တို့လယ်ယာမှာ နွေဦးကဗျာ

08/03/2019 11:06 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

#တို့လယ်ယာမှာ….နွေဦးကဗျာ

ကဲ… အစိမ်းရောင်လမ်းမှ (နှစ်လတစ်ကြိမ်) ပြုလုပ်မြဲဖြစ်တဲ့..ဓာတ်ပုံပြိုင်ပွဲလေး….. တတိယအကြိမ်မြောက် စတင်လိုက်ပါပြီနော်။

ဆောင်းအကုန် နွေအကူး. နွေဦးလေးဆီက သာယာလှပတဲ့ စိုက်ခင်းတွေ၊ လယ်ကွင်းတွေ၊ သစ်ပင်တွေ နဲ့ စိမ်းလန်းတဲ့ သဘာဝတရားကြီးရဲ့ ကဗျာလေးတစ်ပုဒ်ကို ဓာတ်ပုံရိုက်ပြီး ဖော်ကြူးရင်း အခြားသူတွေနဲ့အတူ မျှဝေခံစားကြမယ်။

#ဆုကြေးတွေကတော့

လူကြိုက်အများဆုံးဆုကို( like အများဆုံးဆု ) - ၃၀၀၀၀ ကျပ်
အကောင်းဆုံးဓာတ်ပုံဆု - ၃၀၀၀၀ကျပ်
နှစ်သိမ့်ဆုအနေနဲ့ကတော့ (ဖုန်းငွေဖြည့်ကဒ် ၃၀၀၀ တန် ၇ ကဒ်) ဖြစ်ပါတယ်။

#ပြိုင်ပွဲဘယ်လိုဝင်မလဲ..?????????????

- မိမိတို့ရဲ့လက်ကိုင်ဖုန်းနဲ့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ သဘာဝအလှဓါတ်ပုံတစ်ပုံကို အစိမ်းရောင်လမ်း ဖေ့ဘုစ်ပေ့ ကွန်မန့်မှာ မန့်ခဲ့ပေးပါ။
- ကွန်မန့်ထဲမှာ ဓါတ်ပုံနှင့်အတူ ပါဝင်ယှဉ်ပြိုင်သူအမည်၊ ရိုက်ကူးထားတဲ့ ဖုန်းအမျိုးအစားတို့ကိုပါ မန့်ခဲ့ပေးပါ။
- ယခုအချိန်မှာစတင်ကာ "၁၅၊ မတ်လ၊ ၂၀၁၉ ည ၁၂ နာရီအထိ" ကွန်မန့်ပေးခွင့်ရှိပါတယ်။
- နောက်တစ်နေ့ (၁၆၊ မတ်လ၊၂၀၁၉) မှာတော့ ပုံတွေကို စုစည်းပြီး Green Way Page မှာ နာမည်နဲ့တကွ ပြန်တင်ပေးပါ့မယ်။
- အဲ့လိုတင်တဲ့အခါကျမှ မိမိပုံကို Share လုပ်ပါ။ အဲ့ဓါတ်ပုံတွေထဲကမှ Like အများဆုံးဓါတ်ပုံဆု၊ အစိမ်းရောင်လမ်းအဖွဲ့စိတ်ကြိုက် အကောင်းဆုံး ဓါတ်ပုံဆု၊ နှစ်သိမ့်ဆုတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

#စည်းကမ်းချက်တွေလည်းရှိတယ်နော်........????

- ဓါတ်ပုံများသည် ကိုယ်တိုင်ရိုက်ကူးထားသောပုံများသာ ဖြစ်ရမည်။
- ဓါတ်ပုံများသည် ပရောဖက်ရှင်နယ် ကင်မရာနှင့်မဟုတ်ပဲ ဖုန်းဖြင့် ရိုက်ကူးထားသော ပုံများသာ ဖြစ်ရမည်။
- ယှဉ်ပြိုင်လာသော ဓါတ်ပုံများကို အစိမ်းရောင်လမ်း၏ တောင်သူလယ်သမား အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုခွင့်ပေးရမည်။
- ဆုရွေးချယ်မှုများအတွက် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်လာပါက အစိမ်းရောင်လမ်းအဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

အစိမ်းရောင်လမ်း

မှတ်ချက်။ ။ ဓာတ်ပုံကို အစိမ်းရောင်းလမ်း facebook page ပို့စ်အောက်မှာ မန့်ပေးပါ။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်