ဈေးကွက်ဝင်ပြီး ဒေသနှင့် ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေကို စိုက်ပျိုးတတ်ရမယ်။
သီးနှံတွေရဲ့ လက်ရှိပေါက်ဈေးကို သိထားရမဲ့အပြင် သီးနှံအရည်အသွေးကိုလည်း ထိန်းထားရမယ်။
ဒေသ ရာသီအလိုက် ဈေးကွက်အနေအထားကို သိတော့ ဈေးနှိမ်ခံရခြင်းမှ ကင်းဝေးမယ်။
သီးနှံတွေ ဈေးကောင်းရဖို့အတွက် လိုအပ်တဲ့ အချက်တွေကတော့.........
ဒေသနှင့်ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်၊
လက်ရှိပေါက်ဈေး၊
သီးႏွံအရည္အေသြး၊
စျေးကွက် ဝယ်လိုအား
ရာသီအလိုက် ဈေးကွက်အနေအထား၊ စသည်တို့ လိုအပ်ပါတယ်။
အရည်အတွက်များများနဲ့ တစ်စုတစ်စည်းတည်းရောင်းချတတ်ခြင်းက ကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်စရိတ်ကို နည်းစေတဲ့အပြင် အမြတ်ငွေပါတိုးပွားလာစေပါတယ်။
သီးနှံတွေရဲ့ဈေးကွက်ဝယ်လိုအား၊ အဝယ်များတဲ့သီးနှံ ကိုသိထားတော့ ဘယ်သီးနှံကို ရွေးချယ်စိုက်ပျိုးရမလဲ ကြိုသိနိုင်တာပေါ့...........။
‘စျေးကွက် အနေအထား ကြိုတင်သိရှိမှ အမြတ်ငွေ များများရ’
ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။
Download
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more