မြေပဲ အရည်အသွေး ကောင်းမွန်မှုကြောင့် နာမည်ကျော် ဆီစက်များမှ အားထားဝယ်ယူ

19/01/2018 14:08 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ်ထွက် မြေပဲများမှာ အရည်အသွေးကောင်းမွန်မှုကြောင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ နာမည်ကျော် ဆီစက်များမှ တိုက်ရိုက် ဝယ်ယူလာကြောင်း သိရှိရသည်။ နွားထိုးကြီး မြို့နယ်တွင် မြေပဲကို သာမန်အားဖြင့် သုံးကြိမ် စိုက်ပျိုးပြီး မိုးဦးစိုက် မြေပဲ၊ မိုးလယ်စိုက် မြေပဲ၊ ဆောင်းတွင်းစိုက် မြေပဲဟူ၍ စိုက်ပျိုးမှု အပေါ် မူတည်ကာ တစ်နှစ်သုံးကြိမ် အရောင်းအဝယ် ဖြစ်လေ့ရှိသည်။ ဆောင်းတွင်းပိုင်း စိုက်ပျိုးသော မြေပဲမှာ နည်းပါးသည်။

လက်ရှိကာလတွင် မိုးဦးစိုက် မြေပဲများ ပေါ်နေသည့် အတွက် နာမည်ကျော် ဆီစက်များ နွားထိုးကြီးမြို့သို့ တိုက်ရိုက် ဆင်းဝယ် လာကြသည်။ နွားထိုးကြီးမြို့ အနီးတဝိုက်တွင် မြေပဲကို ထန်းဇင်၊ ထန်းကွ၊ စိန်ပန်းကန်၊ ပဲချက်၊ ဝက်လူး၊ တာပယ်၊ ဒေါင့်ဘိုး၊ နဘဲမြစ်၊ ဘုရားကြီး ကျေးရွာများတွင် အဓိက စိုက်ပျိုးပြီး အခြား ကျေးရွာများလည်း စိုက်ပျိုးကြသည်။ အခြားကျေးရွာများကမူ မိုးဦး မြေပဲကို အားထား စိုက်ပျိုးကြသည်။

နွားထိုးကြီး မြို့နယ်တွင် မိုးဦး မြေပဲကို အများအပြား စိုက်ပျိုးကာ လက်ရှိ မြေပဲပေါ်ချိန်တွင် တစ်နေ့လျှင် အိတ်ပေါင်း ၃၀၀၀ ကျော် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ အဓိက အားထား ဝယ်ယူသူများမှာ နာမည်ကျော် ပဲဆီသန့် ရောင်းသည့် ဆီစက်များ ဖြစ်ပြီး လက်ရှိ ပေါက်စျေး အနေဖြင့် ရှယ်စ မြေပဲ တစ်ပိဿလျှင် ကျပ် ၁၇၅၀ ရှိသည်။ နွားထိုးကြီး မြို့နယ်ထွက် မြေပဲများကို ဆီစက်များ အကြိုက်များခြင်းမှာ ပဲဆန်တစ်ပိဿလျှင် ၄၂ ကျပ်သား အထိ ထွက်ရှိခြင်း၊ ဆီအရောင်မှာ နနွင်းရောင် သမ်းပြီး အရောင် ကောင်းမွန်ခြင်း၊ အနံ့ အရသာ ပိုမို ကောင်းမွန်ခြင်း၊ မိုးနည်း ရပ်ဝန်းတွင် ထွက်ရှိသည့်အတွက် ကြာမြင့်စွာ သိုလှောင်ထားနိုင်ခြင်းတို့ကြောင့်ပင် ဖြစ်သည်။ လက်ရှိ ကာလတွင် နွားထိုးကြီး နယ်ထွက် မြေပဲဆန်များမှာ အရည်အသွေး ကောင်းမွန်ခြင်းကြောင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ နာမည်ကျော် ဆီစက်များမှ ကားများဖြင့် တိုက်ရိုက်လာရောက် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

တိမ်တမန်

Source- ၂၀၁၆ အောက်တိုဘာလ ၁၄ရက်ထုတ် ကြေးမုံ သတင်းစာမှ ထုတ်နှုတ် ဖော်ပြသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်