စိုက်ပျိုးရေးသုံးစက်ပစ္စည်းသစ်တွေ နည်းပညာသစ်တွေကို ဘယ်လိုရယူအသုံးချကြမလဲ???

22/12/2017 17:11 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးမွေးမြူရေးနည်းပညာသစ်တွေ စက်ပစ္စည်းသစ်တွေ အသုံးပြုတဲ့ အတွက် အများနဲ့ မတူတဲ့ ထုတ်ကုန်အသစ်တွေ အချိန်တိုတိုနဲ့ ရရှိနိုင်သလို ထုတ်လုပ်မှုကလည်း ယခင်ထက် သိသိသာသာတိုးမြင့်လာပါလိမ့်မယ်။

အဲ့လိုနည်းပညာသစ်တွေအသုံးပြုတတ်ဖို့အတွက် စိုက်ပျိုးရေးပညာရှင်တွေကိုယ်တိုင် လာရောက်ပို့ချပေးတဲ့ စိုက်ပျိုးမွေးမြူရေးသင်တန်းတွေကို တက်ရောက်ထားဖို့ လိုပါတယ်။

အရေးကြီးဆုံးအချက်ကတော့ သတင်းအချက်အလက်အမှန်ကို ပေးနိုင်မဲ့ ရေဒီယို၊ စိုက်ပျိုးရေးစာစောင်များ၊ စိုက်ပျိုးရေးရုပ်သံလိုင်းတွေနဲ့ နည်းပညာအသစ်တွေ ဖြန့်ဝေပေးနေတဲ့ စိုက်ပျိုးမွေးမြူရေးသင်တန်းတွေဆီသွားရောက်ပြီး အတူပူးပေါင်းဆောင်ရွက်ကြရမှာပါ။

‘ထုတ်လုပ်မှု ပမာဏ တိုးမြှင့်ရေး စိုက်ပျိုးမွေးမြူရေး နည်းပညာသစ်များ မှန်ကန်စွာ အသုံးပြုပေး။’

ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။

 

 


Download
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်