“ဝါးတူ” အသုံးပြုခြင်း နှင့် ကျန်းမာရေးဆိုးကျိုးများ။

16/01/2018 14:21 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျွန်တော် တို့တွေဟာ လက်နဲ့စားတဲ့ အလေ့အထ၊ဇွန်း ခက်ရင်းနဲ့စားတဲ့ အလေ့အထနည်းတူ (တူ)ကို အသုံးပြုပြီး စားလာကြတဲ့ အလေ့အထပေါ်ပေါက်လာခဲ့တာလည်း အတော်လေးကို ကြာခဲ့ပါပြီ။ လူနေမှု အဆင့်အတန်းလဲ မြင့်စေခဲ့တာလဲ အမှန်ပါပဲ။ (တူ) ကိုအသုံးပြုတဲ့ အခါမှာလည်းတစ်ခါသုံးဝါးတူ အသုံးပြုမှုဟာ အများဆုံးပါပဲ။ ရှမ်းခေါက်ဆွဲဆိုင်၊ ကြေးအိုးဆိုင်တွေမှာ အသုံးပြုရာက စလို့ အခုဆိုရင် ဇွန်းခက်ရင်း အသုံးပြုလေ့ပြုထရှိတဲ့ အသုပ်ဆိုင်လေး တွေမှာပါ တစ်ခါသုံးဝါးတူ ကို အသုံးပြုလာကြတာတွေ့ရပါတယ်။

၀ါးတူကို အသုံးပြုခြင်းရဲ. ဆိုးကျိုးတွေကတော့

(1) - ဝါးပင်ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူမှုနှုန်းမှာ အခြားသော အပင်တွေထက်ပိုမိုစုပ်ယူအားကောင်းတဲ့ အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သမားတစ်ယောက်အနေနဲ့ တူကို မသုံးဖြစ်တဲ့အကြောင်း ပြောလာပါတယ်။သူရဲ.ဆရာသမားတစ်ဦး ပြောဆိုချက်အရ ရန်ကုန်မြို့နဲ. မန္တလေးမြို့ နှစ်ခုပေါင်း တစ်ခါသုံး ဝါးတူသုံးစွဲမှုဟာ တစ်နေ့ကို အစုံပေါင်း 4 သိန်းနီးပါးကျော် ရှိတယ်လို့ပြောပြပါတယ်။ ကျွန်တော်တို့ဟာ ဇွန်းခက်ရင် အသုံးပြုလို့ရရဲ့သားနဲ. မလိုအပ်ဘဲတစ်ခါ သုံးဝါးတူတွေသုံးခဲ့ကြလို့ ဝါးအပင်ပေါင်း ဘယ်လောက်များများကို ဖြုန်းခဲ့ကြပြီးပြီလဲ ဆိုတာပြန်တွေးကြည့်ပြီးလို. သူကပြောပါတယ်။

(2) - ကျန်းမာရေး အတွက်လို့ ဆိုပါတယ်။ လက်ရှိအသုံးပြုနေတဲ့ တစ်ခါသုံးဝါးတူတွေကို ပြည်တွင်းထုတ်နဲ. အိမ်နီးချင်းတရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ ပစ္စည်းတွေကို အသုံးများတယ်လို့ သိရပါတယ်။ အဲဒီ ဝါးတုူတွေကို ထုတ်လုပ်တဲ့အခါမှာ သန့်စင် ကြေးချွတ်ဖို့အတွက် ဓာတုဆေးရည်တစ်မျိုးကို သုံးတယ်။ အဲဒီ ဆေးရည်နဲ. ကြေးချွတ်ပြီးတာနဲ.အခြောက်လှမ်းပြီး ပါကင်ပိတ်၊စျေးကွက် ကို တင်ပို.ကြပါတယ်။ စုပ်ယူမှုအားကောင်းတဲ့ ဝါးဟာ အဲဒီ ဆေးရည်တွေကိုအလွယ်တကူပဲ တစ်ခါသုံးဝါးတူလေးတွေ အတွင်းမှာခိုအောင်း ခွင့်ပြုလိုက်ပါတယ်။ အခြောက် လှန်းပေမယ့်လည်း အဲဒီဓာတုဆေးရည်က ပျောက်မသွားပါဘူး။ နောက်တစ်ချက်က ဝါးတူ မှာပါလာတဲ့.မှိုကလည်း လူကို ဒုက္ခပေးစေပြန်ပါသေးတယ်။ တစ်ခုခုစားတော့မယ်လုပ်တိုင်း အိတ်ထဲက ဝါးတူကိုမဖောက်ရသေးခင်မှာ လက်ဝါးနှစ်ဖက်နဲ. နာနာပတ်ပြီး သုံးတာကလည်း နည်းလမ်းမမှန်ပါဘူးလို. သူကဆိုပါတယ်။

ပွတ်တိုက်မှုအားကြောင့် အပြင်ဘက်မှာ ကပ်နေတဲ့ မှိုတွေထွက်ကျသွားပြီးရင် လူကိုဒုက္ခပေးမဲ့ မှိုတွေပဲကျန်ပါတော့တယ်လို့ဆိုတယ်။ တူ ရဲ့ချိုးပြထားတဲ့ အတွင်းပိုင်မှာလဲ လူကိုဒုက္ခပေးနိုင်တဲ့ ပိုးမွှားများ ကျန်နေသေးတယ်ဆိုတာ အပေါ်က ဓာတ်ပုံမှာ ပြထားပြီးသားဖြစ်မှာပါ။ အစားအသောက်နဲ.အပူဓာတ်နဲ. ထိတွေ.တဲ့အချိန်မှာ ခုနက ဓာတုဆေး ရည်အကြွင်းအကျန်နဲ. လူကိုအန္တရာယ်ပြုမယ့် မှိုတွေဟာ အစားအသောက်ထဲ ဝင်သွားပြီး စားသုံးသူရဲ့ ကျန်းမာရေးကို ဒုက္ခပေးပါတော့တယ်။ ချက်ချင်း လက်ငင်းအနေနဲ.မူးဝေတာ၊ အော့အန်တာတွေ ဖြစ်တက်ပြီး နောက်ပိုင်းမှာတော့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ဒုက္ခပေးပါမယ်လို့ ဆိုပါတယ်။

ဒီအတွက် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပြီး ကျန်းမာရေးအတွက်လည်း ဘယ်လိုမှ ကောင်းကျိုးမပြုနိုင်တဲ့ တစ်ခါသုံး ဝါးတူကို အသုံးပြုမဲ့အစား ဇွန်းခက်ရင်းကို အသုံးမပြုသင့်ဘူးလားဗျ။ တကယ်တော့ အသုံးပြု သင့်တာပေါ့နော့.။ တကယ်လို. တူနဲ.စားသုံးတာကိုပဲ နှစ်ခြိုက်ပါတယ်ဆိုရင်လည်း ကိုယ်ပိုင် စတီး တူလေးတွေ ဆောင်မထား သင့်ပါဘူးလား။ လုံးဝ ဆောင်ထားသင့်တာ ပေါ့နော်။

http://onlinepyadaik.com/profiles/blogs/4021190:BlogPost:581646 မှ ကူးယူဖော်ပြထားပါသည်။

ကိုယ်ပိုင် "တူ" ကို အသုံးပြုခြင်းက သင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။ သစ်တောတွေ ပြုန်းတီးမှုကို လျော့နည်းစေပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းလည်း ဖြစ်ပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်