ကြို့ထိုးတာ မြန်မြန်ပျောက်အောင်

09/11/2021 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ကျွန်တော်တို့တွေအားလုံး ကြို့ထိုးခြင်းကို ခံစားဖူးကြပါလိမ့်မယ်။ တချို့အရပ်တွေမှာ ကြို့ထိုးတာကို ကြက်ဥခိုးတယ်လို့လည်းခေါ်ကြပါတယ်။

    ကြို့ထိုးခြင်းကို ဆေးပညာအရ Hiccups လို့ခေါ်ပါတယ်။ ကြို့ထိုးတယ်ဆိုတာဟာ ရင်ဘတ်နဲ့ဝမ်းဗိုက်ကိုခြားထားသော ရင်ဝမ်းခြားကြွက်သား(Diaphragm)ဟာ အကြောင်းကြောင်းကြောင့် ရုတ်တရက် အလိုအလျောက်တအားကျုံ့ညှစ်လို့ဖြစ်တာပါ။ ပုံမှန်မှာလည်း အသက်ရှူသွင်းရှူထုတ်နဲ့လိုက်ပြီး ရင်ဝမ်းခြားကြွက်သားက အကျုံ့အဆန့်လုပ်ပါတယ်။

ဒီလို ရင်ဝမ်းခြားကြွက်သား ရုတ်တရက် အလိုအလျောက် တအားကျုံ့ညှစ်တဲ့အခါမှာ လည်ပင်းထဲက လေပြွန်ရှိ အသံကြိုးနှစ်ချောင်း(Vocal cords)ကို ပူးကပ်သွားစေတဲ့အတွက် “hic”(အစ် သို့မဟုတ် ဟစ်) ဆိုတဲ့ ကြို့ထိုးသံထွက်လာရခြင်းဖြစ်ပါတယ်။

ကြို့ထိုးခြင်းကိုဖြစ်စေတဲ့ အကြောင်းတွေကတော့

  • အစားအသောက်စားတဲ့အခါ စကားပြောရင်းစားတာ၊ အလျင်စလိုစားတာတွေကြောင့် စားလိုက်တဲ့အစာနဲ့အတူ လေတွေပါမျိုချမိတာ
  • အရက်အလွန်အကျွံ့သောက်တာ၊ ကာဗွန်ပါသော အချိုရည်များကို အလွန်အကျွံသောက်တာ
  • အဆီများတဲ့အစားစာ၊ အစပ်လွန်ကဲတဲ့အစားစာတွေကို အလွန်အကျွံစားမိတာ
  • အကြောက်လွန်တာ၊ စိုးရိမ်ပူပန်မှုလွန်ကဲတာ
  • တအား ဟက်ဟက်ပက်ပက်ရယ်မိတာ၊ ရှိုက်ကြီးတငင်ငိုမိတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။

    ဒါတွေအပြင် ကျောက်ကပ်မကောင်းတာ၊ လေဖြတ်တာ၊ ဦးနှောက်အမြှေးရောင်တာ စတဲ့ရောဂါတွေကြောင့်လည်း ကြို့ထိုးခြင်းဖြစ်နိုင်ပါတယ်။

    ကြို့ထိုးခြင်းဟာ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ ကလေးငယ်လေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

    ကြို့ထိုးခြင်းဖြစ်တဲ့အခါ အများအားဖြင့် မိနစ်ပိုင်းလောက် ခဏပဲဖြစ်လေ့ရှိပြီး သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပါတယ်။ ဒီလိုမျိုး ခဏပဲဖြစ်ပြီး ပျောက်တဲ့ကြို့ထိုးခြင်းက မစိုးရိမ်ပါဘူး။

    သို့သော် ကြို့ထိုးခြင်းဟာ ၂ ရက်နဲ့အထက် (၄၈နာရီ) ကြာနေရင် သို့မဟုတ် မကြာခဏဆိုသလိုပြန်ပြန်ဖြစ်နေရင်တော့ စမ်းသပ်စစ်ဆေးကြည့်ဖို့လိုတဲ့အတွက် နီးစပ်ရာဆေးရုံ ဆေးခန်းပြသင့်ပါတယ်။

ကြို့ထိုးနေစဉ်မှာ ကြို့ထိုးတာသက်သာအောင်

  • ရေတဖန်ခွက်ကို အသက်ရှူအောင့်ပြီး တကျိုက်ထဲမော့သောက်တာ
  • ပလတ်စတစ်အိတ် သို့မဟုတ် စက္ကူအိတ်တလုံး ခေါင်းစွပ်ကာ လည်ပင်းနေရာမှာ အိတ်ကို ကိုယ့်လက်နဲ့ကိုယ် စုကိုင်ထားပြီး အသက်ရှုသွင်းရှုထုတ်လုပ်တာ
  • ဗီနီဂါ(Vinegar) ရှာလကာအရည်ကို နှာခေါင်းထဲထည့်တာ
  • အချိုစားတာ
  • ရေခဲတုံးဝါးစားတာ၊ လျှာပေါ်တင်ထားတာ
  • ပခုံးကြွက်သားကိုနှိပ်နယ်ပေးတာ
  • ထိတ်လန့်အောင်ခြောက်လှန့်တာ
  • လျှာကို ပါးစပ်အပြင်ထုတ်ပြီး လက်နဲ့ဆွဲထားတာ
  • မျက်လုံးမှိတ်ထားပြီး မျက်ခွံပေါ်ကနေ လက်နဲ့ ခပ်ဖွဖွလေးနှိပ်ပေးတာ
  • အဲယားအိတ်၊ ခရစ်မက်အက်စ်၊ ဒိုင်ဂျင်း စတဲ့လေဆေးတခုခုတိုက်တာ စတဲ့ နည်းတွေသုံးနိုင်ပါတယ်။

    သို့သော် အဲ့ဒီနည်းတွေက လူကြီးတွေ၊ အသက်ကြီးတဲ့ကလေးကြီးတွေမှာပဲ သုံးလို့ရပါတယ်။ နို့စို့ကလေးငယ်တွေ၊ အသက်ငယ်သေးတဲ့ကလေးတွေမှာဆိုရင်တော့ မသုံးရပါ။ အန္တရာယ်ရှိနိုင်ပါတယ်။

    တချို့အရပ်ဒေသတွေမှာ နို့စို့ကလေးငယ်တွေ ကြို့ထိုးတဲ့အခါ ကလေးငယ်ကိုရေတိုက်တာ၊ နနွင်း၊ သနပ်ခါး၊ လက်ဖက် အစရှိတဲ့အရာတွေကို ကလေးငယ်ပါးစပ်ထဲထည့်ခွံ့တာ၊ ထိတ်လန့်အောင်လုပ်ရင် ကြို့ထိုးတာပျောက်နိုင်တယ်ဆိုပြီး ကလေးငယ်ကို ခြောက်တာ၊ ရိုက်တာ၊ ကိုင်လှုပ်တာတွေ လုပ်ကြလေ့ရှိပါတယ်။ ဒါတွေဟာမှားယွင်းတဲ့အပြုအမူတွေပါ။

    အဲ့လိုတွေလုပ်တာဟာ ကလေးငယ်ကို အသက်ဆုံးရှုံးသည်အထိ ဘေးအန္တရာယ်ဖြစ်စေတတ်တဲ့အတွက် လုံးဝမလုပ်ရပါ။

နို့စို့ကလေးငယ်တွေမှာ ကြို့ထိုးရင်

    ကလေးကျောလေးကို လက်ဖြင့် အသာအယာပုတ်ပေးပါ။ ချိုလိမ်စုပ်ခိုင်းပါ။ ဒီလိုလုပ်လို့မှမသက်သာရင် ကလေးကျွမ်းကျင်ဆရာဝန်နဲ့ပြသပါ။

Dr. 528

Source _ On Doctor


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်