သံလွင်မြစ်ပေါ်တွင် ပထမဆုံး တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းကို အစိုးရက ပြည်သူအား ချမပြဘဲ တရုတ် ကုမ္ပဏီနှင့် အေးရှားဝေါလ်သို့ အပြီးသတ် လုပ်ကိုင်ခွင့်ပြု လိုက်ကြောင်း သိရ

17/01/2018 14:07 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အထက်သံလွင် (ကွမ်းလုံ) ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက်ရန် တရုတ် ကုမ္ပဏီ တစ်ခုဖြစ်သော Hanergy Group Holding Limited နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ကို အပြီးသတ် လုပ်ခွင့်ပြု လိုက်ပြီး မေလ တတိယပတ်က သဘောတူစာချုပ် ချုပ်ခဲ့သည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းရရှိသည်။

Hanergy Group Holding Limited၊ အေးရှားဝေါလ်ကုမ္ပဏီနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနတို့မှ Joint Venture Agreement ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး နှစ် ၃၀ အထိ (ထပ်တိုးခွင့် ၁၀ နှစ်ပါဝင်သည့်အတွက် နှစ်ပေါင်း ၄၀ အထိ) လုပ်ခွင့်ပေးမည့် BOT စနစ်ဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ၁၄၀၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းမှ အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်းသာ မြန်မာကရမည်ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့အတွက် တရုတ်ကုမ္ပဏီဘက်ကထွက်ရှိမည့် ဓာတ်အားစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရယူမည်ဖြစ်သည်။

ရှယ်ယာပိုင်းတွင်လည်း မြန်မာက အခမဲ့ရှယ်ယာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ ပါဝင်ခွင့်ရမည်ဖြစ်ပြီး Hanergy နှင့် အေးရှားဝေါလ်တို့မှ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ရမည်ဖြစ်သည်။

အကယ်၍ မြန်မာနိုင်ငံမှ အခမဲ့ဓာတ်အားထက် ပိုမိုရယူလိုပါက အခမဲ့ရထားသော ပမာဏအပါအဝင် ၅၀ ရာခိုင်နှုန်းအထိကို ကုမ္ပဏီထံမှ ဝယ်ယူသုံးစွဲရမည်ဖြစ်သည်။ (ဥပမာအခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်းဆိုပါက ၄၀ ရာခိုင်နှုန်းကို သတ်မှတ်သည့်စျေးဖြင့် မြန်မာနိုင်ငံက ပြန်ဝယ်သုံးရမည်)

အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းမှာ သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ပထမဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်သော်လည်း အစိုးရအနေဖြင့် စာချုပ်ပါအချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် အချက်အလက်အသေးစိတ်ကို အများပြည်သူသို့ ချပြခြင်းမပြုမီ ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်းကာ ယခုအထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းအပါအဝင် ရေအားလျှပ်စစ်စီမံကိန်းပေါင်း အနည်းဆုံးကိုးခုအထိ ထပ်မံလုပ်ခွင့်ရထားသူဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်မှ CPI ကုမ္ပဏီတို့ပူးပေါင်း၍ မြစ်ဆုံစီမံကိန်း၊ ချီဖွေ၊ လိုက်ဇာဝူဆောက်၊ ခေါင်လံဖူး၊ ယီနန်၊ ဖီဇော၊ ဂေါလန် ရေအားလျှပ်စစ်မံကိန်းများကို လုပ်ခွင့်ရထားသူဖြစ်သည်။

ယင်းအပြင် အေးရှားဝေါလ်ကုမ္ပဏီသည် Gold Energy ကုမ္ပဏီအမည်ဖြင့်လည်း သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခွင့်ရခဲ့ပြီး ယခုအခါ နိုင်ငံတော်မှ တစ်ယူနစ် ၇၀ ကျပ်ပေးကာ ၎င်းထံမှ ပြန်လည်ဝယ်ယူနေရပြီဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသည့် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၂၂ ခုရှိပြီး တည်ဆောက်ဆဲစီမံကိန်းပေါင်း ၁၄ ခုရှိကြောင်းနှင့် တည်ဆောက်ရန်အတွက် လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်ရေးထိုးရန် စီစဉ်နေသည့် စီမံကိန်းပေါင်း ၅၀ အထိရှိကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ပုဂ္ဂလိကသို့ တည်ဆောက်ခွင့်ပေးမည့် စီမံကိန်းပေါင်း ၅၀ တွင် ၁၀ ပုံတစ်ပုံဖြစ်သော စီမံကိန်း ၅ ခုသာလျှင် ဥရောပနိုင်ငံအချို့ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ထားပြီး ကျန်ရှိသော ၄၅ ခုတွင် အားလုံးနီးပါးမှာ တရုတ်ကုမ္ပဏီသီးသန့်၊ တရုတ်နှင့်ပူးပေါင်းမည့် ပြည်တွင်းရှိ အေးရှားဝေါလ်၊ ရွှေတောင်၊ IGE ကုမ္ပဏီများကသာ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီမှ ကိုးခု၊ IGE ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်း၍ စီမံကိန်းရှစ်ခု၊ ရွှေတောင်ကုမ္ပဏီမှ တရုတ်ကုမ္ပဏီဖြင့်ပေါင်း၍ စီမံကိန်း ၁၀ ခု၊ အခြားတရုတ်ကုမ္ပဏီများက ၁၂ ခု စုစုပေါင်း စီမံကိန်း ၃၉ ခုအထိ လုပ်ကိုင်ခွင့်ရယူထားကြခြင်းဖြစ်သည်။

ထို့အတွက် စီမံကိန်းပေါင်း ၄၅ ခု၌ ရွှေတောင်၊ IGE ၊ အေးရှားဝေါလ်နှင့် တရုတ်ကုမ္ပဏီများက ၃၉ ခုအထိ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားပြီး၊ စီမံကိန်းအားလုံးနီးပါးမှာလည်း နှစ်ပေါင်း ၄၀ အထိ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရမည့်စနစ်ဖြင့် လုပ်ခွင့်ရထားကြခြင်းဖြစ်သည်။

စီမံကိန်းအားလုံးနီးပါးသည်လည်း မြန်မာနိုင်ငံမှ အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်းသာရရှိပြီး တရုတ်ကုမ္ပဏီများက ၉၀ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။

စီမံကိန်းပေါင်းများစွာကို ခွင့်ပြုပေးနေသော်လည်း မြန်မာနိုင်ငံမှ မည်သို့အကျိုးအမြတ်ရမည်၊ မည်သို့ထိခိုက်မည် စသည်တို့ကို အသေးစိတ်ထုတ်ပြန်ပေးခြင်းမရှိပဲ စာချုပ်ချုပ်ဆိုခွင့်ပြုပေးနေခြင်းမျိုးဖြစ်သည်။

လက်ရှိလုပ်ကိုင်ခွင့်ပြုထားသည့် အနေအထားများအရဆိုပါက မြန်မာနိုင်ငံ၏ အနာဂတ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းမှာ တရုတ်ကုမ္ပဏီများနှင့် ရွှေတောင်၊ IGE ၊ အေးရှားဝေါလ်ကုမ္ပဏီများ၏ လက်ဝယ်တွင်သာရှိမည်ဖြစ်သည်။

(ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်တစ်နေရာအား တွေ့ရစဉ်)
 

REF: Eleven Media


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်