အစိမ်းရောင်လမ်းက တင်ထားတဲ့ “ဒီနှစ်နွေစပါး စိုက်သင့်လား မစိုက်တော့ဘူးလား” ဆိုတဲ့ ဆောင်းပါးအောက်မှာ တောင်သူတွေ မေးထားတာတွေကို သက်ဆိုင်ရာပညာရှင်တွေက ဖြေကြားပေးထားပါတယ်။ ဒီဖြေကြားချက်ဗီဒီယိုဖိုင်လေးတွေကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အပိုင်းလေးတွေခွဲပြီး တင်သွားပါမယ်။
ပထမဦးဆုံးတင်ဖို့ ရွေးချယ်ထားတာကတော့ မြေသြဇာဈေးတွေခေါင်ခိုက်နေတဲ့ကာလမှာ သဘာဝမြေသြဇာသုံးပြီး စိုက်ရင် အထွက်ရနိုင်မလားဆိုတာသိနိုင်ဖို့ သဘာဝမြေသြဇာပညာရှင်ဆရာမက လက်တွေ့တောင်သူတွေနဲ့ တွဲဖက်စိုက်ပျိုးခဲ့တဲ့ အတွေ့အကြုံတွေကို ကုန်ကျစရိတ်၊ အထွက်နှုန်းနဲ့ ဝင်ငွေတွေနဲ့ပါ နှိုင်းယှဉ်ပြသပြီး ပြောထားလို့ အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ပညာလည်း ရပါတယ်။
မြို့နယ်အမျိုးမျိုးမှာ စိုက်ပျိုးနည်းအမျိုးမျိုးနဲ့ မြေသြဇာအချိုးအမျိုးမျိုးကို စမ်းသပ်ထားတာဖြစ်တာကြောင့် မိမိနဲ့ ကိုက်ညီမယ့် နည်းလမ်းတွေကိုလည်း ဒီဗီယိုလေးမှာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အစိမ်းရောင်လမ်း အသုံးပြုတွေ သိရှိနိုင်ဖို့ ဗီဒီယိုလေးကို တင်ပေးလိုက်ပါတယ်။
နောက်ရက်တွေမှာလည်း နွေစပါးစိုက်မယ့်တောင်သူတွေအတွက် အခြားခေါင်းစဉ်လေးတွေကို ဆက်လက်တင်ပေးသွားပါမယ်။ ပညာရှင်တွေနဲ့ စိုက်ပျိုးရေးဆိုင်ရာ ပြဿနာတွေကို တိုက်ရိုက်အဖြေရှာ ဆွေးနွေးဖို့အတွက် အစိမ်းရောင်လမ်း App ရဲ့ အမေးအဖြေကဏ္ဍကနေ ဖိတ်ခေါ်အပ်ပါတယ်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more