ကျေးလက်နှင့် စွမ်းပကား

Photo - မြန်မာ့ကေျးလက်

နေ့စဉ်နှင့်အမျှ အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်နေသော ကျွန်ပ်တို့ကမ္ဘာ ကြီးပေါ်ရှိ လူသန်းပေါင်း ၇၀၀၀ ထောင်မျှ နေထိုင်လျက်ရှိသော လူသားထုကြီးတစ်ရပ်လုံး၏ ပြောင်းလဲမူများစွာ ဖြစ်ပေါ်နေသည် ကမ္ဘာလုံးဆိုင်ရာ ပြန့်နှံမူ ဖြစ်စဉ်ဖြစ်သောGlobalization ခေတ်ကြီးအတွင်း ဖြစ်သည်။ ပြောင်းလဲနေသော ခေတ်ကြီးထဲတွင် အမြင်သေးသိပ်ပြီး အပေါ်ယံမျှ တင်းတိမ်းနေရုံဖြင့် ပြောင်းလဲမူခေတ်တွင် နစ်မြုပ်သွားနိုင်ချိမ့်မည်။ Globalization ကမ္ဘာပြန့်ဖြစ်စဉ်ကြောင့်် နိုင်ငံတိုင်း၏ အကြီးစားစီးပွားရေး နှင့်တကွ အငယ်စား ၊ အလတ်စားစီးပွားရေး ပုံစံများ တရစပ်ပြောင်းလဲ နေရသည်မှာ ဆယ်စုနှစ် ရာစုနှစ် များပင် ကြာခဲ့ပြီးဖြစ်သည်။ ထိုသည်ကို ပညာရှင်များက ကမ္ဘာလုံး ပြန်နှံမူ ဖြစ်စဉ်ဆိုသည် ကမ္ဘာကြီး၏ ပြောင်းလဲမူများစွာကို ဖြစ်ပေါ်စေနိုင်သော၊ စီးပွားရေး အရှိန်ကို မောင်းနှင်းပေးနိုင်သောကြောင့် Driver of Economy တစ်ခုဟုလည်း တင်စားကြသေးသည်။

၁၉၆၀ နောက်ပိုင်းတွေ့မှာ စက်မှူဖွ ံ့ဖြိုးတိုးတက်လာမူတွေကြောင့် ကမ္ဘာ့စီးပွားရေး သည် သိသိသာသာ တိုးတက်လာခဲ့ပါသည်။ စက်မူ ဖွံ့ဖြိုးတိုးတက်မူမှသည် လူသား၏ စီးပွားရေး နှင့် စားဝတ်နေရေများကို ဖြည့်တင်းနိုင်လိမ့်မည်ဟု ထိုအချိန်က ပညာရှင်များက သတ်မှတ်ကြပါသည်။ ထို့နောက် တွင် အရင်းရှင်စနစ်၊ ထုတ်လုပ်မူစွမ်းအား မြှင့်တင်မူ စနစ်များ၊ အစိမ်းရောင်တော်လှန်ရေး လှုပ်ရှားမူများ green revolution ၊ အသားတင်ကုန်ထုတ်လုပ်မူကို အသားပေးသော စနစ်များ အရှိန်ဟုန်မြင့် ပြုလုပ်လာခဲ့ပါသည်။

ယခုအခါတွင် သိပ္ပံပညာရှင်အများစုက မိမိတို့သွားခဲ့သော စက်မူတော်လှန်ရေး ခေတ်နှင့်တကွ အစိမ်းရောင် တော်လှန်ရေးခေတ် များသည် ပကတိကုန်ထုတ် စွမ်းအားကို တိုးတက်စေ ငြားသော်လည်း လူနှင့် လူပတ်ဝန်းကျင်ကို ဆိုးကျိုးများစွာ ရှိကြောင်းကို ထောက်ပြဝေဖန်ကြသည်။ ရာသီဥတုများ ပြောင်းလဲလာခြင်းနှင့်တကွ သဘာဝဘေးဆိုး အန္တရာယ်များသည်လည်း တစ်စတစ်စ များပြားလာခဲ့သည်။ သို့ဖြင့်ယနေ့ခေတ်တွင် အစိမ်းရောင်တော်လှန် ခေတ်အား ယုတ်ရော့လာစေရန် စိုက်ပျိုးရေး လုပ်ဆောင်ချက်များ တစ်ဖန် လှုပ်ရှားခဲ့ ကြပြန် သည်။

စိုက်ပျိုးရေး စနစ်မှသည် လူနှင့် ပတ်ဝန်းကျင် ကို တစ်ဖန် ပြန်လည် အားကောင်းလာစေသော၊ စိုက်ပျိုးခြင်း လုပ်ငန်းများမှသည် လုပ်ဆောင်ချက်များစွာ ပါဝင်သော စနစ် Multifuntional agriculture ကိုယခု အခါများတွင် ဦးစားပေးလုပ်ဆောင် လာကြပြန်ပါသည်။

Globalization ခေတ်ကြီးတွင် စက်မူနှင့် အီလက်ထရွန်နစ် များ အဆမတန် မြင့်မားထွန်းကားနေသော ကမ္ဘာကြီးတွင် စိုက်ပျိုးရေး ကဏ္ဍ ယုတ်လျေ့ာ သွားပြီးလော့၊ ကျေးလက်ဒေသ၏ အခန်းကဏ္ဍ များ ရပ်တန့်သွားပြီးလော့၊ ကျေးလက်ဒေသများ သေဆုံးသွား ပြီးလော့ ဆိုသော “ကျေးလက်သေဆုံးခြင်း” စာတမ်းများ ရေးဖွဲ့နေ ပြီး၊ ကျေးလက်နှင့် စိုက်ပျိုးရေး ကို မီးမောင်းထိုးလာ ကြပါသည်။ အဘယ်ကြောင့်ဆိုသော် စိုက်ပျိုးရေးလုပ်ငန်းတွင် ဝင်ငွေနည်းပါးလာခြင်း၊ ရာသီဥတု ပေါ်မူတည်၍ လုပ်ကိုင်ရသော စိုက်ပျိုးရေး၏ ဝင်ငွေ သေချာမူအားနည်းခြင်း နှင့် အခက်ခဲများ စွန့်စားမူများရှိလာခြင်း၊ ကျေးလက်ကို တစ်စတစ်စ စွန့်ခွွါလာကြပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ နည်းပါးလာခြင်း၊ စက်မူစီးပွားရေး ကို ဦးစားပေး တည်ဆောက်လာခြင်း၊ ကျေးလက်ဒေသများ အားစွန့်ခွာ၍ မြို့ကြီးများသို့ပြောင်းရွေ့အလုပ် ကိုင် ရှာဖွေလာကြခြင်း၊ ဆိုခဲ့ပါ ကမ္ဘာပြန့်ဖြစ်စဉ် ကြောင့်ပင် နိုင်ငံတစ်နိုင်ငံခြင်း ကူးလူးဆက်သွယ်၍ ပြည်ပသို့ အလုပ်ထွက်လုပ်ကိုင်ကြခြင်း၊ စသော အကြောင်းအရာများကြောင့် ကျေးလက်ဒေသသည် လူသူလေးပါး အနေထိုင်နည်းပါးလာပြီး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ဆောင်သူ နည်းပါးလာမူများ ကြောင့် ကျေးလက်ဒေသ သေဆုံးပြီးလော့ ဟူသော စာတမ်းများဖြင့် ပညာရှင်များက သတိပေးနိုးဆော်နေကြခြင်းဖြစ်သည်။

သို့သော် တချို့ ပညာရှင်များသည် ကျေးလက်ဒေသသည် သေဆုံးခြင်းမဟုတ်ဟု ငြင်းဆန် နေကြသည်။ ကျေးလက်ဒေသသည် စွမ်းပကားများ (Rural Power) စွမ်းအားများဖြင့် ဆက်လက် ရှင်သန်နေဆဲ ဖြစ်သည် ဟု ငြင်းဆိုခဲ့ကြသည်။ မြန်မာ့နိုင်ငံ၏ ကျေးလက်သည် လည်း သေဆုံးပြီးလော့ ဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ မြန်မာကျေးလက်သည် ယခုအချိန်ထိပင် ကျေးလက်စွမ်းပကား စွမ်းအားများဖြင့် ရှင်သန် နေဆဲ ဖြစ်ပါသည်။ ကျေးလက် စွမ်းအားဆိုသည် ကို လူထု အခြေခံလိုအပ်ချက်များတွင် မူတည်၍ တိုင်းတာနိုင်သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့ကြီးများ တွင်နေစေကာမူ ကျေးလက်ကို တစ်နေ့ လျှင် အနည်းဆုံး ၃ ကြိမ်တော့ဖြင့် မှီခို အားထားနေရဆဲ ဖြစ်ပါသည်။ ပထမဦးဆုံး အိပ်ယာထ လိုက်ပြီးဆိုသည်နှင့် စားသောက်ရန်အလို့ငှာ အစားအစာ (Food) လိုအပ်မည်ဖြစ်သည်။ ဒုတိယအနေဖြင့် အဝတ်အစား (Cloth) ကို တောင်သူဦးကြီး များမှ ဖန်းတီးမှသာ၊ ကျေးလက်မှ ပံ့ပိုးမှသာ ရရှိသည်ဖြစ်သည်။ (ဥပမာ- ဝါ) ။ တတိယအနေဖြင့် နေစရာဖန်တီးမူ (Shelter) ဖြစ်ပါသည်။ အကျဉ်းအားဖြင့် သုံးခု ဟုသာ အမည်တပ်ပေသိ၊ အမှန်တကယ်တွင် သည်ထက်မက ကျေးလက်ကို မှီခိုအားထား နေကြရမြဲဖြစ်ပါသည်။ ဤသည်ကို ပညာရှင် Michael Bill အဖွဲ့မှ အထက်ပါ အချက် သုံးချက်ပေါ်မူတည် ၍ ကျေးလက်မှ လာသော ကျေးလက်စွမ်းအား (Rural Power) ဟုအမည်တပ်ပါသည်။ တချို့ ဒေသများတွင် အစာရေစာ ငတ်မွတ်ခြင်း၊ ခေါင်းပါးခြင်းများ ရှိနေပြီး အစားရေစာလိုအပ်မူ Demand သည်ပိုမို ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် ကျေးလက်အရင်းမြစ် စွမ်းအားမှ သည် ကျေးလက်စွမ်းပကား (Power of the Rural) ကိုဖန်းတီးနိုင်သည် ဟုလည်း ဆိုပါသေးသည်။

ကျွန်ပ်တို့မြန်မာနိုင်ငံသည် ကျေးလက်နေပြည်သူများ အများစုနေထိုင်သော တိုင်းပြည် တစ်ခုဖြစ်ပြီး ၇၀%သော လူဦးရေသည် ကျေးလက်တွင် နေထိုင်လျက် စိုက်ပျိုးရေးကို အခြေခံပြီး လုပ်ကိုင်စားသောက်နေကြပါသည်။ ထို့ကြောင့် ကျေးလက်နေပြည်သူအများစု ဖြစ်နေသည့်အတွက် နိမ့်ကျလှသည်ဟု မဆိုသာ။ ကျေးလက်ဒေသ ဖြစ်နေခြင်းပင် သည်လျှင် ကျေးလက်စွမ်းအား (Rural Power) များ မြင့်မားသော မြန်မာနိုင်ငံတော် ဖြစ်သည်။ ကျွန်ပ်တို့၏ ကျေးလက်ဒေသများသည် ထိုအခွင့်အရေး ကိုလက်ဝယ် ပိုင်ပိုင် ကိုင်ဆောင် ထားနိုင်ဖို့လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ပ်တို့တွင် ကျေးလက်ဒေသ အများအပြားရှိခြင်း၊ စိုက်ပျိုးရေးကို အသက်မွေး ဝမ်းကြောင်း လုပ်ကိုင်သူ လယ်သမားများ စွာရှိနေသေးခြင်း (နိုင်ငံအများစုတွင် စိုက်ပျိုးရေး လုပ်သားရှားပါးမူ ဖြစ်နေခြင်း)၊ စိုက်ပျိုးလုပ်ကိုင်စရာ သဘာဝ အရင်းအမြစ်များ ရှိခြင်း၊ သဘာဝရေမြေ အနေအထားအရ လုပ်ကိုင် ဆောင်ရွက်ရန် အခွင့်သာခြင်း၊ စသောအကြောင်းခြင်းရာများစွာ အားကောင်းနေ သည်အတွက် ကမ္ဘာမှာ မြန်မာသည် Rural Power မြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်နေ ပါသေးသည်။ ကျွန်ပ်တို့ လက်ဝယ်ရှိနေသော ပတ္တမြားကို အရောင်သွင်း ဖို့ရန်သာ လိုအပ်ပါတော့သည်။ သို့သော်ငြားလည်း ကျေးလက်ဒေသဖွ ံ့ဖြိုး မူဆိုသည် အပြောဖြင့်သာ လွယ်ကူသလောက် လက်တွေ့ အနေအထားတွင် ခက်ခဲနေသော စိန်ခေါ်မူအရပ်ရပ် ကျန်ရှိနေပါသေးသည်။

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အသေးစားအလတ်စား ချေးငွေ ထုတ်ချေးခြင်းများ၊ နိုင်ငံ၏ကုန်ထုတ်မူစွမ်းအား မြင့်မားတိုးတက်စေရေအတွက် input subsidy ဟုခေါ်အပ်သော အခြေခံအထောက်အပံ့များ နှင့် ဓါတ်မြေသြဇာ၊ မျိုးစေ့များ ပေးအပ်ခြင်း စသော လုပ်ငန်းများအား အကောင်ထည်ဖော်ဆောင် လျက်ရှိသည်ကို တွေ့မြင်နေရပြီး ဖြစ်ပါသည်။ ရေအရင်းအမြစ် ရှားပါးလာချိန်တွင် ယခင်ဆည်ရေသောက် စီမံကိန်းများမှသည် ရေအရင်းအမြစ်ကို ထောက်ပံပေးနိုင်ခဲ့ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် ၂ နှစ်အတွင်း ဆည်ရေသောက်စီမံကိန်း ၂၂၈ ခု နှင့် ကျေးလက် တာတမံများစွာ ဆောက်လုပ်ပေးနိုင်ခဲ့သည်။ ရေအရင်းမြစ် တစ်စတစ်စ ယုတ်လျော့ လာနေသော ခေတ်အခါများတွင် ရေနှင့် ဆည်သောက်ရေ စိုက်ပျိုးရေးလုပ်ဆောင် ချက်များသည် နိုင်ငံ၏ စိုက်ပျိုးရေးဝင်ငွေကို ကြံကြံခံ ဖြည့်တင်းပေးနိုင်မည် ဖြစ်သည်။

လက်ရှိ မြန်မာကျေးလက် တောင်သူများ၏ စီးပွားရေးသည် ထင်သလောက် ခရီးမပေါက်ပဲ ရှိနေသည်။ ပြောင်းလဲလာသော ရာသီဥတု အနေအထားများကြောင့် စိုက်ပျိုးရေးထုတ်လုပ်မူ များတွင် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေ ရပါသည်။ တောင်သူ လယ်သမားအနေဖြင့် တိကျသော စျေးကွတ် အနေအထားမရှိသေးခြင်း၊ နည်းပညာမှသည် အခြေခံသတင်းအချက်အလက်များ ဖြင့် အားနည်းခြင်း၊ ပြောင်းလဲလာနေသော ရာသီဥတုဒဏ်ကို ခံစားနေရခြင်း၊ ပကတိ စိုက်ပျိုးရေးအရင်းအနှီး အားနည်းခြင်း ကြောင့် တစ်နိုင်တစ်ပိုင် စီးပွားရေးပုံစံအများစု ဖြစ်နေခြင်း စသည့်အကျိုးခြင်းရာ အများစု ကြောင့် တစ်ဦးချင်း၏ အသာတင်စီးပွားရေးသည် ခန့်မှန်းထားသည့်အတိုင်း တိုးတက်ခြင်း မရှိခဲ့ပေ။

အထက်ဆိုခဲ့ပါ မြန်မာ့ကျေးလက်ဖြင့် ကမ္ဘာကို ရင်ဘောင်တန်းစိန်ခေါ်မူ ပြုလုပ်ရန်အတွက် ကျွန်ပ်တို့တွင် စိန်ခေါ်မူအများအပြား ကျန်ရှိနေပါသေးသည်။ ကမ္ဘာကို ရင်ဘောင်တန်းနိုင်ရန် ထားလို့၊ အရှေ့တောင် အာရှစီးပွားရေး အသိုက်အဝန်း Asian Economic Community (AEC) ကို ပင် ယှဉ်ပြိုင် ရင်ဆိုင်ရန် အားပျော့နေသေးသည်ဟု ထင်မြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ကုန်ထုတ်လုပ်မူ ပြုလုပ်သည်ဆိုသည်နှင့် ယှဉ်ပြိုင်မူသည် ရှိနေ မည်ဖြစ် ပါသည်။ ယှဉ်ပြိုင်မူတိုင်းတွင် သတ်မှတ်သော ပန်းတိုင်းအဆင့်အတန်း Standard ရှိသည်။ ထိုသို့သော အဆင့်အတန်းများကို သိရှိရန်အတွက် ကမ္ဘာကို လေ့လာရန်လိုအပ်သည်။ ကမ္ဘာစျေးကွတ်စနစ်ကို သိရှိရန် လိုအပ် သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်မူ မှသည် နိုင်ငံလုံး စီးပွားရေးကို အကောင်အထည် ဖော်မည်ဖြစ်သော၊ စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မူ မြင့်မားနေဆဲဖြစ်သော မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးပညာရှင် Agriculturists များ လိုအပ်ပါလိမ့်မည်။ ထို့ပြင် စီးပွားရေးပညာရှင်များ Economists လည်း လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခုအချိန်ထိပင် ပညာရှင်များလိုအပ်နေသေးဆဲဖြစ်သည်။

ထို့ပြင် ကမ္ဘာစျေးကွတ်ကို အနည်းငယ်အကျမ်းဖျင်း ဖော်ပြလိုသည်။ လွန်ခဲ့သော အတိတ်ကာလများတွင် စျေးကွတ်တွင် လိုအပ်မူ များအရှိန်မြင့်နေသော ကြောင့် Demand လိုအပ်မူသည် အရေးကြီးသော စံတစ်ခုဖြစ်သည်။ ထို့ကြောင့် နိုင်ငံအများစုသည် ထုတ်ကုန်ကို ဦးစားပေးသော စိုက်ပျိုးရေးစနစ်များ၊ကုတ်ထုတ်လုပ်မူ စနစ်များ ၊ Green Revolution ကို အခြေခံပြီး ထုတ်ကုန်စွမ်းအားမြှင့်ကြပါသည်။ သို့သော် ယခု ခေတ်ကာလများတွင် ယှဉ်ပြိုင်မူ ပုံစံများ တရစပ်ပြောင်းလဲခဲ့ပြီး၊ တိုးတက်လာသော Globalization တွင် Demand လိုအပ်မူသည် အဓိက မဟုတ်တော့ပဲ၊ ရွေးချယ်ခြင်း စနစ် Consumer’ preference သည် အဓိက စံတစ်ခု ဖြစ်ခဲ့ပါသည်။

ထို့ကြောင့် စိန်ခေါ်မူ၊ ယှဉ်ပြိုင်မူများကို ဝံ့နိုင်ရန်မှာ ကြိုတင်ပြင်ဆင်ခြင်းသာလျှင် အရာရောက်လိမ့်မည်ဖြစ်ပါသည်။ စျေးကွက်၏လိုအပ်မူ အရ ထုတ်ကုန်ကို စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ စျေးကွတ်သို့တင်ပို့ရောင်းချ ခြင်းတည်းဟူသော အကြောင်းအရာများသည် ကျွန်ပ်တို့၏ လက်ရှိ စိန်ခေါ်မူတစ်ရပ်ဖြစ်သည်။ စိုက်ပျိုးခြင်း အပိုင်းတွင် အရည်အသွေးမှီသီးနှံကောင်းများ စိုက်ပျိုးထုတ်လုပ်ရေး၊ မျိုးကောင်းမျို့စေ့ ထုတ်လုပ်ရေး၊ ပိုးမွှားနိုင်နင်းရေးစသည့်စသည်များ လိုအပ်ပါသည်။ ရိတ်သိမ်းခြင်း အတက်ပညာ၊ နည်းပညာများ၊ သိုလှောင်ခြင်း နည်းပညာများ၊ ထုတ်ပိုးခြင်း နည်းပညာများလည်း လိုအပ်မည်ဖြစ်ပါသည်။ စျေးကွတ်သို့တင်ပို့ရာတွင် လည်း စျေးကွတ်ပုံစံအညွန်း Index နှင့် အရည်အသွေး နင့် အရည်အချင်း quality and standard များကို လေ့လာရမည် ဖြစ်ပါသည်။ ဤသည်များကို စိုက်ပျိုးရေး ပညာရှင်များမှသည် တောင်သူ လယ်သမားများ သိရှိလာနိုင်သည်အထိ နည်းပညာ သင်တန်း များ ဖြန့်ဝေခြင်း၊ နည်းပညာ ပံ့ပိုးခြင်းများ၊ စနစ်တကျ စျေးကွက် တည်ဆောက်ခြင်း၊ တောင်သူအခြေ ထိဆင်းသက်ပြီး အသေးစိတ် ဆွေးနွေးပေးခြင်း များကို ထဲထဲဝင်ဝင် ပံ့ပိုးပေးရ မည်ဖြစ်ပါသည်။ သို့မှသာ စျေးကွက်ကို ကြိုတင်ပြင်ဆင် ရာ ကျပြီး စျေးကွက်၏ ယှဉ်ပြိုင်နိုင်စွမ်းအား မြှင့်တက်လာနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ပ်တို့ ကျေးလက်အား အသက်သွင်းရာတွင် စျေးကွတ်စီးပွားရေး စနစ်ဖြင့် ဦးတည် ဆောက်ရွက်သင့်ပါသည်။

ထို့ပြင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်စေရေး အတွက် ခိုင်မာသော စည်းမျဉ်း၊ စည်းဘောင် များကို ချမှတ်ရန်လည်းလိုအပ်ပါသေးသည်။ စည်မျဉ်းစည်းဘောင် တောင့်တင်း ခိုင်မာမူသည် ကျေးလက်နေပြည်သူများ၏ ဘဝကို အကာအကွယ်ဖြစ်စေပါလိမ့်မည်။ ဆင်းရဲတွင်းမှ ကယ်ထုတ်နိုင်သော နည်းလမ်းတစ်ခုအဖြစ် ကမ္ဘာပညာရှင်များမှ သတ်မှတ်နေရပြီးဖြစ်ပါသည်။ ယခုအခါ ကမ္ဘာစီးပွားရေးပျက်ကပ်ခြင်း ဂယတ်များ၊ ရာသီဥတု ဆိုးကျိုး ဂယက် များကြောင့် ကျေးလက်နေ ဆင်းရဲသားအများစု ခံစားကြရပါသည်။ ဂယတ်တစ်ခုဖြင့် ထိတွေ့မှီပါက ကျေးလက် ဆင်းရဲသား လူအများစု အနေဖြင့် ပြန်လည် ဖွံ့ဖြိုး လာစေရန် စီးပွားရေးပြန်လည် အားကောင်း လာစေရန် ၊ လူနေမူ အဆင့်မြင်းမား လာစေရန် စသော အကြောင်းအရာများကို ပံ့ပိုးနိုင်မူ အံ့တုနိုင်မူ အလားအလာ များ လွန်စွာအားနည်း မူကြောင့် ကမ္ဘာ့ဒေသအများအပြားတွင် ကျေးလက်နေ တောင်သူအများစု ဆင်းရဲသထက်ဆင်းရဲ နွမ်းပါး ကြရပြန်ပါသည်။ ထို့ကြောင့် ပညာရှင်အများစုက ပေါ်လစီ၏ အရေးပါ အရာရောက်မူများ၊ စည်းမျဉ်းစည်းစနစ်၏ အရေးပါမူများနှင့် ခေါင်းဆောင်ပိုင်းတို့၏ အရည်အသွေးများကို ထောက်ပြ နေကြရသည်ဖြစ်ပါသည်။

ထို့ပြင် ဗဟိုမှစီမံ ခန့်ခွဲမူများ နှင့် ဗဟိုချုပ်ကိုင်သော စီးပွားရေး စနစ်သည် ပကတိတွင် အကျိုးသက်ရောက်မူလည်း အားနည်းနေတက်ပါသည်။ အဘယ်ကြောင့်ဆိုသော လူမူဗေဒနည်းအရ လူတို့သည် အကျင့်ပျက် လာဒ်စားတက်ခြင်း (Corruption) ၊ အဆင့်ဆင့်တာဝန်ပေးအပ်ခြင်းသည် ပကတိအခြေအနေကို သိရှိရန်ခက်ခဲခြင်း၊ နည်းပညာဖြန့်ဝေမူ အားနည်းလာနိုင်ခြင်း နှင့် ရေရှည်စီမံကိန်းများတွင် လူတို့၏လုပ်ဆောင်မူ အားနည်း လာတက်ခြင်းများ ရှိခြင်း ကြောင့် ဟု ဖော်ပြခဲ့ကြပါသည်။ လူမူဗေဒပညာရှင် Norman Long က ရေရည်ဖွံ့ဖြိုးမူများအတွက် ဗဟိုချုပ်ကိုင်မူကို ခွာချပြီး လူတစ်ဦးတစ်ယောက်ချင်းစီး ပါဝင်လာနိုင်ပြီးအကျိုးတူ စီမံခန့်ခွဲခြင်း ဟူသော Participatory Approach ကို အသုံးပြုဆောင်ရွက် ကျရန်တိုက်တွန်း နိုးဆော်လျက် ရှိပါသည်။

ကျေးလက်အများစု ၏ စီးပွားရေးကို ဖန်တီးပေးနိုင်သော လယ်ယာထွက်ကုန် စျေးကွက်များ အားနည်းခြင်း၊ စျေးကွက်၏ ပံ့ပိုးပေးနိုင်မူ အားနည်းခြင်း၊ အစိုးရ ပိုင်း ဆိုင်ရာများ၏ စျေးကွက်ကို ဖန်းတီမူ အားနည်းခြင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးစနစ်ကြောင့် စျေးကွက်မှီ ထုတ်ကုန်များ မပ့ံ့ပိုးနိုင်ခြင်း၊ အရည်အသွေး နိမ့်ကျခြင်းများ၊ ပွဲစားများ၏ ကျေးလက် စျေးကွက်အား ချယ်လှယ်ခြင်းများ စသော ကွင်းဆက်များကြောင့် ကျေးလက် စီးပွားရေးသည် တစ်စတစ်စ ပျက်ယွင်းလာနိုင်ပါသည်။

ထို့ကြောင့် ကောင်းမွန်သန့်ရှင်းသော အစိုးရအဖွဲ့အစည်းများ၊ စည်းမျဉ်းစည်းဘောင်များ ဖြစ်ထွန်းလာရန် အရေးကြီးပါသည်။ သို့မှသာ ဂယတ်များအား ပြန်လည်ခုခံနိုင်သော အင်အားများ ကျေးလက်တွင် ပြည်လည်ရှင်သန်လာ မည်ဖြစ်ပါသည်။ စည်းမျဉ်းစည်းဘောင်များကို ဖန်တီးရေးဆွဲသော Stakeholder များအနေဖြင့် အခြေခံလူနည်းစု ပါဝင်ဆွေးနွေးနိင်သောလူထုအခြေပြု Participatory Approach ကို ဦးစားပေးသင့်ပါသည်။ အရေးကြီးသော ဆုံးဖြတ်ချက်များ အားဖန်တီးသော Policy maker များအနေဖြင့်လည်း တစ်ကိုယ်ရည်စီမံ ကွပ်ကွဲမူမှသည် အများလူထူပါဝင်ဆွေးနွေးနိုင်စေရန်ကို ရှေးရှုး ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ကောင်းမွန်သော လယ်ယာမြေ စနစ် များဖြစ်ထွန်းပေါ်ပေါက် စေရေး၊ ပွင့်လင်းမြင်သာမူ ရှိစေ မူများရှိစေရေး နှင့် သန့်ရှင်းသော အစိုးရအဖွဲ့အစည်းများဖြစ်ထွန်းပေါ်ပေါက် ရေးများသည် လည်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လွန်စွာအရေးကြီးသော အကြောင်းခြင်းရာများ ဖြစ်ပါသည်။

နိဂံုး

ထို့်ကြောင့် ပြောင်းလဲနေသော ကမ္ဘာအသိုက်အဝန်းတွင် ပြောင်းလဲမူများကိုမျက်ကွယ်ပြုထား ပါက တိုးတက်မူအချိန်များ နှောင့်နှေးရာရောက်မည်ဖြစ်သောကြောင့် ပြောင်းလဲမူနှင့်အညီ မြန်မာနိုင်ငံလုံး ဆိုင်ရာအသာတင် စီးပွားရေးတိုးတက်စေရန် မြန်မာ့ကျေးလက်စီးပွားရေးမှသည် ခေတ်မီဖွ ံ့ဖြိုး သော လူ့ဘောင်တစ်ရပ်ဖြစ်ထွန်းလာစေရေး၊ ကျေးလက်စီးပွားရေးမှ သည် ရေရှည် ဖွ ံ့ဖြိုး တိုးတက်သော အနာဂတ်ဆီသို့ ဦးတည်မောင်းနှင် နိုင်ရေး၊ ကျေးလက် စီးပွားရေးမှ ယှဉ်ပြိုင်နိုင် စွမ်းအားမြင့်တက် စေရန်အတွက် စိန်ခေါ်မူများကို ဖြေရှင်းနိုင်ရေး စသည့်အကြောင်းအရာများသည် နိုင်ငံသားအများစု၏ တာဝန်ဖြစ်သောကြောင့်၊ ကိုယ်စီကိုယ်ငှ ပူးပေါင်း ပါဝင်ဖြေရှင်း လျက် ၊ အနာဂတ် မျိုးဆက်သစ် တိုးတက်ရစ်ဖို့အတွက် နိုင်ငံတော်ဖခင်ကြီးဖြစ်အောင် ဗိုလ်ချုပ်အောင်ဆန်း မိန့်မှာသကဲ့သို့ အများသူငှါထက် လေးငါး ဆယ်လှမ်း လှမ်းသွားနိုင်သော အလုပ်နှင့်ဉာဏ်ပညာ ရှိကြသော ပြည်သူများဖြစ်ကြစေကြောင်းဖြင့် ဆွေးနွေး တင်ပြအပ်ပါသည်။

အောင်ထွန်းဦး (၁၇.သြဂတ်. ၂၀၁၃)

Reference:
Bell, M.M, Lloyd, S.E, and Votovec, C. 2010. “Activating the Countryside: Rural Power, the Power of the Rural and the Making of Rural Politics”, © 2010 The Authors. Journal Compilation © 2010 European Society for Rural Sociology, Published by Blackwell Publishing, 9600 Garsington Road, Oxford OX4 2DQ, UK Sociologia Ruralis, Vol 50, Number 3, July 2010 .

Norman Long, 1999. “THE MULTIPLE OPTIC OF INTERFACE ANALYSIS”,
UNESCO Background Paper on Interface Analysis, Wageningen, 12 th October 1999.

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"နတ်တော်၊ ပြာသို ကြံဖျားချို"