ပိုးကျရောက်မှု လက္ခဏာနှင့် ရောဂါကျရောက်မှု လက္ခဏာ ကွဲပြားချက်

12/01/2018 10:01 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပိုးကျရောက်မှု လက္ခဏာ ၁။ သီးနှံပင်များကို ဖျက်ဆီးသော ပိုးမွှားများကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။ ၂။ အပင်၏ အမြစ်၊ ပင်စည်၊ အရွက်၊ အပွင့် အသီးများကို ကိုက်ဖြတ်၊ ခြစ်စား၊ စုပ်စားသည့် ဒဏ်ရာများတွေ့ရသည်။

၃။ သီးနှံပင်များ အပေါ်တွင် ကိုက်ဖြတ်ဝင်ထွက်သည့် အပေါက်များ၊ ကျစ်စာများ၊ မစင်လုံးများ တွေ့ရမည်။

၄။ သီးနှံပင်၏ ပင်စည်ထဲ ဝင်ရောက်တာ တစ်ပင်လုံး ညှိုးခြောက်၊ အရွက် အခက်များ ပဲကျခြင်းကို တွေ့ရမည်။

၅။ ပိုးဖျက်ဆီးမှု ခံရသော စိုက်ခင်းအား ယူရီးယား ဓာတ်မြေသြဇာကျွေးပါက အပင်များ ပြန်လည် ရှင်သန်လာမည်။ ပြန်လည်ကြီးထွား ရှင်သန်လာသည်။

၆။ ပိုးမွှား မြင်တွေ့က၊ ပင်တွင်းစိမ့်ပြန့်အာနိသင်၊ ထိသေ၊ စားသေ ဆေးအာနိသင်ရှိ ဆေးများဖြင့် ကာကွယ်နှိမ်နင်းပါ။

ရောဂါကျရောက်မှု လက္ခဏာ

၁။ သီးနှံပင်များတွင် ပိုးမွှားမမြင်ရ။

၂။ အပင်၏ အမြစ်၊ ပင်စည်၊ အရွက်များပေါ်တွင် နက်ညို၊ မီးခိုးရောင်အကွက်၊ အပြောက်များ တွေ့ရသည်။

၃။ သီးနှံပင်များပေါ်တွင် ကိုက်ဖြတ်ဝင်ကွက်သည့် ကျစ်စာများ၊ မစင်လုံးများ မတွေ့ရပါ။

၄။ ရောဂါရ အကွက်များ ဆက်စပ်သွားပါက အရွက်ဝါ၊ မဲ၍ကြွေခြင်း၊ တစ်ပင်လုံးညှိုးခြင်း၊ အရည်ထွက်ခြင်း တွေ့ရမည်။

၅။ ယူရီးယား ဓာတ်မြေသြဇာ ကျွေးပါက အပင်များ ရောဂါပိုမို ဆိုးဝါးပြီး အပင်များ သေဆုံးနိုင်သည်။

၆။ ရောဂါဖြစ်ပါက ရောဂါကာကွယ်ဆေးများ မှိုနှင့် ဘက်တီးရီးယား၊ ပိုးသတ်ဆေးများ ရွေးချယ် ပက်ဖျန်းပါ။

အင်းဆက်ဖျက်ပိုးတို့၏ ပါးစပ်အစိတ်အပိုင်းပေါ်မူတည်၍ စားသောက်ဖျက်ဆီးပုံ ကွဲပြားခြားနားမှုကို အောက်ပါ အတိုင်းခွဲခြားမှုကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားပါသည်။

၁။ စုပ်စားပိုး - ပျ၊ ဖြုတ်၊ ဂျပိုးစိမ်း၊ နှံစုပ်ပိုး၊ သရစ်၊ ယင်ဖြူ(ပင်တွင်း စိမ့်ပြန့်အာနိသင်၊ ထိသေ၊ စားသေဆေးနိသင်ရှိ ဆေးများဖြင့် ကာကွယ်နှိမ်နှင်းပါ။

၂။ ကိုက်ဖြတ်ဝါးစားပိုး - လိပ်ပြာ၊ ဖလံ တို့၏ ပိုးလောက်ကောင်များ အတောင်မာကျိုင်းတို့၏ပိုးလောက်ကောင်များ၊ ပုရစ်များ နှံကောင်များ (ထိသေစားသေ အာနိသင်ရှိ ပိုးသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းပါ။

၃။ ခြစ်စား၊ လျက်စားပိုး - လှေး၊ မွှား၊ ဖလံ လိပ်ပြာ တို့၏ အကောင်ငယ်လေးများ (ပင်တွင်း စိမ့်ပြန့် အာနိသင်၊ ထိသေဆေးအာနိသင်ရှိ ဆေးများဖြင့် ကာကွယ်နှိမ်နှင်းပါ။

၄။ ထွင်းဖောက်စားသောပိုး - စပါးဆစ်ပိုး၊ ကြက်သွန်မြိတ်ပိုး၊ သီးလုံး ဖောက်ပိုး။ (ပင်တွင်း စိမ့်ပြန့် အာနိသင်၊ ထိသေ၊ စားသေဆေးအာနိသင်ရှိ ဆေးများဖြင့် ကာကွယ်နှိမ်နင်းပါ။)

ယခုအခါ ​ရောဂါနှင်​့ပိုးကို ဖြစ်​တတ်​​သော သ​ဘောသဘာဝနှင်​့အ​လေ့အကျင်​့များကို​ဖော်​ပြပြိး​နောက်​ ​ရောဂါနှင်​့ပိုးမွှားအတူယှဉ်​တွဲဖြစ်​တတ်​ခြင်​း၊ ပိုးကျ​နေစဉ်​ချိန်​တွင်​း ရာသီဥတု ​ကြောင်​့​သော်​လည်​း​ကောင်​း ​ရေသွင်​း​ရေထုတ်​​ကြောင်​့​သော်​လည်​း​ကောင်​း အပူချိန်​ရုတ်​တရက်​​ပြောင်​းလဲမှု့များ​ကြောင်​့​သော်​လည်​း​ကောင်​း အပင်​တွင်​ ကိုယ်​ခံအားမ​ကောင်​းပါက ​ရောဂါဝင်​ပြီး ပိုးနှင်​့​ရောဂါတပြိုင်​တည်​းဖြစ်​​စေ၊ ပိုးကျပြိး​နောက်​ ပိုး​ကြောင်​့လိုက်​လာ​သော​ရောဂါဖြစ်​​စေ အပင်​တွင်​ ဖြစ်​တတ်​​သော အ​ခြေအ​နေများကိုလည်​း သတိမူသင်​့ပါသည်​။တောင်သူ အကျိုးပြု မိတ်ဆွေးပိုးများ

တောင်သူ အကျိုးပြု မိတ်ဆွေပိုးများကို တွေ့လျှင် ပိုးသတ်ဆေး မဖျန်းပါနှင့်။ ၎င်းမိတ်ဆွေပိုးများမှာ-

၁။ သားရဲကောင်များ- လိပ်ခုံးကျိုင်း၊ ပုရစ်၊ နှံကောင်၊ ပုစဉ်း၊ နဖာချေးပိုး၊ ပင့်ကူ၊ ပျစားယင်၊ ပုရွက်ဆိတ်ကြီးများ။

၂။ ကပ်ပါးပိုးများ - နကျယ်၊ ကပ်ပါးယင်။

ကိုကား-ဘက်စုံသီးနှံ ဖျက်ပိုး ကာကွယ်နှိမ်နင်းနည်း  သင်တန်းမှတ်စု


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်