ဥယျာဉ်ခြံများမှာကျရောက်လေ့ရှိသော ဖျက်ပိုးများကျရောက်မှုကို တားဆီးကာကွယ်ပေးနိုင်တဲ့ အပင်များအကြောင်း

25/01/2022 10:30 AM တွင် နန်းအောင် နန်းအောင် မှ ရေးသား

ဥယျာဉ်ခြံပိုင်ရှင်တစ်ယောက်ရဲ့ အိမ်မက်ဟာဆိုရင် သူ့ရဲ့ခြံကို အချိန်တိုင်းကိုယ်တိုင်ကိုယ်ကျ သေချာပြုစုပျိုးထောင်ဂရုစိုက်ပေးနေရရင် ကျေနပ်နေကြတာပါပဲ။ ဒါပေမဲ့ အဲ့လိုအချိန်ပေးဖို့ဆိုတာ တော်တော်များများ မဖြစ်နိုင်ပါဘူး။ အိမ်မက်တစ်ခုသာသာပဲ။ ခြံတစ်ခုမှာ ဘယ်လောက်ထိလုပ်စရာများပြီး ဂရုတစိုက်ပြုစု ပျိုးထောင်ရသလဲဆိုတာကတော့ ဥယျာဉ်ခြံသမားတွေအသိဆုံးပါ။ အထူးသဖြင့် အင်းဆက်ပိုးမွှားများကို ကာကွယ်နိုင်နင်းနိုင်ဖို့ရယ် အပင်ရွေးချယ်ခြင်း မျိုးရွေးချယ်ခြင်းစတဲ့ လုပ်ငန်းများစသည်တို့ကို အမြဲဂရုစိုက် စနစ်တကျလုပ်ပေးနေရပါတယ်။

ဒီဆောင်းပါးမှာတော့ ဥယျာဉ်ခြံသီးနှံတွေကိုဖျက်ဆီးတတ်တဲ့ အင်းဆက်ပိုးမွှားများကို နှိမ်နင်းနည်းထဲကတစ်ခုဖြစ်တဲ့ ထောင်ချောက်သီးနှံများ၊ သီးညှပ်စိုက်ပျိုးခြင်းများ အကြောင်းကို ဖော်ပြလိုပါတယ်။

အပင်တစ်ချို့မှာဆိုရင် အကျိုးပြုအင်းဆက်များကို ဆွဲဆောင်ပြီး ဖျက်ပိုးများကို တားဆီးနိုင်တဲ့ စွမ်းရည်ရှိကြတယ်ဗျ။ အဲ့တော့ အဲ့လိုမျိုးအပင်များကိုသာ မိမိရဲ့စိုက်ခင်းပတ်ပတ်လည်မှာ စိုက်ထားလိုက်မယ်ဆိုရင် အကျိုးပြုအင်းဆက်တွေလာမယ်။ သူတို့တွေကမှ ဖျက်ပိုးများကိုစားသုံးကြမယ်။ 

ဥပမာ ။ ။ အကျိုးပြုပိုးတွေဖြစ်ကြတဲ့ လိပ်ခုံးကျိုင်း (ladybugs) နှင့် ရှစ်ခိုးကောင်လို့ခေါ်ကြတဲ့ (praying mantids) တို့ဟာဆိုရင် သင့်ရဲ့ စိုက်ခင်းမှာကျရောက်တဲ့ အင်းဆက်ဖျက်ပိုးတို့ကို ဖမ်းပြီးစားကြပါတယ်။ အဲ့တော့ သင့်ရဲ့ စိုက်ခင်းဘေးပတ်ပတ်လည်မှာ အကျိုးပြုပိုးတွေကို စွဲဆောင်နိုင်တဲ့အပင်တို့ကိုစိုက်ပျိုးပေးခြင်းအားဖြင့် သင့်စိုက်ခင်းအတွက် ပိုးသတ်ဆေးအသုံးပြုမှုကို လျော့ချနိုင်ပါတယ်။

အကျိုးပြုပိုးများကိုဆွဲဆောင်နိုင်တဲ့ အပင်များကိုစိုက်ပျိုးပြီး ဖျက်ပိုးများကို ဟန့်တားခြင်းဖြစ်ဖြစ်၊ ဖျက်ပိုးများမကြိုက်တဲ့ အနံ့ရှိတဲ့ အပင်မျိုးများကို မိမိဥယျာဉ်ခြံဘေးစိုက်ပျိုးခြင်းဖြစ်ဖြစ် စတဲ့နည်းလမ်းများနဲ့ ကာကွယ်ဟန့်တားပြီးပိုးသတ်ဆေးအသုံးချမှုကို လုံးဝမဟုတ်တောင် အနည်းငယ်တော့လျှော့ချနိုင်မယ် ထင်ပါတယ်။ ဆောင်းပါးတစ်ခုအရ ပိုးသတ်ဆေးအသုံးပြုမှုကိုလျှော့ချနိုင်မယ်ဆိုရင် ဂျပိုးအုပ်စုများကို ကာကွယ်ထိန်းချုပ်ပြီးသားဖြစ်စေတယ်လို့ဖတ်ဖူးပါတယ်။ အဲ့တာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ရေညစ်ညမ်းမှု အနည်းငယ်မျှထိန်းသိမ်းနိုင်စေရန် insects repellent plants (အင်းဆက်ဖျက်ပိုးများကိုကာကွယ်ဟန့်တားနိုင်တဲ့ အပင်များ) ကို သင့်စိုက်ခင်းပတ်ပတ်လည်မှာစိုက်ပျိုးသင့်ပါတယ်။ မိမိစိုက်ပျိုးတဲ့ အပင်အမျိုးအစားပေါ်မူတည်ပြီး ဉယျာဉ်ခြံတစ်ခုနဲ့တစ်ခုကတော့မတူကြဘူးပေါ့။ အဲ့တော့ ကျနော်ဖတ်ဖူးတဲ့ အင်းဆက်ပိုးမွှားများကို ဟန့်တားနိုင်တဲ့ အပင်ဆယ်မျိုးအကြောင်းကို ပြန်လည်မျှဝေချင်ပါတယ်။ 

၁။ ပင်စိမ်းမွှေး 

ပင်စိမ်းမွှေးပင်ကို ခရမ်းချဉ်သီး စိုက်ခင်းကြားထဲတွင် ရောညှပ်ထည့်စိုက်ပေးမယ်ဆိုရင် ခရမ်းချဉ်သီးကို ပိုကြီးစေပါတယ်။ ပြီးတော့ ခရမ်းချဉ်သီးကိုအရသာပိုရှိစေပါတယ်။ ပင်စိမ်းမွှေးကနေ ရရှိတဲ့အဆီဟာဆိုရင် အင်းဆက်ပိုးမွှားများဖြစ်တဲ့ ပျ၊ ယင်၊ ခြင် တို့ကို တားဆီးနိုင်သော စွမ်းရည်ရှိပါတယ်။

၂။ စဥ့်စာလပ်ပင်

ဒီအပင်ဟာဆိုရင် ခရမ်းချဉ်စိုက်ပျိုးသူနဲ့ဂေါ်ဖီထုပ်စိုက်ပျိုးသူတွေအတွက် တကယ်ကို အသုံးဝင်တဲ့ အပင်ဖြစ်ပါတယ်။ စဥ့်စာလပ်အပင်ဟာဆိုရင် ခရမ်းချဉ်ခင်းမှာကျရောက်တတ်တဲ့ သီးလုံးဖောက်ပိုး နဲ့ ဂေါ်ဖီထုပ်စိုက်ခင်းမှာ ကျရောက်တတ်သော ဂေါ်ဖီထုပ်ပိုးတို့ကို ဟန့်တာပေးနိုင်ပါတယ်။ ပြီးတော့စဉ့်စာလပ်ပင်ဟာဆိုရင် အကျိုးပြုအင်းဆက်တွေဖြစ်တဲ့ ဝတ်မှုန်ကူးပေးတဲ့ ပျားနဲ့ နားကျယ်ကောင်တို့ကိုလည်း ဆွဲဆောင်နိုင်ပါတယ်။

၃။ ဂျူးဖူးပင်

ဂျူးဖူးပင်ကို တော်တော်များများ ဂျပန်ပိုးတောင်မာနဲ့ ခါကြက်ဥမှာကျရောက်တဲ့ သံချေးရောဂါ ဖြစ်စေတဲ့ ယင်တို့ကို ကာကွယ်ဟန့်တားနိုင်သောကြောင့် စိုက်ခင်းဘေးပတ်ပတ်လည်မှာ စိုက်ပျိုးပေးကြပါတယ်။ ဥယျာဉ်ခြံပိုင်ရှင်တော်တော်များများဟာဆိုရင် ဂျူးဖူးပင်ကို ပန်းသီးပင် စိုက်ပျိုးမှုကြားထဲမှာ ညှပ်ပြီးစိုက်ပျိုးကြပါတယ်။ အဲ့လိုစိုက်ပျိုးခြင်းဖြင့် ပန်းသီးပင်မှာဖြစ်လေ့ရှိတဲ့ အကြေးခွံရောဂါ (scab)ကို ကာကွယ်ရာမှာ အကူအညီဖြစ်စေပါတယ်။ ဒါ့အပြင် ဂျူးဖူးပင်မှာ ဆာလဖာပါဝင်မှုများတာကြောင့် ဂျူးဖူးကို ကြိတ်ချေပြီး သခွားသီးစိုက်ခင်းမှာ ပတ်ဖြန်းပေးမယ်ဆိုရင် သခွားခင်းမှာကျရောက်တတ်တဲ့ ဖားဥမှိုရောဂါကို ကာကွယ်ရာမှာ မှိုသတ်ဆေးမသုံးပဲ သဘာဝနည်းလမ်းအနေနဲ့ အသုံးပြုနိုင်ပါတယ်။

၄။ ဂန္ဓမာပန်း

မိမိစိုက်ခင်းအတွက်ပိုးသတ်ဆေးတစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် pyrethrum (ပိုင်ရီသရမ်) ပါ၊မပါကို စစ်ဆေးပါ။ ဘာလို့လဲဆိုရင် ပိုင်ရီသရမ်ကို ဂန္ဓမာပန်းကနေပြီး ဖော်စပ်ထုတ်လုပ်ထားတာဖြစ်တာကြောင့် သဘာဝပိုသတ်ဆေးလို့သတ်မှတ်လို့ရပါတယ်။ ပိုင်ရီသရမ်ဟာဆိုရင် ပိုးဟပ်များ၊ မွှား၊ ငွေငါးပိုး၊ သန်း၊ ကြမ်းပိုး နဲ့ ပုရွက်ဆိတ်တို့ကို ကာကွယ်နှိမ်နင်းရာမှာ အသုံးဝင်ပါတယ်။ ပြီးတော့ ဂန္ဓမာပန်းအဖြူကို ကြားညှပ်စိုက်ပျိုးပေးခြင်းအားဖြင့် ဂျပန်ပိုးတောင်မာ ကျရောက်ဖျက်ဆီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ စမြိတ်

သခွားစိုက်ခင်းနဲ့ ကြက်သွန်နီစိုက်ခင်းမှာ စမြိတ်ကို ကြားညှပ်ပြီးစိုက်ပျိုးကြပါတယ်။ ပြီးတော့ ခရမ်းချဉ်စိုက်ခင်း ဘေးပတ်ပတ်လည် မနီးမဝေးမှာလည်း စမြိတ်ကို စိုက်ပျိူးပေးထားခြင်းဖြင့် ခရမ်းချဉ်စိုက်ခင်းမှာကျရောက်တဲ့ ခရမ်းချဉ်သီးလုံးဖောက်ပိုးကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ပြီးတော့ စမြိတ်ပင်ဟာဆိုရင် ပျ နဲ့ မွှားပင့်ကူနီတို့ ကျရောက်ဖျက်ဆီးမှုမှ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် စမြိတ်ပင်အရွက်ကို ကြိတ်ချေးပြီး သခွားမွှေးပင်ကို ဖြန်းပေးခြင်းဖြင့် သခွားမွှေးပင်မှာ ကျရောက်တတ်တဲ့ ဂျပိုးကို ကာကွယ်ဟန့်တားရာမှာအသုံးဝင်ပါတယ်။ 

၆။ ကြက်သွန်ဖြူ 

ကြက်သွန်ဖြူကို ဟင်းခတ်ရာမှာ အသုံးပြုရန်၊ ရိုးရိုးစားသုံးရန်နှင့် ကျန်းမာရေးအတွက် အသုံးပြုကြပါတယ်။ ပြီးတော့ ကြက်သွန်ဖြူဟာဆိုရင် ဂျပန်ပိုးတောင်မာ၊ ခရု တို့ကို တားဆီးနိုင်ပြီး နှင်းဆီပင်နားစိုက်ပျိုးခြင်းဖြင့် နှင်းဆီမှာကျတဲ့ ပျကို ကာကွယ်ပေးနိုင်ပါတယ်။

၇။ လာဗင်ဒါ

လာဗင်ဒါဟာဆိုရင် သူ့ရဲ့အနံ့နဲ့ ပန်းပွင့်ကြောင့် ဉယျာဉ်ခြံတော်တော်များများရဲ့ အကြိုက်ဖြစ်ပါတယ်။ ပြီးတော့ အဓိကအချက်က အကျိုးပြုဂျပိုးတွေကို ဆွဲဆောင်နိုင်ပြီး ဖလံဖျက်ပိုးတွေကို မလာအောင် တားဆီးနိုင်ပါတယ်။

၈။  Marigolds (ထပ်တရာပန်း)

Marigolds ဟာဆိုရင် ဥယျာဉ်ခြံမှာ ကျရောက်တဲ့ အင်းဆက်ပိုးမွှားများကို တားဆီးပေးနိုင်တဲ့ စွမ်းအင်ကြောင့် ကောင်းကောင်းသိကြပါတယ်။ အင်းဆက်ပိုးမွှားများကို အနံ့နဲ့မလာအောင် ကာကွယ်ဟန့်တား တားဆီးချင်တယ်ဆိုရင်တော့ marigolds ကိုရွေးချယ်ပြီးစိုက်ပျိုးစေချင်ပါတယ်။ Marigold ကိုစိုက်ပျိုးထားခြင်းဖြင့် ဂျပိုးဖျက်ပိုးများကို အဝေးကို ပြေးစေနိုင်တဲ့ အနံ့ရှိပါတယ်။ ဒါပေမဲ့ ဆိုးတာက မွှားပင့်ကူနဲ့ ခရုတေကိုတော့ ဆွဲဆောင်နေတဲ့ အချက်ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက Marigold မျိုးဟာဆိုရင် ယင်ဖြူကို ကာကွယ်တားဆီးပေးနိုင်ပြီး ဆိုးဆိုးဝါးဝါး နီမတုတ်ကိုပါ သေစေနိုင်ပါတယ်။ မက္ကဆီကိုနိုင်ငံက Marigolds ဟာဆိုရင်လည်း ဖျက်ဆီးတတ်တဲ့ အင်းဆက်တော်တော်များများနှင့် ယုန်ရိုင်းများ အထိပါ ကာကွယ်ဟန့်တားပေးနိုင်ပါတယ်။

၉။ နှဲကလေးပန်း ( Petunia)

နှဲကလေးပန်းကို ဉယျာဉ်ခြံမှာစိုက်ပျိုးထားခြင့်ဖြင့် ကညွှတ်ပင်မှာ ကျရောက်တတ်တဲ့ ကျိုင်းကောင်များ၊ ဖြုတ်များ၊ ပျများ၊ ခရမ်းချဉ်သီးလုံးဖောက်ပိုးနှင့် အခြား ဖျက်ပိုးများတော်တော် များများကိုပါ ကာကွယ်ဟန့်တားပေးနိုင်တယ်။

၁၀။ နေကြာ

နေကြာပန်းကို စိုက်ပျိုးပေးခြင်းအားဖြင့် သင့်စိုက်ခင်းမှာ ကျရောက်တဲ့ ပျ ဖျက်ဆီးမှုကို အနည်းငယ်ဖြစ်ဖြစ်ကာကွယ်ပေးနိုင်ပါတယ်။ 

ဒီတော့ ဒီဆောင်းပါးလေးကို ဖတ်ပြီး အင်းဆက်ပိုးများကို ဟန့်တားနိုင်တဲ့ အပင်တို့ကို စိုက်ပျိုးပြီး ပိုးသတ်ဆေးများကို အနည်းငယ်ဖြစ်ဖြစ်လျှော့သုံးနိုင်ကြပြီး မိမိပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်စေဖို့ မျှော်လင့်ပါတယ်   

https://www.missouribotanicalgarden.org/gardens-gardening/your-garden/help-for-the-home-gardener/blog/articleid/183/pest-repelling-plants.aspx

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်