"စိုက်ပျိုးရေးတွင် စီးပွားရေးအား နားလည်ခြင်း"
"စိုက်ပျိုးစီးပွား ပြည်ထွန်းကား"ဟူသောဆောင်ပုဒ်အား လွန်ခဲ့သော ဆယ်စုနှစ်များကတည်းကကြားခဲ့ရပါသည်။ ၇၀%သောပြည်သူလူထုအတွက် အားဖြစ်စေသောဆောင်ပုဒ်ဟုဆိုသော်လည်း ယခုအခါ ပျက်ရယ်ပြုချင်မိသည်အထိ တောင်သူတို့၏စိတ်ထဲတွင်ဖြစ်ပေါ်နေရပါသည်။ရှေးယခင်နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးရေးအားလုပ်ကိုင်လာပါလျက် တောင်သူတို့၏လူနေမှုအခြေအနေများဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးဆဲပင်ဖြစ်သည်။အဘယ်ကြောင့်နည်း။
ကျွန်မတို့တောင်သူဦးကြီးများမညံ့ကြပါ။စိုက်ပျိုးထုတ်လုပ်မှုတွင် တစ်ဖက်ကမ်းခတ် တော်ကြသူများဖြစ်ပါသည်။ စိုက်ပျိုးနည်းပညာပံ့ပိုးမှု များသည်လည်း တောင်သူများစီသို့ အရှိန်အဟုန်နှင့်စီးဝင်လျက်ရှိပါသည်။ စိုက်နိုင်သည်။ ထုတ်နိုင်သည် အဘယ်ကြောင့်အမြတ်မရကြပါသနည်း။
ကျွန်မတို့တောင်သူများရောင်းတတ်ရန်လိုနေပါပြီ။ ရောင်းတတ်သည်ဆိုရာတွင် မသမာသောနည်းလမ်း များကိုတော့ရှောင်ကြဉ် သင့်သည်။ စား၊ ဝတ်၊ နေရေးဟူသော အရေး (၃)ပါးတွင် ပထမဆုံးလိုအပ်ချက်ဖြစ်သော စားရေးတွင် တောင်သူဦးကြီးများသည် အရေးကြီးဆုံးနေရာတွင် ပါဝင်နေကြသည်။ စားသုံးသူတို့၏ လိုအပ်ချက်များအား လိမ္မာပါးနပ်စွာ အချိန်ကိုက် သိရှိခြင်းအားဖြင့် စီမံခန့်ခွဲတတ်ခြင်းသည် စိုက်ပျိုးစီးပွားတွင် အဓိကကျသောအချက်တစ်ခုဖြစ်ပါသည်။
စိုက်ပျိုးရေးနှင့်ဆိုင်သော စီးပွားရေးဟူသည် လယ်ယာလုပ်ငန်းခွင် တစ်ခုအားကောင်းစွာလည်ပတ်ရန် မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကို သိရှိခြင်းပင်ဖြစ်ပါသည်။ ထိုအထဲတွင် ဈေးကွက်ရလာရန်ဖန်တီးမှုများ၊ စိုက်ပျိုးအသုံးစရိတ်စီမံခန့်ခွဲမှုများ၊ သယ်ယူပို့ဆောင်မှုအဆင့်ဆင့်တွင်အလေ့အလွင့်နည်းစေခြင်းများ၊ ယှဉ်ပြိုင်ဈေးကွက်၏မာယာများ၊ စသည့်အကြောင်းအရာတို့အား စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများသိထားရန်လည်းလိုအပ်ပါသေးသည်။
ထိုသို့သော ဗဟုသုတများနှင့်စိုက်ပျိုးထုတ်လုပ်မှုကို လုပ်ကိုင်ကြရာတွင်လည်း လေ့လွင့်ဆုံးရှုံးမှုများနည်းစေရန်လည်း ဂရုစိုက်သင့်ပါသည်။ ဥပမာ-ရှားပါးသယံဇာတများဖြစ်သည့် ရေချိုအရင်အမြစ်များ၊ စိုက်ပျိုးမြေများ စသည့် အဖိုးတန်သဘာဝပတ်ဝန်းကျင်အားလည်း ထိန်းသိမ်းရင်းလုပ်ဆောင်သင့်ပါသည်။ သို့မှသာ အတ္တဟိတ နှင့် ပရဟိတ ၂ မျိုးလုံးအား မျှတစွာဖော်ဆောင်သည့် စစ်မှန်သော စိုက်ပျိုးရေးလုပ်ငန်းဟု ဆိုနိုင်မည်ဖြစ်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအား စီးပွားဖြစ်ထုတ်လုပ်သည့်အခါ စိုက်ပျိုးစီးပွားဆိုင်ရာ အယူအဆတစ်ချို့အားလည်း နားလည်ရန်လိုအပ်ပါသည်။ ထည့်သလောက် ပြန်မရနိုင်သည့် သဘောတရားများ စိုက်ပျိုးထုတ်လုပ်မှုတွင် ရှိပါသေးသည်။ ထည့်သလောက် ထွက်မည်ဆိုပါက လယ်တစ်ကွက်ထဲမှပင် တစ်နိုင်ငံလုံးစာအတွက် ထုတ်လုပ်တော့မည်ဖြစ်ပါသည်။ ဤသို့သော ဗဟုသုတများဖြင့် စိုက်ပျိုးစရိတ်အားကောင်းစွာ စီမံခန့်ခွဲသင့်ပါသည်။
ထို့ပြင် စိုက်ပျိုးထုတ်လုပ်မှုအား စီးပွားဖြစ်လုပ်ကြရာတွင် စဉ်းစားလုပ်ဆောင်စရာများလည်းရှိ ပါသေးသည်။
၁။ စားသုံးသူတို့လိုချင်သောအရာနှင့် ထိုအချိန်အား ကောင်းစွာခန့်မှန်းကာ မည်သို့သော သီးနှံကိုစိုက်မည်နည်း။
၂။ စိုက်မည့်သီးနှံ စဉ်းစားရွေးချယ်ပြီးပါက မည်သို့ထုတ်လုပ်မည်နည်း။ အထက်တွင်ဖော်ပြခဲ့သည့် သဘောတရားများ
(ကုန်ကျစရိတ်စီမံခန့်ခွဲမှုများစသည်) ပါထည့်သွင်း စဉ်းစား စီစဉ်သင့်သည်။
၃။ ထုတ်လုပ်ပြီးပါကလည်း မည်သို့သောနည်းလမ်းများဖြင့် ဖြန်းဖြူးရောင်းချမည်နည်း။
၄။ ရောင်းချပြီးသည့်အခါတွင်လည်း ဝယ်ယူသူတို့ထပ်မံလိုချင်လာစေရန် မည်သို့မည်ပုံ လုပ်ဆောင်မည်နည်း။
၅။ ထိုသို့ လိုချင်ပါက မိမိဘက်မှ ရောင်းနိုင်မည့် အရန်ထားရှိမည် ပမာဏများအထိပါ စဉ်းစားသင့်သည်။
စသည်ဖြင့် စဉ်းစားဆုံးဖြတ်ခြင်းကို အရင်ပြုလုပ်သင့်ပါသည်။ မည်သည့်နယ်ပယ်တွင်မဆို ကြိုတင်ပြင်ဆင်ထားသူသည် ပြိုင်ပွဲတစ်ဝက်အား နိုင်ထားသည့်သူဖြစ်သည်ဟူ၍လည်း မှတ်သားဖူးပါသည်။ ကျွန်မတို့တောင်သူများသည်လည်း စိုက်ပျိုးထုတ်လုပ်ခြင်များမလုပ်မီ ကြိုတင်စဉ်းစားခြင်းဖြင့် အောင်မြင်သော စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီး များဖြစ်လာစေရန် ရည်ရွယ်လျက် ရေးသားဖော်ပြလိုက်ရပါသည်။
ကြိုးစားပါအုံမည်....
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ
ဦးဇော်မျိုးထက် • ဖြေကြားချက် 5 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ဆရာမိုးရွာတော့မလားခင်ဗျ ခရမ်းချဥ်ပင်တွေလဲရေအတော်လေးလိုနေပြီ အသီးတွေကမကြီးနိုင်အပင်တွေလဲနွမ်းလျပီ ချောက်မြို့နယ်
U Yan • ဖြေကြားချက် 2 ခု
ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ
U Yan • ဖြေကြားချက် 3 ခု
လက်ဖက်စိုတန်ဖိုးမြင့်ထုတ်လုပ်နည်းအတွက်လိုအပ်ချက်လေးတွေသိချင်ပါတယ်
Aung Ko Htet • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....