ယူရီးယားကတော့ တောင်သူတွေသုံးနေတဲ့ နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာဖြစ်ပါတယ်။
ဘိုရွန် (လက်ချား) ကိုတော့ ပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝယ်လာတဲ့ လက်ချားအခဲကို မီးဖုတ် (သို့မဟုတ်) အပူပေးကာ ကြိတ်ချေပြီး အမှုန့်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အမှုန့်ဝယ်လို့ အဆင်ပြေမယ်ဆိုရင်လည်း အသင့်ဝယ်ယူနိုင်ပါတယ်။
လိုအပ်တဲ့အရာတွေကတော့
ရေတစ်ဂါလံ
ယူရီးယား ၄ ဇွန်း (ထမင်စားဇွန်း)
လက်ချား ၁ ဇွန်း
အထက်ဖော်ပြပါ ၃ မျိုးအား ရောစပ်ပြီး ဖျော်ရပါမယ်။ တစ်ဧကလျှင် ဖျော်စပ်ပြီးသား အာဟာရအရည် ဂါလံ ၂၀ လိုအပ်ပါတယ်။
ပဲမျိုးစုံတွင်အသုံးပြုမည်ဆိုပါက ပန်းစတင်ပွင့်သော အချိန်နှင့် ပန်းပြိုင်ပြိုင်ပွင့်သော ကာလများမှာ မနက်စောစောနဲ့ ညနေပိုင်း အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ၎င်းဖျော်ရည်ကို အသုံးပြုခြင်းဖြင့် ဝတ်မှုန်ကူးကောင်းစေခြင်း၊ အသီးအပွင့်အားကောင်းစေခြင်း၊ အစေ့အဆန်ပြည့်ဝစေခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။