မိုင်တိုင်တစ်ခုဆီ တွန်းပို့ပေးခဲ့သူအပေါင်းကို ကျေးဇူးတင်ခြင်း ✨

21/04/2023 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

📱Green Way-အစိမ်းရောင်လမ်း အနေနဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ရေလုပ်ငန်းနယ်ပယ်အတွက် သတင်းဆောင်းပါး တွေ၊ နည်းပညာတွေ၊ ဗဟုသုတတွေ မျှဝေပေးနေခဲ့ရာမှာ အခုဆိုရင် မိုင်တိုင်တစ်ခုဆီ ရောက်ရှိလို့ လာခဲ့ပါပြီ။ 

👩‍🌾👩‍🌾 အစိမ်းရောင်လမ်း အက်ပလီကေးရှင်းသုံးစွဲသူ (App User) ၃ သိန်းကျော်နဲ့ အစိမ်းရောင်လမ်း ဖေ့စ်ဘွတ် စာမျက်နှာ Follower ၄ သိန်းကျော်ဆိုတဲ့ မှတ်တိုင်တွေဆီ ရောက်ရှိလာတာပါ 💃

🏆 ဒီမိုင်တိုင်ဆီရောက်ဖို့အတွက်တော့ အစိမ်းရောင်လမ်းကို အစဉ်မပြတ် အားပေးရင်း စိတ်အား၊ လူအား၊ အားပေး မှုအားတွေနဲ့ ကူညီပေးနေသူတွေက ပို့ဆောင်ပေးခဲ့တာပါ🙏

🏆 တကယ်တော့ အခုလို အကျပ်တည်းဆုံးကာလကြီး၊ တိုင်းပြည်ကြီး နာမကျန်းဖြစ်နေချိန်ကြီးမှာ အစိမ်းရောင်လမ်းအနေနဲ့ ရပ်တည်ရှင်သန်ရေးအတွက် မနည်းကို ရုန်းကန်ခဲ့ရတာပါ.. 

🏆 အခုအချိန်ထိလည်း ပုံမှန်အခြေအနေဆီ ပြန်ရောက်ဖို့ဆိုတာ အဝေးကြီး ကျန်နေပါသေး တယ်..

🏆 ပြီးတော့ ဒီလိုကာလကြီးမှာ ဒီလိုမျိုးမှတ်တိုင်တစ်ခုကို အမှတ်တရတင်ဖို့ဆိုတာလည်း စဉ်းစားရပါတယ်

📱📱ဒါပေမဲ့ ဒီလို အကျပ်အတည်းကာလအတွင်းမှာပဲ အစိမ်းရောင်လမ်းကို ဆက်လက်အားပေးနေသူတွေ၊ ဆက်တိုးလာတဲ့ အားပေးသူပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြသဖို့ အမှတ်တရတစ်ခုအနေနဲ့  အခုလို ‘ မိုင်တိုင်တစ်ခုဆီ တွန်းပို့ပေးခဲ့သူအပေါင်းကို ကျေးဇူးတင်ခြင်း’ ဆိုတဲ့ပို့စ်လေးကို တင်လိုက်ရခြင်းဖြစ်ပါတယ် 😊

👩‍🌾 ဆိုတော့ ကျေးဇူးတင်ထိုက်သူအပေါင်းကို Green Way မိသားစုက ကျေးဇူးတင်ပါကြောင်း ဒီပို့စ်လေးနဲ့အတူ  ပြောကြားရင်း ......

👩‍🌾 တောင်သူဒေါ်ကြီးဦးကြီးများနဲ့ ပြည်သူပြည်သားအပေါင်း ဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဝပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါရစေ 🙏

 အစိမ်းရောင်လမ်း 💚

 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်