စပါးခင်းတွင် ဒုက္ခအပေးဆုံး ပေါင်း ၁၂ မျိုး

02/09/2021 20:00 PM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    စပါးခင်းတွင် ပေါင်းမြက်များသည် စပါးပင်နှင့် နေရောင်ခြည်၊ အစာနှင့် ရေကို လုယူစားသောက်ခြင်းဖြင့် စပါးအထွက်ကို ထိခိုက်စေပါတယ်။ စပါးစိုက်ခင်းတွင် အလေ့ကျပေါက်ရောက်လေ့ရှိသော ပေါင်းမြက်များသည် ဒေသအခေါ်အဝေါ်အားဖြင့် အမျိုးမျိုးကွဲပြားသော်လည်း ပေါင်းအမျိုးအစားအုပ်စုပ်အနေဖြင့် (၃) မျိုးသာရှိပါတယ်။ ၎င်းတို့မှာ (၁) မြက်အုပ်စု)၊ (၂) မြက်မုန်ညင်းအုပ်စု၊ (၃) ရွက်ပြားအုပ်စုတို့ဖြစ်ပါတယ်။ ဒီအပတ်မှာတော့ စပါးခင်းမှာ ဒုက္ခအပေးဆုံး၊ တွေ့ရအများဆုံး ပေါင်းမြက်များအကြောင်း လေ့လာကြည့်ကြရအောင်ရှင့်။

မြက်အုပ်စုဝင်ပေါင်းများ

၁။ ဝမ်းဘဲစာမြက်

    တစ်နှစ်ခံပေါင်းဖြစ်ပြီး ၁ ပေကျော် (60 cm) အထိ မြင့်ပါတယ်။ ဝမ်းဘဲစာမြက်သည် တစ်နှစ်ပတ်လုံးမျိုးပွားနိုင်ပြီး အစေ့ဖြင့်မျိုးပွားသည်။ အစေ့ငုပ်ကာလ တိုတောင်းသည်။ စိုစွတ်သောအခြေအနေကို ပိုကြိုက်သော်လည်း ရေလွှမ်းခြင်းကိုမကြိုက်ပါ။ ထို့ကြောင့် ယာစပါးနှင့် အခြောက်အစေ့တိုက်ရိုက်ချစိုက်ခင်းများတွင် ရေလွှမ်းသောစပါးခင်းထက် ပိုမိုပေါက်ရောက်ပါတယ်။ အပင်ငယ်စဥ် စပါးပင်နှင့် အလွန်တူသည်။ အပင်ငယ်စဉ်ကာလအတွင်း ရေလွှမ်းခြင်း၊ လက်ဖြင့်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နှင်းနိုင်ပါတယ်။ စပါးအထွက် ၈၀% အထိ လျော့နည်းနိုင်သည်။ ပေါင်းစေ့များမပေါက်ခင်ဖျန်းသော ပေါင်းသတ်ဆေး (Preemergence Herbicide) အနေဖြင့် Oxadiazon (အောက်ဇာဒိုင်ရာဇွန်) သုံးနိုင်ပြီး ပေါင်းပင်များပေါက်ပြီးနောက်ဖျန်းသော ပေါင်းသတ်ဆေး (Postemergence Herbicide)အနေဖြင့် Butachlor(ဘူတာကလော)၊ Fenoxaprop(ဖီနောက်ဆာပရော့)စသည့် ဆေးအဆိပ်များပါဝင်သော ပေါင်းသတ်ဆေးများကို သုံးနိုင်ပါတယ်။

၂။ မြက်သီး၊ မြက်ချို

    တစ်နှစ်ခံမြက် ၆ ပေခွဲ (200 cm) အထိမြင့်ပြီး အစေ့ဖြင့်မျိုးပွားသည်။ တစ်နှစ်ပတ်လုံး ပန်းပွင့်ပြီး ရက် ၆၀ အတွင်း မျိုးစေ့ထုတ်နိုင်ပါတယ်။ စိုစွတ်သောမြေကို ပိုကြိုက်နှစ်သက်ပြီး တိုက်ရိုက်အစေ့ချစိုက်သော စပါးခင်းနှင့် မြေရိုင်း (wasteland) များတွင်လည်း အလွယ်တကူကြီးထွားနိုင်ပါတယ်။ ၎င်းသည် ရွံ့ဗွက်နှင့် ရေရှိသောနေရာများတွင် တွေ့ရများသောမြက်ဖြစ်ပါတယ်။ လျင်မြန်စွာကြီးထွားနိုင်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းခြင်း၊ လျင်မြန်စွာပွားများနိုင်ခြင်းကြောင့်  လယ်စပါးမှာ ဆိုးဝါးတဲ့ပေါင်းတစ်မျိုးဖြစ်ပါတယ်။ မျိုးစေ့များသည် ရေအောက်တွင်ရှိသော်လည်း အပင်ပေါက်နိုင်သည်။ စပါးအထွက် ၁၀၀% ထိ လျော့နည်းနိုင်သည်။ မြေကို စနစ်တကျပြင်ပေးပါက ပေါက်ရောက်မှုလျော့နည်းနိုင်ပါတယ်။ အပင်ငယ်စဉ် စပါးပင်နှင့် အလွန်တူသဖြင့် လက်ပေါင်းလိုက်ရာတွင်ခက်ခဲသည်။ Oxadiazon၊ Pretilachlor၊ butachlor၊ Propanil+Quinclorac သို့မဟုတ် Propanil+ Fenoxaprop စသော ဆေးအဆိပ်ပါသော ပေါင်းသတ်ဆေးများဖြင့် ကာကွယ်နိုင်ပါတယ်။

၃။ ကချေသည်မြက်

    တစ်နှစ်ခံမြက် (သို့) နှစ်ရှည်မြက်၊  ၃ ပေကျော်(100 cm) အထိ ရှည်းလျားသည်။ အစေ့ဖြင့် မျိုးပွားပြီး ရေလွှမ်းထားချိန်တွင် အစေ့မပေါက်နိုင်သော်လည်း အစေ့ပေါက်ပြီးသောအခါ ရေလွှမ်းသောအခြေအနေတွင် လွယ်ကူစွာကြီးထွားနိုင်သည်။ စိုစွတ်သောအခြေအနေတွင်တွေ့ရပြီး အထူးသဖြင့် တိုက်ရိုက်အစေ့ချစပါးခင်းတွင် တွေ့ရသည်။ ၎င်းသည် Tungro Virus ကြောင့် ဖြစ်သော ရောဂါများနှင့် Meloidogyne နီမတုတ်မျိုးစိတ်များ၏ လက်ခံပင်လည်းဖြစ်သည်။ ၁ မီတာပတ်လည်တွင် ၅ ပင်ပေါက်ပါက စပါးအထွက် ၁၅% လျော့နည်းနိုင်သည်။ စပါးပင်အစောပိုင်းအဆင့်တွင် လက်ပေါင်းလိုက်ပေးပါ။ Butachlor၊ Fenoxaprop စသော ဆေးအဆိပ်များဖြင့် ကာကွယ်နိုင်သည်။

၄။ ဒေါင်းမြှီးပျံ

    တစ်နှစ်ခံမြက်(သို့) နှစ်ရှည်မြက်၊ ၄ ပေနီးပါး (120 cm) အထိရှည်လျားသည်။ ပေါင်းမျိုးစေ့များသည် ရေလွှမ်းထားပါက အညှောင့်မပေါက်နိုင်ပါ။ အစေ့၊ အပင်ဖြတ်ပိုင်းများ၊ အမြစ်ဆုံအပိုင်းအစများမှလည်း မျိုးပွားနိုင်သဖြင့် ထယ်ထိုးထွန်မွှေခြင်းဖြင့် ပျံ့နှံ့နိုင်သည်။ ၎င်းသည်  မြေဆီလွှာစိုစွတ်သည်နှင့်  ရေလွှမ်းထားသည့် အခြေအနေကို ခံနိုင်ရည်ရှိသောကြောင့် ဆိုးရွားသောပေါင်းတစ်မျိုး ဖြစ်ပါသည်။ စပါးအထွက်နှုန်း ၄၀% ကျော်ထိ လျော့နည်းနိုင်သည်။ မြေပြင်ချိန်တွင် စပါးခင်းကို ထယ်ဝင်ပေးခြင်း၊ တမန်းနပ်အောင်ပြင်ပေးခြင်း၊ ကြီးထွားမှုအစောပိုင်းအဆင့်တွင် လက်ပေါင်းလိုက်ပေးခြင်း လုပ်ဆောင်ပါ။ Quinclorac၊ Propanil၊Fenoxaprop၊ Pretilachlor ဆေးအဆိပ်များသော ပေါင်းသတ်ဆေးများ အသုံးပြုနိုင်ပါတယ်။

မြက်မုန်ညင်းများ

၁။ မြက်မုန်ညင်းအဝါ

    တစ်နှစ်ခံပေါင်(သို့) နှစ်ရှည်ပေါင်း၊ အမြစ်ဖွာပြီး ၂ ပေကျော် (10-70cm) ရှည်သည်။ ၎င်းသည်လယ်စပါး၊ ယာသီးနှံ၊ နှစ်ရှည်သီးနှံများတွင်လည်း ရှင်သန်ပေါက်ရောက်နိုင်သည်။ ပေါင်းပင်တစ်ပင်မှ မျိုးစေ့ ၃၀၀၀-၅၀၀၀ ထုတ်နိုင်ပြီး မျိုးစေ့ကြွေကျပြီး ၇၅ ရက်ခန့်အကြာတွင် အပင်ပေါက်နိုင်သည်။ သီးနှံတစ်ရာသီအတွင်း မျိုးဆက်နှစ်ဆက်ပွားနိုင်သည်။ တစ်နှစ်ပတ်လုံးပန်းပွင့်သည်။ စပါးအထွက် ၄၀% အထိလျော့နိုင်သည်။ အစောပိုင်းကြီးထွားမှုအဆင့်၌ ပန်းပွင့်ခြင်းနှင့် အစေ့ထုတ်ခြင်းကာကွယ်ရန် လက်ပေါင်းလိုက်ပါ။ စပါးစိုက်ပြီးနောက်၊ ထွန်မွှေပြီးနောက် Butachlor၊ Oxadiazon၊ စပါးပင်ပေါက်ပြီးနောက်  Propanil အသုံးပြုနိုင်သည်။

၂။ မြက်မုန်ညင်းစိမ်း

    တစ်နှစ်ခံပေါင်း၊ ၃ ပေကျော် (100cm) အထိရှည်လျားသည်။ ရေလွှမ်းထားသောမြေ၊ စိုစွတ်၍ မြေဆီဩဇာထက်သန်သောမြေတွင် ကောင်းစွာပေါက်ရောက်သည်၊၊ အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများနှင့် ကောက်စိုက်ခင်းများတွင် ပိုမိုတွေ့ရသည်။ ရေနက်နက်လွှမ်းခြင်းကို မခံနိုင်ပါ။ သက်တမ်းတိုပြီး မျိုးစေ့ဖြင့် မျိုးပွားကာ တစ်နှစ်ပတ်လုံး မျိုးစေ့ထုတ်နိုင်သည်။ မျိုးစေ့များစွာထုတ်နိုင်ပြီး ရက် ၃၀ အတွင်း ဘဝစက်ဝန်းပြီးဆုံးသည်။ အထွက်နှုန်း ၁၂-၅၀ %ထိ လျော့နည်းစေနိုင်သည်။ အတန်းလိုက်စိုက်ပျိုးသောစပါးခင်းတွင် လက်ပေါင်းလိုက်ခြင်း၊ ပေါင်းလိုက်ကိရိယာဖြင့် ပေါင်းလိုက်ပါ။  Butachlor, 2,4-D, Pretilachlor, Propanil စသော ဆေးအဆိပ်ပါသော ပေါင်းသတ်ဆေးများကို အသုံးပြုကာကွယ်နှိမ်နင်းနိုင်ပါတယ်။

၃။ မြက်ကွမ်းသီးလေး

    တစ်နှစ်ခံပေါင်း (သို့) နှစ်ရှည်ပေါင်း၊ ၂ ပေခွဲ ၃ ပေနီးပါး (80-90cm) အထိရှည်လျားသည်။ သက်တမ်းတိုသည်။ မျိုးစေ့ဖြင့်မျိုးပွားပြီး တစ်နှစ်ပတ်လုံးပန်းပွင့်နိုင်သည်။ တစ်ပင်မှ မျိုးစေ့ ၁၀၀၀၀ ထုတ်နိုင်သည်။ လယ်စပါးနှင့် စိုစွတ်သောနေရာများတွင် တွေ့ရသည်။ တစ်ရာသီအတွင်း မျိုးဆက်၂ ဆက်ပွားနိုင်သည်။ စပါးခင်းတွင်ရေမရှိသော်လည်း အညှောင့်ပေါက်နိုင်သည်။ ဆိုးရွားပြီး ကျယ်ကျယ်ပြန့်ပြန့်ပေါက်ရောက်သော ပေါင်းဖြစ်သည်။ စပါးအထွက် ၅၀% ကျော် လျော့နည်းစေသည်။ အပင်ငယ်စဉ်တွင် လက်ပေါင်းလိုက်ပါ။  2-4Dကို Post  Emergence Herbicide အဖြစ် သုံးပြုနိုင်ပါတယ်။

၄။ မြက်ကလုံး၊ တလိုင်းခေါင်းမြက်

    တစ်နှစ်ခံပင်ပျော့မျိုးဖြစ်သည်။ ပင်စည်လုံး၍ သေးပြီး ရှည်သည်။  အစေ့အားဖြင့် မျိုးပွားပြီး ပျိုးထောင်ကောက်စိုက်ခင်းများတွင် တွေ့ရသည်။  တစ်ပင်မှ အစေ့ ၁၅၀၀ ခန့်ထုတ်နိုင်သည်။ အစေ့ငုပ်ကာလမှာ ၂ လ ၃ လရှိသည်။ အခြောက်ထယ်ရေးဝင်ခြင်း၊ အစိုတမန်းပြင်ခြင်းဖြင့် ပေါင်းဦးရေကို လျော့နည်းစေနိုင်သည်။ Pretilachlor၊ Butachlor၊ Quincloracစသည့် ဆေးအဆိပ်များ အသုံးပြုကာကွယ်နိုင်သည်။

ရွက်ပြန့်ပေါင်းများ

၁။ လယ်ပဒူ

    ထောင်မတ်၍ ကိုင်းဖြာသော သစ်ပျော့ပင်မျိုးဖြစ်ပြီး  ၅ပေနီးပါး (7-150 cm)အထိမြင့်သည်။ တစ်နှစ်ခံပေါင်း၊ မျိုးစေ့ဖြင့်မျိုးပွားပြီး အခြောက်အစေ့တိုက်ရိုက်ချစပါးခင်းနှင့် အစိုအစေ့တိုက်ရိုက်ချစိုက်ခင်းတွင် ပို၍တွေ့ရသည်။ မြေဆီလွှာ စိုစွတ်နေခြင်းမှ၊ ရေဝပ်ရေလွှမ်းနေသော အခြေအနေအထိ ပေါက်ရောက်နိုင်သည်။ အစေ့ငုပ်ခြင်းရှိသည်။ စပါးအထွက် ၂၅-၅၀%အထိ လျော့နည်းနိုင်သည်။ အပင်စိပ်စိပ်စိုက်၍ လောင်းရိပ်ပေးခြင်းဖြင့် ပေါင်းပင်များကြီးထွားမှုကို လျော့နည်းစေသည်။ Bensulfuron- methyl၊ Oxadiazon၊ Propanil၊ Bispyribac Sodium၊ Pretilachlorစသည့် ဆေးအဆိပ်များ အသုံးပြုနှိမ်နှင်းနိုင်သည်။

၂။ ကြိတ်မှန်

    တစ်နှစ်ခံမြက် (သို့) နှစ်ရှည်မြက်၊ ၃ ပေကျော် (30-100cm) မြင့်သည်၊၊ အပူပိုင်းဒေသများတွင် တစ်နှစ်ပတ်လုံး အစေ့ပေါက်နိုင်သည်။ ရေထုတ်ညံ့သောကွင်း၊ ဆားပေါက်မြေ၊ စမ်းချောင်း၊ရေမြောင်း၊ ယာမြေစသည့် အခြေအနေအမျိုးမျိုးတွင် တွေ့နိုင်သည်။ တစ်ပင်မှ ၁၇၀၀၀ အစေ့ထုတ်နိုင်သည်။ အစေ့ငုပ်ခြင်းမရှိပါ၊၊ အထွက်နှုန်း ၂၅% လျော့နည်းစေသည်။ အပင်ငယ်စဉ်တွင် ကြာထွန်လိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နှင်းနိုင်သည်။ မြေဆီထက်သန်ရန် ပြုပြင်ပေးပါ။ Preemergence Herbicide အနေဖြင့် Oxidiazon၊ Postemergence Herbicide အနေဖြင့် 2-4D အသုံးပြုနိုင်ပါတယ်။

၃။ လယ်လေးညှင်း

    အစေ့ဖြင့် မျိုးပွားသည်။ မျိုးစေ့များသည် စီးရေ၊ ငှက်များ​အားဖြင့် ပျံ့နှံ့ပါတယ်။ တစ်နှစ်ခံပေါင်းဖြစ်သည်။ စပါးအထွက် ၅၀-၈၀% အထိ လျော့နည်းစေနိုင်သည်။ အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများ၊ ပျိုးထောင်ကောက်စိုက်ခင်းတွင် တွေ့ရသည်။ မြေဆီလွှာစိုစွတ်သည့်အခြေအနေမှ စိုထိုင်းသည်အခြေအနေတွင် ပေါက်နိုင်သည်။ အပင်ကြီးထွားမှု အစောပိုင်းကာလတွင် ရေလွှမ်းပေးခြင်းသည် ထိရောက်သည်။ လက်ပေါင်းလိုက်နိုင်သည်။ အစေ့ငုပ်ခြင်း အနည်းငယ် (သို့) မရှိပါ။ အပင်ပေါက်ရန် အလင်းလိုအပ်သည်။ Bispyribac Sodium၊ Oxadiazon၊ Pretilachlor၊ Butachlor၊ Propanil၊ Quinclorac ဆေးအဆိပ်များအသုံးပြု ကာကွယ်နိုင်သည်။

၅။ ရေကညွတ်

    နှစ်ရှည်ပင်ပျော့မျိုးဖြစ်၍ ရေတွင်ပေါက်ရောက်သော ပေါင်းပင်မျိုးဖြစ်သည်။ ရေပေါ် ပေါ်၍သော်လည်းကောင်း၊ မြေပေါ်တွင် အမြစ်စွဲ၍ တွားသွား၍သော်လည်းကောင်း ပေါက်သည်။  မြေဆီလွှာစိုစွတ်သည်မှ ရေလွှမ်းနေသည်အထိ ပေါက်ပွားနိုင်သည်။ မျိုးစေ့အားဖြင့် လည်းကောင်း၊ အပင်အစိတ်အပိုင်းပြတ်အားဖြင့်လည်းကောင်း မျိုးပွားနိုင်သည်။ လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နှင်းနိုင်သည်။ Bispyribac Sodium၊ Oxadiazon၊ Pretilachlor၊ Butachlor၊ Propanil၊ Quinclorac၊ Bensulfuron-methyl+ Acetochlor ဆေးအဆိပ်များအသုံးပြု ကာကွယ်နိုင်သည်။

Reference: http://www.knowledgebank.irri.org/step-by-step-production/growth/weed-management/the-dirty-dozen-of-weeds

Plant Protection Application


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်