လူသိများလာတဲ့ တောင်နေကြာ

15/11/2021 10:30 AM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    တောင်နေကြာဆိုတာ နေကြာမျိုးနွယ်ဝင် အလေ့ကျပေါက်ရောက်နေတဲ့ နေကြာရိုင်းပါ။ အအေးပိုင်းဒေသတွေ ကုန်းမြင့်တွေ တောင်ကမ်းပါးယံတွေနဲ့ အအေးပိုင်းဒေသရဲ့ လမ်းဘေးတွေမှာ အလေ့ကျပေါက်ရောက်ပါတယ်။ တစ်ပင်မှပွင့်သော အပွင့်များမှ မျိုးစေ့များစွာဟာ လေနဲ့အတူ နေရာအနှံ့ပျံ့ပြီး တစ်ပင်မှ တစ်ရုံ တစ်တောလုံးအထိ ပွားများနိုင်ပါတယ်။ တောင်နေကြာဟာ နေကြာနဲ့ဆင်တူပေမယ့် ဆီထွက်နေကြာလောက် မကြီးပါ။ တစ်ပွင့်မှာ ပွင့်ဖတ် ၇ ခုမှ ၁၅ ခုအထိ ရှိနိုင်ပြီး ပွင့်ဖတ်များဟာ သေးသွယ်ရှည်လျားကာ ထိပ်ဖျားအနည်းငယ်ကော့ပါတယ်။ အလယ်ဗဟိုဟာ ဆီထွက်နေကြာလို အညိုရောင်မရှိဘဲ အဝါရောင်အုံဖြစ်ပါတယ်။ ပွင့်ဖတ်များခြောက်သွေ့ပါက ထိုအုံမှမျိုးစေ့များစွာဟာ လေနဲ့အတူပျံ့နှံ့ပြီး မျိုးပွားပါတယ်။ တစ်ပင်မှ ကိုင်းများစွာဖြာထွက်ပြီး အပွင့်များစွာပွင့်ကြပါတယ်။ ပန်းပွင့်ချိန်သည် နိုဝင်ဘာလလောက်မှစကာ ဇန်နဝါရီလလောက်ထိ ဖြစ်ပါတယ်။ တောင်နေကြာသည် ပင်ပျော့ ခြုံပင်အမျိုးအစားဖြစ်ကာ သက်တမ်းရှည်ပါတယ်။ ရာသီဥတုပူသောနွေအခါမှာ အပင်များသည် အပွင့်မရှိဘဲ တစ်ခါတစ်ရံ ခြောက်သွေ့ သယောင်ထင်ရကာ ဆောင်းအခါမှ တစ်ဖန်ပြန်စိမ်းလန်းလာပြီး အပွင့်များစွာပွင့်ကြပါတယ်။

    တောင်ပေါ်ဒေသများတွင် တောင်နေကြာပွင့်ချိန်၌ တစ်တောလုံး တစ်တောင်လုံးကို အဝါရောင်လွှမ်းခြုံကာ မြင်ရသူတိုင်းကို စိတ်ကြည်နူးစေပါတယ်။ ပြင်ဦးလွင် မြို့ရှောင်လမ်းတစ်လျှောက်သည် တောင်နေကြာနှင့်ထင်ရှားကာ ယခုကာလတွင် ဓာတ်ပုံရိုက်သူများစည်ကားပါသည်။ သို့သော် သတိပြုရန်မှာ အလှဓာတ်ပုံရိုက်ရန်အတွက် ပန်းများအား များစွာချိုးဖဲ့ခြင်း မပြုသင့်ပါ။ အကြမ်းခံသည့်အပင်ဖြစ်သော်လည်း များစွာခူးယူပါက သဘာဝတရားပျက်ပြားနိုင်သကဲ့သို့ မျိုးတုံးမှုကို ဖြစ်စေသောကြောင့် အသိတရားဖြင့်ထိန်းရန်လိုပါသည်။

    တောင်နေကြာ၏ပထမသည် မက္ကစီကိုနိုင်ငံနှင့် အမေရိကအလယ်ပိုင်းမှ မူရင်းဒေသဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်မူ အအေးပိုင်းတောင်ပေါ်ဒေသများ၌ ဖြစ်ထွန်းပါသည်။ တောင်နေကြာသည် လှပသည့်အပြင် ၎င်း၏အရွက်တွင် N, P,  K ကဲ့သို့ အပင်အတွက် မရှိမဖြစ်သောအာဟာရများပါဝင်ပါသည်။ တောင်နေကြာကို အလှစိုက်ခြင်း၊ အိမ်စည်းရိုးအဖြစ်စိုက်ခြင်းအပြင် အရွက်၊ အရိုးနုနှင့် အပွင့်များကို ခုတ်စဥ်းကာ ထွန်မွှေရာတွင်ရော၍ သစ်ရွက်စိမ်းမြေဩဇာအဖြစ် သုံးနိုင်ပါသည်။ တောင်နေကြာပင်များ၊ ကိုင်းများအား ခုတ်လှဲကာ စိုက်ပျိုးမြေများပေါ်တွင် ဆွေးမြေ့စေပြီးလည်း သဘာဝမြေဩဇာအဖြစ် သုံးနိုင်ပါသည်။ တောင်နေကြာအမြစ်သည် ဖော့စဖောရပ် (phosphorus) ဖမ်းယူရာတွင် အရေးပါသောအရာဖြစ်သဖြင့် အခါခါစိုက်ပြီး မြေဆီမြေနှစ်လျော့နည်းနေသော မြေယာများတွင် သီးနှံမစိုက်ခင်ကာလကတည်းက တောင်နေကြာကို စိုက်ထားပါက မြေသား၏အရည်သွေးကိုတက်စေပါသည်။​ တောင်နေကြာအရွက်နှင့် ကိုင်းများကို နွေရာသီတွင် မြေဖုံးပစ္စည်းအနေနှင့် စိုက်ဘောင်များပေါ်တွင် ဖုံးအုပ်ပေးနိုင်ပါသည်။ ကင်ညာနိုင်ငံတွင် တောင်နေကြာကို သစ်ရွက်စိမ်းမြေဩဇာအဖြစ်သုံး၍ မုန်ညင်းမုန်လာ၊ ခရမ်းချဥ်၊ ဘိုစားပဲစသောသီးနှံများတွင် များစွာအထွက်တိုးနိုင်ကြောင်းသိရပါသည်။ တောင်နေကြာအရွက်တွင် ပရိုတင်းဓာတ်ကြွယ်ဝသဖြင့် နွား၊ ဆိတ်၊ ကျွဲ၊ သိုးနှင့် ယုန်တို့၏ အစာအဖြစ်ကျွေးနိုင်ပါသည်။ ဆေးသုတေသနအရ တောင်နေကြာအရွက်တွင် ငှက်ဖျားရောဂါကုသရာတွင်သုံးသော အခါးဓာတ်ရှိသည့် အဆီတစ်မျိုးပါသည်ဟု သိရပါသည်။

    ထို့ကြောင့် အလေ့ကျပေါက်သော ပန်းရိုင်းပင်ဖြစ်သော်လည်း တောင်နေကြာသည် စိုက်ပျိုးရေး မွေးမြူရေး နယ်ပယ်အသီးသီးတွင် အသုံးဝင်လှပါသည်။ တောင်နေကြာပွင့်များသည် မြင်သူတကာတို့ ငေးမောမိလောက်အောင် လှပသည့်အတွက် မိမိတို့ဓာတ်ပုံရိုက်ရန် များစွာခူးယူခြင်းမပြုမိစေရန်ကို သတိပြုရပါမည်။ အဆင်းနှင့် အချင်းနှစ်မျိုးလုံးပြည့်စုံသည့် တောင်နေကြာသည် ဝေချိန်တွင် အလှပဆုံး ဖူးပွင့်ဝေဆာပြီး လောကကိုအလှဆင်သကဲ့သို့ လူသားများကလည်း မိမိတို့လောဘ​ကြောင့် သဘာဝတရားကြီးမပျက်စီးစေရန် ထိန်းသိမ်းသင့်ပါကြောင်းများစွာမျှော်တွေး၍ ရေးသားလိုက်ရပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်