ကော်ဖီမှုန့်ကို အပင်အာဟာရအတွက် သုံးလို့ရပါတယ်

30/01/2020 11:30 AM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ကော်ဖီမှုန့်နှင့် ကော်ဖီစက်ထဲမှာကျန်နေတဲ့ ကော်ဖီမှုန့်ကို အပင်တွေမှာ အသုံးပြုလို့ရပါတယ်။ ကော်ဖီမှုန့်ကို အသုံးပြုခြင်းဖြင့် အပင်တွေလိုအပ်တဲ့ နိုက်ထရိုဂျင်၊ ကယ်လ်ဆီယမ်နှင့် မက်ဂနီဆီယမ်ဓါတ်တွေကို ရရှိစေပါတယ်။ ကော်ဖီမှုန့်ကိုတိုက်ရိုက် အသုံးပြုခြင်းထက် မြေဆွေးပုံတွင်ထည့်၍အသုံးပြုခြင်းက ပိုမိုထိရောက်စေပါတယ်။ တီကျစ်စာကန်များတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 

   ကော်ဖီမှုန့်ကို အက်ဆစ်ဓါတ်ကြိုက်တဲ့အပင်တွေမှာပဲ အသုံးပြုသင့်ပါတယ်။ ဥပမာ - အာဖရိက ဗွိုင်အိုလက်၊ သစ်ခွ၊ နှင်းဆီ၊ လေးနာရီပန်း၊ မက်ဂနိုးလီးယားပန်းနှင့် ဂမုန်းပင်တွေမှာအသုံးပြုနိုင်ပါတယ်။ 

   ကော်ဖီမှုန့်ကို ပင်ခြေမှာဖြူးပေးခြင်းဖြင့် ခရုနှင့် ပက်ကျိကျရောက်ခြင်းကိုသာမက ပျနှင့် ကျိုင်းကျရောက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။  အိမ်တွင်းအလှစိုက်ပင်တွေမှာအသုံးပြုမယ်ဆိုရင်တော့ အပင်အခြေအနေကို စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်။ ကော်ဖီဖျော်ထားပြီး မသောက်ဖြစ်ပဲ အေးသွားလို့ မသောက်ချင်တော့ဘူး သွန်ရမှာလည်းနှမျောတယ်ဆိုရင် ကျန်နေတဲ့ကော်ဖီကို ရေအနည်းငယ်ရောပြီး အပင်ကိုလောင်းနိုင်ပါတယ်။ ကော်ဖီလောင်းတဲ့အခါ သတိပြုရမဲ့အချက်က ခရင်မ်၊ သကြားနှင့် နို့တွေ မသုံးထားတဲ့ ကော်ဖီဖြစ်ဖို့တော့ လိုပါတယ်။ ခရင်မ်၊ သကြားနှင့် နို့တွေက အင်းဆက်များကျရောက်မှုကို အားပေးတဲ့အတွက် အသုံးပြုဖို့မသင့်တော်ပါဘူး။

   အရွက်တွေဝါလာရင် သို့ အရွက်ထိပ်တွေ အညိုရောင်ပြောင်းလာရင် ကော်ဖီများနေတဲ့လက္ခဏာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကော်ဖီလောင်းခြင်းကိုရပ်ပြီး ရေများများလောင်းပေးရပါမယ်။ ကော်ဖီမှုန့်ကို တစ်ပတ်တစ်ကြိမ် သို့ နှစ်ပတ်တစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

ဖြိုးသဥ္ဇာကျော်

https://www.thespruce.com/watering-houseplants-with-coffee-3972312


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်