အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခရမ်းချဉ် ရွက်လိပ် leaf roll ပြဿနာ

ခရမ်းချဉ် ရွက်လိပ် leaf roll ပြဿနာ

Khant Zaw Htet
Khant Zaw Htet • Greenovator • 31/01/2018

ခရမ်းချဉ် ရွက်လိပ်ပြသနာဟာ ရက်ပိုင်း တစ်ပါတ် ဆယ်ရက် အပူပိုင်းမြင့်ချိန်မှာ ဖြစ်တတ်ပါတယ်။ ကာလအား ဖြင့် မရှည်ကြာပေမယ့် အပင်ကြီးထွားမှု အသီးအရည်အသွေး အသီးတင်မှု အထွက်နှုန်းကို ထိခိုက်စေပါတယ်။ အရွက်အောက်ပိုင်းကနေ အပေါ်ဘက်ကို လိပ်ပြီးခွက်ဝင်ပြီး ကြာလာရင် အပေါ်ဘက်အထိ လိုက်သွားတတ် ပါတယ်။ ဘာမှိုဆေး ပိုးသတ်ဆေးမှ ထိရောက်တဲ့ ပြသနာမဟုတ်ပါဘူး။ အပူပိုင်းဇုန်ဖြစ်တဲ့ မကွေး၊ မန္တလေး၊ ပဲခူး စတဲ့ ဒေသတွေမှာ ဇွန်၊ ဇူလိုင်လတွေမှာ အဖြစ်များလှပါတယ်။ အပူဒဏ်ခံတဲ့ hybrid မျိုးတွေနဲ့ ထိန်းသိမ်း နိုင်သလို မိမိစိုက်ခင်း ပတ်ဝန်းကျင်အပူချိန်ညှိပေးမယ် စိုက်စနစ် ဂရုစိုက်ပေးမယ်ဆိုရင် အခုပြသနာကို ကျော်လွှားနိုင်ပါလိမ့်မယ်။

စိုက်စနစ်မှာ ခရမ်းချဉ် ကြားကိုင်းပယ်တာများရင် အပင်ပိုင်းက အားနည်းသွား ပါတယ်။ အဲ့လိုအချိန်မှာ အပူချိန်မြင့်မားလွန်းလာလျှင် ရွက်လိပ်ပြသနာ ဝင်တတ်သလို မြေတွင်းစိုထိုင်းဆ ခန်းခြောက်လာရင်လည်း ဒီပြသနာက ကျော်လွှားလို့ မရပါဘူး။ စိုက်ခင်းမြေကြီး အစိုဓာတ်ပမာဏ အပေါ်ယံ မြေလွှာ အစိုဓာတ် တစ်လက်မခန့် နေ့စဉ်ရှိနေဖို့ အထူးလိုအပ်သလို နံနက်ပိုင်း ရေသွင်းပေးခြင်းဟာလည်း အရေး ပါလှပါတယ်။ နောက်တစ်ချက်က အပေါ်မှာ ရေးထားသလို ကြားကိုင်းဖယ်ခြင်း အတက်ဖဲ့ခြင်းကို အနည်း အကျဉ်း မဖြစ်မနေကိုင်းတွေသာ ဖဲ့ထားသင့်ပါတယ်။

အပူချိန်မြင့်မားချိန်မှာ ပြသနာတစ်ခုဖြစ်တဲ့ ဝတ်မှုန်ကူး မအောင်တာ မဖြစ်စေဖို့အတွက် မြေပြင်စဉ်ထဲက ထုံးထည့်ပေးထားခြင်း၊ အားဆေးတွေမှာ ကယ်လစီယမ်-ဘိုရွန် အတွဲကို အထူးအသုံးပြုပေးဖို့လိုပါတယ်။ အပင် ရာသီဒဏ် ပိုခံနိုင်အောင် နိုင်ထရိုဂျင် N နဲ့ ပိုတက်စီယမ် K ကို ရောစပ်ကျွေးသင့်သလို စီလီကာပါတဲ့ မြေသြဇာ အားဆေးကို ရှာဖွေ အသုံးပြုသင့်ပါတယ်။ အမြစ်ထွက်နှုန်း ကောင်းဖို့ကိုလည်း ဂရုစိုက်ထားသင့်ပါတယ်။

Khant Zaw Htet

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)

You

ဆက်စပ်မေးခွန်းများ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 5 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။