မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?

27/02/2024 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၉၂)

စားမှို စိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၁၁)

မိုက်ခရိုဂရင်းများသည် စူပါ အစားအစာတွေလား 

၂ဝ၁၉ခုနှစ်တွင် မုံညင်းမုံလာ မျိုးရင်းဝင် မိုက်ခရိုဂရင်း များသည် ကမ္ဘာ့စျေးကွက်တွင် လွှမ်းမိုးလာသည်။ အနံ့၊ အရသာ၊ အရောင် ကောင်းသော မိုက်ခရိုဂရင်းများကို စားသုံးသူများက ပိုမိုကြိုက်နှစ်သက်သဖြင့် ထိပ်တန်းစျေးကွက်တွင်  ရပ်တည်နေသည်။ သုတေသနပြု လေလာမှုများလာသဖြင့် ကျန်းမာရေးအထောက်အကူပြု အရည်အသွေးများကိုပိုမို တင်ပြလာနိုင်သည်။ မိုက်ခရိုဂရင်းအပါအဝင် အစားအစာများကို အာဟာရရှုထောင့်မှလည်းကောင်း၊ ကယ်လိုရီရှုထောင့် အရလည်းကောင်း ပိုမိုစားသုံးလာကြသည်။ ၂၁ ရာစုတွင် မိုက်ခရိုဂရင်းများ၏ ကျန်းမာရေးအထောက်အကူပြု အရည်အသွေးများကြောင့် စူပါအစားအစာတွေလားဆိုတဲ့ မေးခွန်းများမေးလာ ကြသည်။ မေးခွန်းဖြေရန် အောက်ဖော်ပြပါ မေးခွန်း ၃ ခုအနက် စားသုံးသူများစိတ်ဝင်စားပြီး ကျမ်းမာရေး အထောက်အကူပြုသော မိုက်ခရိုဂရင်းများသည် ပုံမှန်သက်ဆိုင်ရာ အရွယ်ရောက် ဟင်းသီးဟင်းရွက်များထက် အာဟာရ ပါဝင်မှု ပို မြင့်သည် ဆိုသောအချက်ကို ရှင်းပါမည်။ အစိမ်းရောင်လမ်း မှ ဖော်ပြထားပြီးဖြစ်သော မိုက်ခရို ဂရင်ဆောင်းပါးများ (ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်) ထဲမှ မိုက်ခရိုဂရင်းအမျိုးမျိုး၏ အာဟာရဓာတ်ပါဝင်မှုများကို အခြေခံ ပြီးကိုးကား ကောက်နုတ်ဖော်ပြ ဖြေဆိုရမည်ဖြစ်ပါမည်။

မိုက်ခရိုဂရင်းများ သည် စူပါ အစားအစာ တွေလား မေးခွန်းအတွက် ဖြေဆိုရမည့် အချက်များမှာ

၁။ မိုက်ခရိုဂရင်းများသည် ပုံမှန်ဟင်းသီးဟင်းရွက်များထက် အာဟာရ ပါဝင်မှု ပို မြင့်ပါသလား?

၂။ မိုက်ခရိုဂရင်းများ၏ အာဟာရ ပါဝင်မှုကို ဘာတွေ လွှမ်းမိုးနေသလဲ?

၃။ မည်သည့် မိုက်ခရိုဂရင်းများက ကျန်းမာရေးအထောက်အကူ အပြုဆုံးထဲမှာပါသလဲ? ဖြစ်ပါသည်။

 စူပါ အစားအစာဆိုသည်မှာ

၁။ စူပါ အစားအစာဆိုသည်မှာ ကျမ်းမာရေး အထောက်အကူပြုသော အာဟာရဓာတ်များပါဝင်သော အစားအစာဖြစ်သည်။ ဘရိုကိုလီ မိုင်ခရိုဂရင်းအပါအဝင် အခြားမိုက်ခရိုဂရင်းများကို စူပါအစားအစာအဖြစ် ဖော်ပြကြသည်။

၂။ မိုက်ခရိုဂရင်းများသည် စူပါအစားအစာ အရည်အသွေးဖြစ်သည့် အာဟာရ ပါဝင်မှု၏ ကျန်မာရေး အထောက်အကူပြုမှုသည် ပိုမြင့်သည်။ ဗိုက်တာမင် စီ၊ အေ၊ ဒီနှင့် အီး များပါဝင်သည်။ ဖြည့်စွက်ဓာတ်စာ အန်တီအောက်ဆီးဒန့် ပါဝင်သည်။ ဘီတာကယ်ရိုတင်း၊ ပိုလီဖီနော နှင့်အခြား ဇီဝဆိုင်ရာလှုပ်ရှားနိုင်သော ပစ္စည်းများပါသည်။

၃။ ဖြည့်စွက် ဓာတ်စာအဖြစ် ပုံမှန်စားသုံးခြင်းသည် ကျန်းမာရေးကို များစွာ အထောက်အကူပြုသည်။ အရေး ကြီးသော အချက်တစ်ခုသည် မည်မျှပင် အာဟာရဓာတ်ပြည်စုံသည်ဖြစ်စေ အစားအစာ တမျိုးတည်းစားသုံးခြင်းသည် ခန္ဓာကိုယ် မှလိုအပ်သော အာဟာရဓာတ်ပြည်စုံအောင် အထောက်အကူမပြုနိုင်ပါ။ ဖြည့်စွက်ဓာတ်စာ အမျိုးမျိုးမှ ရသော အာဟာရဓာတ်များ ပြည့်စုံစွာ စားသုံးမှသာလျှင် ခန္ဓာကိုယ်မှလိုအပ်သော ပုံမှန်အာဟာရ ဓာတ်ပြည်စုံစေသည်။ 

၃။ စူပါအစားအစာ အရည်အသွေးသည် မိုက်ခရို ဂရင်း မျိုးပြားအပေါ် မူတည်သည်။

မိုက်ခရို ဂရင်း မျိုးပြားအလိုက် အရည်အသွေးများကို လေ့လာကြရအောင်။

၁။ ပင်စိမ်း

ပင်စိမ်း မျိုးညှောက်ပေါက်များတွင် ပါဝင်သော ဇင့်နှင့် ဗိုက်တာမင် စီသည် အရွယ်ရောက် ပင်စိမ်း များထက် ၃ဆ မြင့်သည်။ အယ်ဖာ /ဘီတာ ကယ်ရိုတင်းသည် မျိုးညှောက်ပေါက်မှ မိုက်ခရိုဂရင်းသို့ တဖြေးဖြေးတိုးလာသည်။

၂။ အာရူဂူလာ (မုံညင်း)

အက်စကောဘစ် အက်ဆစ် ၊ ဘီတာ ကယ်ရိုတင်း ပါဝင်မှုသည် အရွယ်ရောက် အာရူဂူလာ များထက် ပို မြင့်သည်။

၃။ ဘရိုကိုလီ

ဘရိုကိုလီ မိုက်ခရို ဂရင်း၊ ဘေဘီဂရင်းများတွင် ဗိုက်တာမင် အီး၊ ရောဂါကို တိုက်ထုတ်ပေးနိုင်သည့် အန်တီအောက်ဆီးဒန့်များ ပိုလီဖီနော၊ ဘီတာကယ်ရိုတီနွိုက်၊ ဆာဖိုရာဖိန်း ပါဝင်မှုသည် အရွယ်ရောက် အပင်ထက် မြင့်သည်။ ပိုလီဖီနော ကယ်ရိုတီနွိုက်ပါဝင်မှုသည် မျိုးညှောက်ပေါက်ပင်များတွင် အမြင့်ဆုံး ဖြစ်သည်။ ၃ ရက်သားဘရိုကိုလီ၏ အဆိပ်အတောက်ဖြေပေးသော အင်ဇိုင်းပါဝင်မှုသည် ရင့်ကျက်ဘရိုကိုလီ ထက်ပိုမြင့်သည်။ ဘရိုကိုလီ မိုက်ခရိုဂရင်း အသက်ငယ်လေ စူပါအစားအစာ အရည်အသွေး ပြည့်ဝလေဖြစ်သည်။ ရောဂါဆန့်ကျင် ဓာတုပစ္စည်းတမျိုးဖြစ်သော ဆာဖိုရာဖိန်းအများဆုံးပါသည်။ ဆဲလ်ပျက်စီးခြင်း၊ အဖုအကြိတ် ကြီးထွားမှုနှင့် ရောင်ရမ်းမှုလည်း နှေးစေသည်။ သွေး တွင်းအချိုဓာတ်ကျစေသည်။

၄။ မုန်လာထုတ်

မုန်လာထုတ် မိုက်ခရိုဂရင်းများသည် အက်စကောဘစ် အက်ဆစ် ၊ ဘီတာကယ်ရိုတင်းနှင့် ဗိုက်တာမင် ကေပါဝင်မှုသည် အရွယ်ရောက် မုန်လာထုတ် များထက် ပို မြင့်သည်။ ဗိုက်တာမင် အေ၊ စီ၊ အီး၊ ကေ၊ ကာဖိုဟိုက်ထရိတ်၊ ပရိုတင်ပါဝင်မှုမြင့်သည်။ မရမ်းရောင်  မုန်လာထုတ်သည် အစိမ်းရောင် မုန်လာထုတ်ထက် ဆဲလ်ပျက်စီးခြင်းကာကွယ်သည်။ ခုခံ စွမ်းအား စနစ်ပို ကောင်းစေသည်။ ဘရိုကိုလီကဲ့သို့ပင် ရောဂါဆန့်ကျင် ဓာတု ပစ္စည်းတမျိုးဖြစ်သော ဆာဖိုရာဖိန်း ပါဝင်သည်။ 

၅။ ပဲနံ့သာ

မိုက်ခရိုဂရင်းများတွင် အက်စကောဘစ် အက်ဆစ် ၊ ဘီတာ ကယ်ရိုတင်းပါဝင်မှုသည် အရွယ်ရောက် ပဲနံ့သာများထက် ပို မြင့်သည်။ ဗိုက်တာမင် ဘီ၉/ဖိုလိတ် ပါဝင်မှု မြင့်သည်၊

၆။ မတ်ပဲ

မတ်ပဲ၊ ပန်းမုံလာအစိမ်း ၊ ပဲနံ့သာ၊ မုံလာဥတွင် ဗိုက်တာမင် စီ  များစွာပါသော်လည်း မျိုးစေ့ ပင်ပေါက်များသည် အရွယ်ရောက် ပင်များထက် ဗိုက်တာမင် စီ ၃ဆ ပိုမြင့်သည်၊စားသုံးသူ များ၏ ပဲပင်ပေါက်ကို စားသုံးသော အလေ့ အကျင့်သည် ဖြည့်စွက်စာ ဆေးအဖြစ် အသုံးဝင်သည်။

၇။ စပိုင်နတ်

စပိုင်နတ် ဟင်းနုနွယ် မိုက်ခရို ဂရင်းများတွင် အက်စကောဘစ် အက်ဆစ် ၊ အယ်ဖာ ဖီနောပါဝင်မှုသည် အရွယ်ရောက် စပိုင်နတ် ဟင်းနုနွယ် များထက် ပို မြင့်သည်။

စပိုင်နတ် ဟင်းနုနွယ် မိုက်ခရို ဂရင်းနှင့် အရွယ်ရောက် စပိုင်နတ် ဟင်းနုနွယ်များ အာဟာရပါဝင်မှုနှိုင်းယှဥ်လေ့လာခြင်း 

၈။ ဆလတ် 

ဆလတ် မျိုးစေ့ပင်ပေါက်နှင် မိုက်ခရိုဂရင်းများတွင် ဘီတာ ကယ်ရိုတင်း ပါဝင်မှု၊ အယ်ဖာတိုကိုဖီနောပါဝင်မှုသည် အရွယ်ရောက် ဆလတ်များထက် ၃ ဆ ပို မြင့်သည်။

၉။ ပတ်ချွိုင် မုံညင်း

ပတ်ချွိုင် မုံညင်း မိုက်ခရို ဂရင်းများတွင် ပါဝင်သော အန်တီအောက်ဆီးဒန့်တစ်မျိုးဖြစ်သည့် ဂလူကိုစီနိုလိတ် ပါဝင်မှုသည် အရွယ်ရောက် ပတ်ချွိုင် မုံညင်း များ ထက် ပိုများသည်၊

၁ဝ။ မုံလာဥ 

မုံလာဥတွင် ဗိုက်တာမင် အေ၊ စီ၊ အီး၊ ကာဖိုဟိုက်ထရိတ်နှင့် ပရိုတင် ပါဝင်မှုမြင့်သည်။ အာဟာရဓာတ်ကေပါဝင်မှုသည် အရွယ်ရောက်ပင်များ ထက် ပိုမြင့်သည်။ ဘရိုကိုလီ မိုက်ခရို ဂရင်းများကဲသို့ အာဟာရ ပြည့်သည်။ မုံလာဥတွင် ဗိုက်တာမင် အေ၊ စီ၊ အမျှင်ဓာတ်ကြွယ်ဝစွာပါနေခြင်းသည် အစာခြေစနစ်ကို ကောင်းစွာ လုပ်ဆောင် ပေးနိုင်သည်။

၁၁။ ကိုင်းလာ 

ကိုင်းလာမျိုးစေ့အညှောက်ပေါက်မှစí မိုက်ခရို ဂရင်း၊ ဘေဘီ ဂရင်းများဖြစ်သည်အထိ ပိုလီဖီနောအာဟာရဓာတ်ပါဝင်မှုသည် အရွယ် ရောက်ပင်များ ထက် ပိုမြင့်သည်။ ကယ်လ်စီယံပါဝင်မှုမြင့်သည်။ အရိုးကျန်းမာရေးကောင်းသည်၊ ဘရိုကိုလီကဲ့သို့ ရောဂါဆန့်ကျင် ဓာတု ပစ္စည်းတမျိုးဖြစ်သော ဆာဖိုရာဖိန်းပါဝင်သည်။ အမျှင်ဓါတ် ကြွယ်ဝစွာပါနေခြင်းသည် စူပါအစား အစာအဆင့်ဖြစ်လာသည်။

သုံးသပ်ချက်

နေရာဒေသ အနှံ့အပြားတွင် အများဆုံး စိုက်ပျိုးကြသော အပူပိုင်းဒေသ မိုက်ခရိုဂရင်း မျိုးများသည် နေကြာ၊ ပဲအမျိုးမျိုး၊ မုံလာဥ၊ ဆလတ်၊ ဘရိုကိုလီ ပန်းမုံလာစိမ်းများဖြစ်သည်။ မိုက်ခရိုဂရင်းများသည် တန်ဖိုးရှိသော အာဟာရပြည့် စူပါ အစားအစာ ဖြစ်သည်။ သို့သော် တခုတည်းသော အာဟာရ အရင်းအမြစ်အဖြစ်  သတ်မှတ်၍မရပါ၊ ညီမျှဓာတ်စာ အဖြစ် အခြား ဟင်းသီးဟင်းရွက်၊ အသီး များနှင့် အတူ အာဟာရပြည့်မီအောင် အချိုးညီ စားရမည်။ စျေးကြီးမြင့်သော ဖြည်စွက်စာဆေးများ အစား ကုန်ကျစရိတ်နည်းသော မိုက်ခရိုဂရင်း၊ ဘေဘီ ဂရင်းများကို အရွယ်ရောက် ဟင်းသီးဟင်းရွက်များကဲ့သို့ အစားအစာမှ အာဟာရ ဆေးအဖြစ် လူကြီး လူငယ်မရွေးစားသုံးသင့်ကြောင်း ဘက်စုံရှုထောင့်မှ ဖော်ပြပေးနေခြင်းဖြစ်ပါသည်။ သုတေသနနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ၏ ရေးသားချက်များအရ  မိုက်ခရိုဂရင်း၊ ဘေဘီဂရင်းများ၏ ကောင်းကြောင်းကို အချိန်တိုအတွင်း စိတ်ဝင်စားသူတိုင်း တပိုင်တနိုင်စိုက်နိုင်ပြီး  အာဟာရ ပြည့်မီကြောင်း ကို စားသုံးသူများ စိတ်ဝင်စားလာရန် လိုအပ်သည်။

မိုက်ခရိုဂရင်းများ ၏အာဟာရ ပါဝင်မှုကို ဘာတွေ လွှမ်းမိုးနေသလဲနှင့် မည်သည့် မိုက်ခရိုဂရင်း များက ကျန်းမာရေးအထောက်အကူ အပြုဆုံးထဲမှာ ပါသလဲ ၊ မည်သည့် ရောဂါနှင့် ပြဿနာများရှိသလဲ ကို ဆက်လက်ဖော်ပြပါမည်။ အများစု ကြိုက်နှစ်သက်သော အနံ့အရသာ ရှိသောဒေသမျိုးများ တင်သွင်းမျိုးများ ၏ အရည်အသွေးများကို တိုးချဲ့စမ်းသပ်ရန်လိုအပ်နေသေးသည်။ ယခုချိန်တိုင်အောင် စားသုံးသူအများစု နှင့် မိုက်ခရို ဂရင်းစားသုံးမှုသည် အံဝင်ဂွင်ကျ မရှိသေးပါ။ စားသုံးသူများ ပိုမိုသတိထားလာစေရန် အသိပညာပေး ရန်လိုအပ် နေသေးသည်။ စိုက်ပျိုးသူများအတွင်လည်း စားသုံးသူအများစု ၏ လိုအပ်ချက်ဖြင့် အညီစျေးကွက် ကျယ်ကျယ် ပြန့်ပြန့်ရရန်လိုအပ်နေသေးသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်