အသားအရေနှင့် ဆံသားအတွက် ဥနီအဆီရဲ့အသုံးဝင်ပုံ

02/01/2020 12:00 PM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဥနီအဆီဟာ လူသားတို့အတွက် ဘယ်လိုတွေ အသုံးဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မသိခဲ့ကြပါဘူး။ ဥနီအဆီဟာ လူသားတို့၏ ဇီဝကမ္မဖြစ်စဉ်နှင့် အနာရောဂါများအတွက် အလွန်အကျိုးရှိပါတယ်။ ဒါ့အပြင် အသားအရေခြောက်သွေ့မှုကို လျော့နည်းစေပြီး အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးခြင်း၊ ဆံသားဦးရေအတွက်လည်း အသုံးပြုနိုင်သည်။ ဥနီအဆီကို တစ်မျိုးတည်းအသုံးပြုနိုင်သလို တခြားသော ပစ္စည်းများမှရရှိသော အဆီများနှင့်လည်းတွဲ၍ ပြုလုပ်နိုင်ပါတယ်။

လူသားတို့အရေပြားအတွက် ဥနီအဆီရဲ့အရေးပါပုံ

ဥနီအဆီဟာ လူသားတို့၏ အရေပြားအတွင်းပိုင်းအတွက် လိုအပ်သောဓာတ်များကို ပြန်လည်ဖြည့်ပေးနိုင်သော အဆီတစ်မျိုးဖြစ်ပါတယ်။ နေရောင်ခံခြင်းကြောင့် အရေပြားအတွင်း အစိုဓာတ်ထိန်းသိမ်းမှုဆုံးရှုံးခြင်းကို ၎င်းအဆီအားအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဥနီအဆီကို များစွာသောအလှကုန်ပစ္စည်းများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သလို ၎င်းအဆီဟာ အရေပြားပေါ်ရှိတစ်သျှူးများနူးညံ့စေရန် အသုံးဝင်ပါသေးတယ်။ ဥနီအဆီဟာအရေပြားပေါ်တွင်ပေါက်သော နှင်းခူနာနှင့် တခြားသော အရေပြားပြဿနာများကို ကုသနိုင်ပါတယ်။

ဥနီအဆီရဲ့အစွမ်းကတော့အရေပြားကို စိုပြေဝင်းလက်စေခြင်း၊ အရေပြားကို နုပျိုစေခြင်းနှင့် အရေပြားတွင်အတွန့်အကြေကြောင်းများဖြစ်ပေါ်ခြင်းကို ကာကွယ်ဟန့်တားနိုင်သည်။ ၎င်းအဆီသည် အာဟာရဓာတ်များစွာပါဝင်နေခြင်းကြောင့် အရေပြားရောဂါနှင့် အနာရောဂါများကို ပျောက်ကင်းစေနိုင်သည်။

ဥနီအဆီတွင် ဗိုက်တာမင် အေ၊ အန်တီအောက်စီဒန့်ဓါတ်နှင့် ရောင်ခြယ်ပစ္စည်းများ များစွာပါဝင်ပါတယ်။ ဒါ့အပြင် ပျော်ဝင်မှုများသော ဗိုက်တင်မင်အီးလည်းပါဝင်ပြီး ဥနီအဆီဟာ မရှိမဖြစ်လိုအပ်သော သံလွင်ဆီတစ်မျိုးဖြစ်ပါတယ်။ လူသားတို့၏ အရေပြားတိုင်းအတွက် အသုံးဝင်ပါသည်။

ဆံသားအတွက်လည်းအလွန်အသုံးဝင်

ဥနီအဆီတွင် ဗိုက်တာမင်အေနှင့် ဗိုက်တာမင်အီးပါဝင်မှုကြောင့် အသားရေကဲ့သို့ ဆံသားအတွက်လည်း အကျိုးရှိပါတယ်။ ၎င်းတို့ပါဝင်ခြင်းဟာ ဆံသားကြီးထွားခြင်းကို ကူညီစေပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ၎င်းအဆီကို ပုံမုန်အသုံးပြုခြင်းအားဖြင့် ဆံသားကို ကောင်းမွန်သန်စွမ်းစေပြီး မဲနက်စေပါတယ်။ ဥနီအဆီဟာအရေပြားနှင့် ဆံသားအတွက် ထူးကဲသောအစိုဓာတ်ကို ရရှိစေသည်။

ဆံပင်ကိုပြုပြင်သော ဆေးရည်အဖြစ် ဥနီအဆီကို အသုံးပြုနိုင်ပြီး ဆံသား (ဦးရေပြား)ကို ကောင်းမွန်စေရန် အသုံးပြုသင့်သော အဆီတစ်မျိုးဖြစ်ပါသည်။

၎င်းအဆီကို ကိုယ်တိုင်ပြုလုပ်လိုလျှင် -

  • ဥနီအဆီ

  • နွားနို့

  • ပျားရည်

အထက်ပါပစ္စည်းများကိုရောစပ်၍ ခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ခေါင်းလျှော်ရည်တစ်မျိုးမျိုး အသုံးပြုခြင်းဖြင့် ဦးရေကိုအေးမြစေပြီး ဆံသားပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။

ထိုသို့ အသုံးပြုရာတွင်လည်း တန်ဆေးလွန်ဘေးဆိုသည်အတိုင်း သင့်တင့်မျှတစွာအသုံးပြုရန် လိုအပ်ပါတယ်။ တခြားသော အဆီများနှင့် တွဲသုံး၍ အရေပြားပြဿနာ အမျိုးမျိုးတို့ကို ကာကွယ်ဟန့်တားနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဘယ်လိုအသုံးဝင်တယ်ဆိုတာကို ဆက်လက်တင်ပြပေးပါအုံးမည်။

လင်းလင်းထွန်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်