ဝါး (သို့မဟုတ်) ၂၁ ရာစုရဲ့သစ်

24/01/2018 10:14 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျွန်တော့်အိမ်ရှေ့မှာ ကြခတ်ဝါးပင်လေးပင်စိုက်ထားတယ်။ ယခု နှစ်ပတ်လည်မှာ ဝါးရုံက လေး ဖြစ်လာပြီ၊ အခက်ကလေးတွေပေါ်မှာ အရွက်ပါးပါး ချွန်ချွန်ကလေးတွေနဲ့၊ လေထဲမှာ အမြဲလှုပ်ခတ်နေကြတယ်။ သဘာဝပန်းချီဆရာကြီးရဲ့ လက်ရာပေကိုး... ကြခတ်ဝါးဟာ လူအ တွက် အသုံးဝင်မှုတန်ဖိုးအနိမ့်ဆုံးဖြစ်ပါလိမ့်မယ်။ သို့သော် သူ့မှာ အလှတရားတန်ဖိုး ရှိပါ သေးတယ်။

ဝါးပင်တွေဟာ ကျွန်တော်တို့နိုင်ငံအနှံ့အပြားမှာ ပေါက်ရောက်ကြတယ်။ အမျိုးအစားလည်း များ ပြားပါတယ်။ ပညာရှင်များ သုတေသနပြုစုစည်းဖော်ပြချက်အရ ၇၅ မျိုးတောင်တွေ့ရတယ်။ ကျွန်တော့်မွေးရပ်ဌာနေ ရခိုင်ပြည်နယ်အလယ်ပိုင်းမှာ ကျွန်တော်ငယ်ငယ်က ရင်းနှီးကျွမ်းဝင်ခဲ့ တာက ဝါးလေးငါးမျိုးလောက်သာ တွေ့ဖူးပါတယ်။ အဲဒီဝါးမျိုးတွေကတော့ ခရင်ဝါး၊ ဝါးဘိုးဝါး ၊ ဝါးနက်ဝါး၊ ကြသောင်းဝါး၊ ကျိန်ပိုက်ဝါး ခေါ် တင်းဝါး ဒီလောက်ပါပဲ။ အဲဒီထဲမှာ ခရင်ဝါးလို့ ခေါ်တဲ့ဝါးဟာ အပေါများဆုံးပါပဲ။ ဝါးဘိုးဝါးတို့ ဝါးနက်တို့လို ဟိုမှာတစ်စု ဒီမှာတစ်စု စသည် ဖြင့် အရုံလိုက် ပေါက်တာမဟုတ်ဘဲ အတောလိုက်ပေါက်ပါတယ်။ တစ်တောင်လုံး (သို့မဟုတ်) တစ်တောလုံးဟာ ခရင်ဝါးတွေ ချည်းဖြစ်နေတတ်ပါတယ်။ ၁၉၇၀ မတိုင်မီက ကျွန်တော် ရခိုင် ရိုးမကို ကားနဲ့ဖြတ်သွားဖြတ်လာတဲ့အခါ ခရင်ဝါးတောကြီးဟာ နာရီပေါင်းများစွာ ဖြတ်သွားလို့ မပြီးဆုံးနိုင်ပါဘူး။ ရမ်းဗြဲကျွန်းပေါ်က တောင်တွေပေါ်မှာလည်း ရခိုင်ရိုးမလောက်မများပေမဲ့ ခရင်ဝါးတွေရှိခဲ့ပါတယ်။

“ရှိခဲ့ပါတယ်ဆိုတော့ ခုကောရှိသေးရဲ့လား” ကိုယ့် ကိုယ်ကိုယ်ပြန်မေးမိတယ်။

“ရှိတော့ရှိတယ် နည်းတယ်။”

“နည်းတယ်ဆိုတော့ ဘယ်လောက်နည်းတယ် ထင်သလဲ”

တော်တော့်ကို နည်းသွားတယ်ထင်တယ်၊၂၀၁၀ ခုနစ် နွေရာသီမှာပြန်တော့ ရခိုင်ရိုးမတောထဲမှာ အရင်ကလို ခရင်ဝါးတောကြီးတွေကို သတိတောင်မထားမိတော့ဘူး၊
ဆယ်ပုံတစ်ပုံလောက်တောင် ရှိပါဦးမလားပဲ။ အဲဒီတုန်းကအပြန်မှာ တစ်နာရီ မိုင်၄၀၊ ၅၀နှုန်း လောက်နဲ့ ပြေးနေတဲ့ အဝေးပြေးကားပေါ်က မြင်ခဲ့ရတာကတော့ ခရင်းဝါးတောကြီး မဟုတ်ပါ ဘူး။ တောမီးလောင်နေတာပါ။ အဲဒီလောက် အမြန်နှုန်းနဲ့ ပြေးနေတဲ့ကားပေါ်ကတောမီးကို မြင် နေရတာဟာ တစ်နာရီမက ကြာပါတယ်။

ကြောက်ခမန်းလိလိပါပဲ၊ ကျွန်တော်ရင်တုန်ခဲ့မိတယ်။ ဒါကြောင့် ရခိုင်ရိုးမထဲမှာ တောင်ကတုံး တွေ များသွားပါပြီ။

အဲဒီတောင်ကတုံးတွေပေါ်မှာတော့ ငှက်ပျောပင်လိုလို၊ သရက်ပင်လိုလို ဟိုနည်းနည်း ဒီနည်း နည်းတွေ့ရပါတယ်။

ဒါတွေကို ထိန်းသိမ်းစောင့်ရှောက်ရုံမက စနစ်တကျ ပြုစုပျိုးထောင်ပေးရေး တာဝန်ယူလုပ်ကိုင် သူတွေ မရှိလေသလားလို့ တွေးမိပါတယ်။

အင်း..... ဒီ့ပြင်ဝါးတွေအကြောင်း ပြောဦးမယ်။

ဝါးဘိုးဝါးတို့၊ ဝါးနက်တို့၊ ကြသောင်းဝါး တို့ကျတော့ ခရင်းဝါးလို တောအလိုက် ပေါက်ကြတာ မဟုတ်။ အရုံလိုက် ပေါက်ကြတယ်။ ဝါးပိုးဝါးတစ်ရုံဆိုရင် အပင် ၁၀ ပင်၊ ၁၅ ပင် စသည်ဖြင့် အပင်သစ်တွေလည်း နှစ်စဉ်ပေါက် လာတတ်ကြတယ်။ ကုန်သွားတယ်ဆိုတာ မရှိဘူး။

ဝါးတွေထဲမှာ ဝါးဘိုးဝါးဟာ အကြီးဆုံးပါပဲ။ ပေ ၆၀၊ ၇၀၊ ၈၀ အမြင့်ထိရှည်ကြတယ်။ အကြီး ဆုံးဟာ ပေ ၁၀၀ ထိအောင်ရှည်တယ်လို့ သိရတယ်။ လုံးပတ်ကလည်း ကြီးတယ်။ အကြီးဆုံး အပင်ဆိုရင် လုံးပတ် လက်မ ၂၀ လောက်ထိရှိပါတယ်။ ကျွန်တော်တို့ ဒေသအရ ဝါးဘိုးဝါးပြီး ရင် ဝါးနက်က ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ ခရင်းဝါးကတော့ အလုံးသေးပါတယ်။ အရှည်ပေ ၂၀ မှ အများဆုံး ပေ ၃၀ လောက်ရှည်ပါတယ်။

သစ်ပင်တစ်ပင်ကြီးရင့်ဖို့ နှစ် ၆၀ လောက်အချိန် လိုအပ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ဝါး တစ်ပင် ကြီးရင့်ဖို့ဆိုရင် ရက်ပေါင်း ၆၀ ပဲလိုအပ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ဝါးသစ် ပင်ကြီးရင့်ဖို့ဆိုရင် ရက်ပေါင်း ၆၀ ပဲလိုအပ်တယ်လို့ သတ်မှတ်လိုက်ပါတယ်။ ဝါးပင်ရဲ့ ကြီးပြင်း မှု အလွန်မြန်ပါတယ်။ ဧရာမဝါးပင်ကြီးတစ်ပင်ဟာ တစ်နေ့ကို တစ်ပေတောင်ကြီးတယ်လို့ လေ့ လာမှတ်သားကြတယ်။ ဂျားဗားကျွန်းမှာ ဝါးပင်ကြီးတစ်ပင် ကြီးပြင်းနေတာကို ရိုးရိုးမျက်စိနဲ့ ပင် ကြည့်မြင်နိုင်တယ်လို့ သဘာဝလေ့လာရေး ပညာရှင်တွေက ဆိုပါတယ်။

သစ်ပင်တွေဟာ လူသားတွေအတွက် အလွန်တန်ဖိုးရှိတယ်ဆိုတာ အားလုံးသိနေကြပါပြီ။ သစ် ပင်တွေမရှိရင် လူတွေလည်း အသက်ရှင်နိုင်ဖို့ မလွယ်ပါဘူး။ သစ်ပင်တွေဟာ အဖိုးတန်မှန်း သိ လာလေ သစ်ပင်တွေကရတဲ့ သစ်တွေဟာလည်း ဈေးကြီးလေပဲ။ ကျွန်းတို့၊ ပျဉ်းကတိုးတို့ဆိုရင် ဆင်းရဲသားတွေ အနားမသီနိုင်ကြတော့ဘူး။

ဝါးတွေဟာ ယေဘုယျအားဖြင့် မြက်ကြီးအမျိုးအစားထဲမှာပါပြီး ပူအိုက်စိုစွတ်တဲ့ အပူပိုင်းရာသီ ဥတုရှိတဲ့ ဒေသများမှာ ပေါက်ရောက်ကြတယ်လို့ မှတ်ယူကြတယ်။ ဝါးဟာ အပူပိုင်းဒေသက လူ ထုတွေအတွက် အလွန့်အလွန် အရေးကြီးတဲ့ အပင်မျိုးဖြစ်ပါတယ်။ ဝါးကို ဆင်းရဲသားတွေရဲ့ သစ်လို့ပြောကြပါတယ်။ ယခုအခါ သစ်တွေရှားပါးပြီး တန်ဖိုးတက်လာလေ ဆင်းရဲသားတွေအ တွက် ဝါးကို ပိုပြီးအားထားလာရလေပေါ့။

ဝါးဟာ အသုံးဝင်မှုတန်ဖိုးမှာ အလွန်ကြီးမားပါတယ်။ ဝါးကို အသုံးပြုတဲ့ နေရာတွေဟာ ပြောမ ကုန်အောင် များပြားကျယ်ဝန်းလှပါတယ်။ ဒီနေရာမှာတော့ ဝါးအသုံးပြုတဲ့ အဓိကနေရာ အမျိုး အစားတွေကိုသာ ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။

(၁) စားသောက်ကုန်(food stuff)
ဥပမာ - မျှစ်၊ မျှစ်ချဉ်၊ မျှစ်ခြောက်

(၂) ဆောက်လုပ်ရေး(construction)
ဥပမာ - ဝါးတဲ၊ ဝါးအိမ်၊ ဝက်ခြံ၊ ကြက်ခြံ၊ ဝါးတံတား၊ အိမ်ခြံ၊ ဥယျာဉ်ခြံ၊ နှီးဘုရား။

(၃) သယ်ယူပို့ဆောင်ရေး (transportation)
ဥပမာ - ဝါးဖောင်၊ နွားလှည်း၊ ထမ်းစင်၊ လှေကား၊ တံတား

(၄) ေဆး (Medicine)
ဥပမာ - Bamboo Acid
Medicinal tables
Cosmetics, bamboo ash

(၅) လူသုံးကုန်ပစ္စည်း (Commodities)
ဥပမာ - ပရိဘောဂ၊ စက္ကူ၊ ယပ်တောင် ဖျာ၊ တောင်း၊ခြင်း၊ ဦးထုပ်တောင်ဝှေး ၊ ဘီး၊ ပုလွေ၊ ပတ္တလား၊ ငါးမျှားတံ

(၆) ဝါးဖိုင္ဘာ (Bamboo Fibre)
ဥပမာ - စက္ကူပျော့ဖတ်

ယခုဖော်ပြချက်မှာ နမူနာအကြမ်းဖျင်း ဖော်ပြချက်မျှသာဖြစ်ပါတယ်။ ဝါးကို အသုံးပြုနည်း အမြောက်အမြား ရှိပါသေးတယ်။ သဘာဝတရားရဲ့ လက်ဆောင်ဖြစ်တဲ့ဝါးဟာ ဆင်းရဲသားများ အတွက် သစ်၊ ချမ်းသာသူများအတွက်တော့ အဆင်တန်ဆာပါပဲ။ ကျေးလက်ဒေသမှ တောင်သူ လယ်သမားများနှင့် မြို့ပြဒေသက ဆင်းရဲသားတို့ဘဝမှာ လွယ်မယ်မဟုတ်ပါဘူး။ မြို့ကြီး ပြ ကြီးမှာနေထိုင်ကြတဲ့ အထက်အလယ်လူတန်းစားများအတွက် ဝါးသာမရှိလျှင် အလှအပ အဆင် တန်ဆာဖန်တီးမှုများ တေးဂီတအနုပညာ တီထွင်ဆန်းသစ်မှုဘက်တွင်ပါ မပြည့်စုံဖြစ်ကာ ငြီး ငွေ့ခြောက်သွေ့ဖွယ်ဘဝသို့ပင် ရောက်သွားနိုင်ပါတယ်။

ဤမျှအဖိုးတန်လှတဲ့ဝါးကို ဂရုတစိုက်ထိန်းသိမ်းဖို့ဟာ အထူးအရေးကြီးပါတယ်။ ရေလိုပဲ လွယ် လွယ်ကူကူ ရတဲ့ဝါးကို ထိန်းသိမ်းစောင့်ရှောက်ရကောင်းမှန်း မသိရင် ယခုအခါ နေရာတော် တော်များများမှာ ရေစစ်ပွဲသို့ ဦးတည်လာနေသလို ဝါးရှားပါးလို့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးဒုက္ခဆီ သို့ ကျွန်တော်တို့ ရှေးရှုသွားနိုင်ပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ ရှိကြတဲ့ ဝါးရုံတွေ၊ ဝါးတွေကို စနစ်တကျ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။

သစ်ပင်တစ်ပင်ဖြစ်ဖို့ဆိုတာ နှစ်တွေအများကြီး အချိန်ယူရတယ်။ ဝါးတစ်ပင် ဖြစ်ဖို့ဆိုတာ လ ပိုင်းနဲ့ ဖြစ်နိုင်ပါတယ်။ ဝါးပင်ဟာ ကြီးပြင်းနှုန်း အလွန်မြန်တဲ့အတွက် တစ်နှစ်အတွင်းမှာပင် ဝါးပင်ကြီး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သစ်တောပြုန်းတီးမှုတွေ ရှိနေတဲ့နေရာ တောင်ကုန်း တောင်စောင်းတွေမှာ ဝါးပင်တွေကို စိုက်ပျိုးခြင်းဖြင့် ရေကိုထိန်းသိမ်းရာ ရောက်တဲ့အပြင် မြေဆီလွှာ ခန်းခြောက်မှုကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဝါးပင်တွေဟာ ကြီး ပြင်းနှုန်းမြန်ရုံမက ပွားများနှုန်းများလည်း ကောင်းတဲ့အတွက် မိမိတို့လိုသလို အသုံးပြုသွား နိုင် မှာ ဖြစ်ပါတယ်။

၂၀ ရာစု စောစောပိုင်းကလူတွေဟာ သဘာဝသစ်တောထိန်းသိမ်းရေးကို သိပ်သဘောမပေါက် ခဲ့ကြ။ ထိုအခါ လူဦးရေလည်း သိပ်မများသေး၊ မြို့ကြီးပြကြီးတွေကလည်း ခုချိန်ရဲ့ တစ်ဝက် တောင် မရှိသေးတော့ နေရာတကာမှာ တောထူနေခဲ့တယ်။ ဒါကြောင့် သစ်ပင်တွေကို အတား အဆီးမရှိ ခုတ်လာလိုက်ကြတာ ၂၀ ရာစု အကုန်ပိုင်းအရောက်မှာ ကမ္ဘာကြီးပူနွေးမှုတွေ၊ ရာသီ ဥတုဖောက်ပြန်မှုတွေ၊ ရေရှားပါးမှုတွေ ၊ ရေကြီးရေလျှံမှုတွေ၊ မုန်တိုင်းကြီးတွေ ၊ တောမီးလောင် မှုတွေ စတဲ့သဘာဝကပ်ဘေးကြီးတွေနဲ့ တွေ့ကြုံရတော့မှ ပြန်လည်ဆန်းစစ်လာမိကြတယ်။ အဲဒီ တော့မှ သစ်တောတွေ၊ ဝါးတောင်တွေ ပျက်စီးပြုန်းတီးကုန်လို့ဆိုတာ သိရှိပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်ကမ္ဘာလုံး အပူတပြင်း လှုံ့ဆော်လုပ်ကိုင်လာခဲ့ကြတယ်။ သစ်တောပြုစု ပျိုးထောင်ရေးတွေကိုလည်း လုပ်ကိုင်လာကြရတယ်။ 

သို့ပေမဲ့ မြို့ကြီးပြကြီးတွေ ပေါ်ထွန်းလာမှု ၊ မြစ်တွေ၊ ချောင်းတွေကို ဖြတ်ပြီး ဆည်တာတမံတွေ ဆည်ဖို့တာတို့ကြောင့် သစ်တောပြုန်းတီးမှုတွေကိုတော့ ကာကွယ်နိုင်မည်မဟုတ်ပါ။ ဒါကြောင့် ၂၁ ရာစု အလယ်ကိုရောက်ချိန်မှာ သစ်ရှားပါးမှုဟာ ပိုပြီးကြီးမားလာမှာကတော့ မြေကြီး လက် ခက်မလွဲပါ။

ဒီအခြေအနေကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စိုက်ပျိုးရလည်းလွယ် ဖြစ်လည်းဖြစ်လွယ်တဲ့ ဝါးပင် အမျိုးမျိုးကို စိုက်ပျိုးလုပ်ကိုင်လို့ရနိုင်တဲ့ နေရာအားလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး သွား မယ်ဆိုရင် ၂၁ ရာစုအလယ်မှာ ကြုံတွေ့လာရမယ့် သစ်ရှားပါးမှုကို အတိုင်းအတာတစ်ခုထိ အစားထိုး ကာကွယ်သွားနိုင်ကြမှာ ဖြစ်ပါတယ်။

Source - ဝါး သို့မဟုတ် အစိမ်းရောင်ရွှေ