတ်သည်။ သေအရက်မူးယစ်ခြင်း၊ ပန်းနာ၊ ရတ္တပိနာတို့ကိုနိုင်သည်။

ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့  ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်