ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ပေးဆပ်လိုက်ရသော တန်ဖိုး

18/01/2018 14:03 PM တွင် May Phyo Wai May Phyo Wai မှ ရေးသား

 

WHO က တစ်နှစ်မှာ ကလေးငယ် ၁.၇သန်းသေဆုံးလျက် ရှိနေတယ်လို့ ပြောပါတယ်။ မသန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ထိစပ်နေရတဲ့ အတွက်ကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် ၄ယောက်မှာ ၁ယောက်ထက် ပိုတဲ့ သေဆုံးမှု  ဖြစ်ပွားရခြင်းမှာ ဖြစ်ပါတယ်။

အိမ်အတွင်း အပြင်လေထု ညစ်ညမ်းခြင်း၊ ဆေးလိပ်ငွေ့များကို ရှှုရှိုက်နေရခြင်း၊ ကိုင်တွယ် သုံးစွဲနေသော ပစ္စည်းများ၏ လုံလောက်သော သန့်ရှင်းရေး မရှိခြင်း၊ တကိုယ်ရည် သန့်ရှင်းရေးဆောင်ရွက်နိုင်မှု မရှိခြင်း စတဲ့ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်နှစ်စဉ် နှစ်တိုင်း ငါးနှစ်အောက် ကလေးငယ် ၁.၇သန်း၏ အသက်ကို နှုတ်ယူလျက် ရှိနေတယ်လို့ WHO ရဲ့ အစီရင်ခံစာ၂စောင်မှာ ဖော်ပြထားပါတယ်။

ပထမ အစီရင်ခံစာ ဖြစ်တဲ့“ Inheriting a Sustainable World: Atlas on Children’s Health and the Environment” မှာဖော်ပြထားတာက အသက် ၁လမှ ၅နှစ် အတွင်း ကလေးငယ်များ သေဆုံးမှု အများဆုံးမှာ ဝမ်းပျက် ဝမ်းလျှော ဖြစ်ခြင်း၊ ငှက်ဖျားနှင့် အဆုတ်ရောင်ရောဂါတို့ကြောင့် ဖြစ်ပါတယ်။

ပတ်ဝန်းကျင် မသန့်ရှင်းမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ဆိုးကျိုးများကို သိရှိ နားလည်အောင် ဆောင်ရွက်ခြင်း ဥပမာအားဖြင့်- ရေကောင်းရေသန့်ကို သုံးစွဲခြင်း၊ သန့်ရှင်းသောလောင်စာကို အသုံးပြုခြင်း စတဲ့ အချက်တွေက ရောဂါများကို ကာကွယ် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

အမိ ဝမ်းတွင်းမှာကတည်းက အန္တရာယ်ရှိသော အရာများနှင့် ထိတွေ့မှုကိုစတင် ဖြစ်ပေါ်နိုင်ပြီး အချိန် မတိုင်မီမွေးဖွားခြင်းကိုလည်း အားပေးစေပါတယ်။ အိမ်တွင်းနှင့် အိမ်ပြင်ရှိလေထု ညစ်ညမ်းမှုကို ထိတွေ့ရခြင်း၊ ဆေးလိပ်ငွေ့များကို ရှုရှိုက်ရခြင်းတို့ကြောင့် မွေးကင်းစ ကလေးငယ်နှင့် မူကြို ကလေးငယ်တွေဟာ ကလေး ဘဝကတည်းက အဆုတ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်လာပြီး ကလေးငယ်၏ ဘဝတစ်လျှောက်လုံးမှာလည်း အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်တဲ့ ပန်းနာ ရင်ကြပ်ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်တက်လျက် ရှိပါတယ်။ ညစ်ညမ်းတဲ့လေထုကို ထိတွေ့ရတဲ့ အတွက်ကြောင့် ကလေးငယ်ရဲ့ ဘဝမှာ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများ ပိုမို ဖြစ်ပွားစေနိုင်ပါတယ်။

(က)၅နှစ်အောက် ကလေးငယ်သေဆုံးမှု အများဆုံး ဖြစ်စေတဲ့ ပတ်ဝန်းကျင် ဆက်စပ်မှုအကြောင်းအရာ၅မျိုး

တွဲဖက် အစီရင်ခံစာ ဖြစ်တဲ့ “ Don’t pollute my future” The impact of the environment on children’s health တွင် ပတ်ဝန်းကျင်ဟာ ကလေးငယ်တွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိကြောင်းကိုသေသေ ချာချာ သုံးသပ်ထားပြီး စိန်ခေါ်မှုများကိုလည်းဖော်ပြထားပါတယ်။

(၁) နှစ်စဉ် နှစ်တိုင်း ၅နှစ်အောက် ကလေးငယ် ၅၇၀,၀၀၀ယောက်ဟာ အိမ်တွင်း အိမ်ပြင်ရှိ မသန့်ရှင်းသောလေထု နှင့်ဆေးလိပ်ငွေ့များကြောင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ ဝင်ရောက်မှု ဥပမာ- အဆုတ်ရောင်ရောဂါဖြစ်ပွားကာသေဆုံးလျက် ရှိပါတယ်။

(၂) ၅နှစ်အောက် ကလေးငယ် ၃၆၁,၀၀၀ယောက်ဟာ သန့်ရှင်းသောရေကို မသုံးစွဲရခြင်း၊ အသုံးအဆောင် ပစ္စည်းများ သန့်ရှင်းမှု မရှိခြင်း၊ တကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းတို့ကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွား ကာသေဆုံးလျက် ရှိပါတယ်။

(၃) ကလေးငယ် ၂၇၀၀၀၀ယောက်ဟာ  မွေးဖွားပြီး တစ်လတွင်းမှာပင် သေဆုံးလျက် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ် တားဆီးနိုင်တဲ့ အရာတွေ ဖြစ်တဲ့ သန့်ရှင်းသောရေကို သုံးစွဲခြင်း၊ အသုံးအဆောင် ပစ္စည်းများ သန့်ရှင်းအောင်ဆောင်ရွက်ခြင်းနဲ့ ကျန်းမာရေးသုံး ပစ္စည်းများ သန့်ရှင်းစွာ ကိုင်တွယ် သုံးစွဲနိုင်ခြင်း စတာတွေကို မလုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

(၄) ၅နှစ်အောက် ကလေးငယ်၂၀၀,၀၀၀ယောက်သည် ငှက်ဖျားပိုးကြောင့် သေဆုံးလျက် ရှိပါတယ်။ ခြင်ပေါက်ပွားရာ နေရာများကို သန့်ရှင်းအောင် ထားခြင်း နှင့်သောက်သုံးရေများကို ဖုံးအုပ်ထားခြင်းတွေ လုပ်နိုင်မယ်ဆို ရောဂါများကို ကာကွယ် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

(၅) ၅နှစ်အောက် ကလေးငယ်၂၀၀၀၀၀ယောက်ဟာ အဆိပ်သင့်ခြင်း၊ အမြင့်မှ ပြုတ်ကျခြင်း နှင့်ရေနစ်ခြင်းစတဲ့ ထိခိုက်မှုများကြောင့်လည်း သေဆုံးလျက် ရှိပါတယ်။

(ခ) ပတ်ဝန်းကျင်သည် ကလေးငယ်တွေရဲ့ ကျန်းမာရေးအား ခြိမ်းခြောက်နေမှုများ

Dr. Maria Neira, WHO Director, Department of Public Health, Environmental and Social Departmants of Healthက ညစ်ညမ်းသော ပတ်ဝန်းကျင်သည် ကျွန်ုပ်တို့၏ ကလေးများအား ကြီးမားသောပေးဆပ်မှုကို ဖြစ်စေတယ်လို့ ပြောပါတယ်။ ကျန်းမာရေးကို ထိခိုက်စေသော ပတ်ဝန်းကျင် ပြဿနာများအား ဖယ်ရှားစေရေးတွင် ရင်းနှီး မြှုပ်နှံမှု ဥပမာအားဖြင့်- ရေ၏ အရည်အသွေးကို မြင့်စေခြင်း (သို့) သန့်ရှင်းသောလောင်စာများကို သုံးစွဲစေခြင်းဟာကြီးမားလှတဲ့ ကျန်းမာရေးဆိုင်ရာ  အကျိုးကျေးဇူးများကို ပေးလိမ့်မယ်လို့ ဆိုပါတယ်။

ဥပမာ အားဖြင့်- လျှပ်စစ်နှင့် လျှပ်စစ် စွန့်ပစ် ပစ္စည်းများကဲ့သို့ ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေသောအရာများ ဖွံဖြိုးလာခြင်းသည် ကလေးများအား အဆိပ်များနှင့် ထိတွေ့စေပြီး မှတ်ဉာဏ် လျှော့နည်းစေခြင်း၊ အာရုံ စူးစိုက်မှု အားနည်းခြင်း၊ အဆုတ် ထိခိုက်ခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်ပါတယ်။ လျှပ်စစ် ပစ္စည်းမျိုးဆက်များနှင့် စွန့်ပစ် ပစ္စည်းတွေဟာ ၀၁၄နှင့်၂၀၁၈ကြားတွင် ၁၉% ထိ မြင့်တက်လာပြီး ၂၀၁၈ခုနှစ်တွင် မက်ထရစ်တန် သန်း၅၀ထိ ရှိလာလိမ့်မည်ဟု ခန့်မှန်းထားပါတယ်။

ရာသီဥတု ပြောင်းလဲခြင်းများကြောင့် အပူချိန်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု မြင့်တက်လာကာ ဝတ်မှုန်များ ဖြစ်ပေါ်မှုကို အားပေးလျက်ရှိခြင်းနှင့် ကလေးငယ်များတွင် ပန်းနာရင်ကြပ်ရောဂါများ ပိုမို ဖြစ်ပွားလျက်ရှိခြင်းတွေဟာ ဆက်စပ်မှု ရှိနေပါတယ်။ တစ်ကမ္ဘာလုံးတွင် အသက်ငါးနှစ်နှင့် အထက် ကလေးငယ်များ၏ ၁၁% မှ၁၄% တွင် ပန်းနာရင်ကြပ်ရောဂါ လက္ခဏာများ ကိုတွေ့ရှိရပြီး ၎င်းတို့၏ ၄၄% သည် ပတ်ဝန်းကျင် ထိတွေ့မှုနှင့် ဆက်စပ်လျက် ရှိပါတယ်။ လေထု ညစ်ညမ်းခြင်း၊ ဆေးလိပ်ငွေ့များကို ရှုရှိုက်ရခြင်း အိမ်တွင်းရှိ မှိုများနှင့် စိုထိုင်းမှုတွေဟာ ကလေးငယ်များကိုပန်းနာ ရင်ကြပ်ရောဂါပိုမို ဆိုးဝါးစေပါတယ်။

သန့်ရှင်းသောရေနှင့် သန့်ရှင်းသော ပစ္စည်းများကို သုံးစွဲခြင်းမှုမရှိတဲ့ အိမ်များ သို့မဟုတ် မီးသွေးနှင့် နွားချေးခြောက် ကဲ့သို့သော ပစ္စည်းများကို ချက်ပြုတ်ရာတွင်လောင်စာ အဖြစ် သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော မီးခိုးများ ရှိနေသော အိမ်များမှာ နေတဲ့ကလေးတွေဟာ ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားနိုင်ချေ မြင့်လျက် ရှိပါတယ်။

ကလေးများသည် ၎င်းတို့ ပတ်ဝန်းကျင်ရှိ အန္တရာယ် ဖြစ်စေတဲ့ ဓာတု ပစ္စည်းများ ပါဝင်သော အစားအစာ၊ ရေ၊ လေနှင့်  ပစ္စည်းများကို ထိတွေ့ ကိုင်တွယ်ရလျက် ရှိပါတယ်။ ဖလူအိုရိုက်၊ ခဲနှင့် ပြဒါး ပါဝင်သော ပိုးသတ်ဆေးများ၊ မပြိုကွဲနိုင်သော အော်ဂဲနစ် ပစ္စည်းများနှင့် အခြား ကုန်ထုတ် ပစ္စည်းတွေဟာ အစာ ကွင်းဆက်အတွင်းသို့ ဝင်ရောက် သွားနိုင်ပါတယ်။ ထို့အပြင် ခဲပါဝင်သောလောင်စာဆီများအား ပုံစံပြောင်းလဲ ထုတ်လုပ်ရန် နိုင်ငံများ အားလုံးမှာ ဆောင်ရွက်နေစဉ်ကတည်းက ခဲသည် အိမ်သုတ်ဆေးများတွင် ပျံ့နှံ့နေဆဲ ဖြစ်ပြီး ၎င်းဟာ ဦးနှောက် ကြီးထွားမှုကို ထိခိုက်စေပါတယ်။

(ဂ) ကလေးများအတွက် လုံခြုံ စိတ်ချရသောနေရာများ ဖန်တီးခြင်း

အိမ်တွင်း အိမ်ပြင်ရှိ လေထု ညစ်ညမ်းမှုကို လျော့ချရပါမယ်။သန့်ရှင်းသောရေကို သုံးစွဲရမယ်။ အသုံးဆောင်ပစ္စည်းများနှင့် တကိုယ်ရည် သန့်ရှင်းမှု (မိခင်များ ကလေးမွေးဖွား ရာနေရာမှာ အသုံးပြုသော ကျန်းမာရေး ပစ္စည်းများ အပါအဝင်) ကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရမည်။ ကိုယ်ဝန်ဆောင် မိခင်များ ကိုဆေးလိပ်ငွေ့များ မရှုမိစေရန် ကာကွယ်ရမယ်။ စိတ်ချကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးကာ ကလေးငယ်များရဲ့သေဆုံးမှု နှင့်ရောဂါများမှ ကင်းဝေးစေရန် ဆောင်ရွက်ရမယ်။

ဥပမာအားဖြင့်- အစိုးရ ဌာနများ ပူးပေါင်းကာ အတူတကွ ဆောင်ရွက်ခြင်းဖြင့် အောက်ပါ အခြေနေများ တိုးတက်လာမှာ ဖြစ်ပါတယ်။

(က) နေအိမ်များ        အပူပေးခြင်းနှင့် ချက်ပြုတ်ရာတွင် သန့်ရှင်းသောလောင်စာများကို သုံးစွဲရန်၊  မှိုနှင့်ပိုးမွှားများ မရှိစေရန်၊ စိတ်မချရသော အိမ်တည်ဆောက် ပစ္စည်းများ၊ ခဲပါဝင်သော အိမ်သုတ်ဆေးများကို ဖယ်ရှားရန်။

(ခ) ကျောင်းများ        သန့်ရှင်းသော အသုံးဆောင်များနှင့် တကိုယ်ရည် ကျန်းမာရေး အတွက် လိုအပ်သည်များကို ပံ့ပိုးပေးရန်၊ အသံ ဆူညံမှုများမှ ကင်းဝေးအောင်ဆောင်ရွက်ရန်၊ ကောင်းသောအာဟာရများကိုထောက်ပံ့ရန်။

(ဂ) ကျန်းမာရေး အထောက်အကူ ဖြစ်စေတဲ့ သန့်ရှင်းသောရေကို သုံးစွဲရန်၊သန့်ရှင်းသော အသုံးဆောင်များနှင့် သင့်တော်သော လျှပ်စစ်မီးများ ရရှိစေရန်။

(ဃ) မြို့ပြ တည်ဆောက်ရေး  စိမ်းလန်းသောနေရာများကို ပိုမို ထည့်သွင်းဆောင်ရွက်ရန်၊ လွတ်လပ်စွာ လမ်းလျှောက်နိုင်သော နေရာများ စက်ဘီးစီးနိုင်သော လမ်းများ ထည့်သွင်းဆောင်ရွက်ရန်။

(င) လမ်းပန်း ဆက်သွယ်ရေး  ကာဗွန် ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် လူထုသွားလာ အသုံးပြုနိုင်သော လမ်းပန်း ဆက်သွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ရန်။

(စ) စိုက်ပျိုးရေးတွင် အန္တရာယ်ရှိသော ပိုးသတ်ဆေးများ သုံးစွဲမှုလျှော့ချရန်နှင့် ကလေးလုပ်သား အသုံးမပြုရန်။

(ဆ) စက်မှု အဆိပ်ရှိ ပစ္စည်းများ ပါဝင်နေသော စွန့်ပစ် ပစ္စည်းများအားသေချာစွာ စီမံဆောင်ရွက်ရန်၊ အန္တရယ်ရှိသော ဓာတုပစ္စည်းများ သုံးစွဲမှုကိုလျှော့ချရန်။

(ဇ) ကျန်းမာရေးကဏ္ဍ ရရှိလာသော ကျန်းမာရေး အခြေအနေများအားစောင့်ကြည့်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး အသိပညာပေးရန်နှင့် ကာကွယ် တားဆီးရန်။

ရေရှည် တည်တံ့သော ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင်(SDGs) အရ နိုင်ငံများသည် ကလေးငယ်များ၏ ပတ်ဝန်းဆိုင်ရာ ကျန်းမာရေးအတွက် လမ်းညွှန်မှုများ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ ထို့အပြင်မွေးကင်းစနှင့် ငါးနှစ်အောက် ကလေးငယ်များ၏် ကာကွယ် တားဆီးနိုင်သောရောဂါများဖြင့်သေဆုံးမှုကို ၂၀၃၀ ခုနှစ်တွင် ရပ်တန့်စေရန်ဆောင်ရွက်လျက် ရှိပါတယ်။

SDG 3 ၏ လူထု အားလုံး ကျန်းမာကောင်းမွန်စွာနေထိုင်ရေး ရည်မှန်းချက် အပြင် အခြားသော SDG ရည်မှန်းချက်မှာရေ အရည်အသွေးကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန်နှင့် သန့်ရှင်းရေး၊သန့်ရှင်းရေး သုံးပစ္စည်းများ၊ သန့်ရှင်းသော စွမ်းအင်များကို သုံးစွဲခြင်းဖြင့်လေထု ညစ်ညမ်းမှုကိုလျော့ချရန်နှင့် ရာသီဥတုပြောင်းလဲခြင်းကို တွန်းလှန်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ထိုအချက်များ အားလုံးဟာ ကလေးငယ်များရဲ့ ကျန်းမာရေးကို သက်ရောက်မှု ရှိစေပါတယ်။

မေဖြိုးဝေ

ကိုးကား- http://who.int/mediacentre/news/releases/2017/pollution-child-death/en/


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်