စပါးပင်တွင်ဆာလဖာ ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

02/08/2024 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆာလဖာ ချို့တဲ့လျှင်အရွက်များ၏ အစိမ်းရောင် chlorophyll ထုတ်လုပ်မှုနှင့် ပရိုတင်းဖြစ်ပေါ်မှုကိုထိခိုက်သဖြင့် အပင်ပုံပျက်ခြင်းနှင့် အစာချက်လုပ်ငန်းစဥ်များ ပျက်စီးစေသည်။ ကြီးထွားမှု နှင့် ရင့်မှည့်မှုနောက်ကျသည်။ ပင်ပိုင်းကြီးထွားသည့်အဆင့်တွင် ချို့တဲ့ပါက အထွက်နှုန်းများစွာထိခိုက်သည်။

ဆာလဖာဓါတ်ချို့တဲ့မှုမှာ ရေသွင်းစပါးတွင်တွေ့ရမှုနည်းပါးသည်။ ကြမ်းတမ်းသည့် ရေ၊လေတိုက်စားခံရမှု များကာ သံဓာတ်-iron oxide (Fe) များလွန်းသောမြေကွက်များ၊ အော်ဂဲနစ်ပစ္စည်းများပါဝင်မှုနည်းပါးလွန်းသောစိုက်ကွက်များ၊ သဲဆန်လွန်းသောစိုက်ကွက်များတွင် ဖြစ်လေ့ရှိသည်။ 

လက္ခဏာများ

မျက်မြင်အရတွင် နိုက်တြိုဂျင်ချို့တဲ့မှုနှင့် တူညီသည်ဟု ထင်ရသည်။ ရွက်ဖုံးပေါ်တွင် ရောင်မညီကွက်များ ဖြစ်ပေါ်ရာမှ အဝါရောင်သန်းလာပြီး ရွက်ဖျားပိုင်းသို့ တိုးချဲ့ဖြစ်ပေါ်လာသည်။ ပင်ပွားအဆင့်တွင် စပါးပင်တစ်ပင်လုံး အရောင်မညီမှုများ ဖြစ်ပေါ်သည်။ အပင်ပုပြီး ပင်ပွားနည်းသည်။ နှံစတို၍ အနှံခက်များပေါ်၌ ရင့်မှည့်ချိန်တွင် အစေ့များ လျော့နည်းသည်။

ပြုပြင်ရန်နည်းလမ်း

ဆာလဖာ ဓာတ်ချို့တဲ့မှုကို ပြုပြင်နိုင်မည့် လက်တွေ့ကျသောနည်းလမ်းကို ယခုအချိန်အထိ တိတိကျကျ မဖော်ထုတ်နိုင်သေးပါ။ သို့ရာတွင် ဖြစ်နိုင်ပါက-

  • ပျိုးထောင်ထားသော စပါးပျိုးဘောင်များတွင် ဆာလဖာ ပါဝင်သော မြေသြဇာ ထည့်သွင်းပေးပါ
  • စိုက်ခင်း မြေပြင်စဥ် ကောက်ရိုးများကို အားလုံးဖယ်ရှား၊ မီးရှို့မည့်အစား ၊ ချန်လှပ်ပြီး ထယ်ထိုးမြေမြှုပ်ပေးပါ
  • စပါးပင်သည် မြေတွင်းမှ ဆာလဖာကို စုပ်ယူစားသုံးမှု ပိုမိုကောင်းမွန်လာစေရန် အတွက် စပါးရိတ်သိမ်းပြီးပါက အခြောက်ထယ်ရေးပြင်ပေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်