ဦးနှောက်သီး သို့မဟုတ် သစ်ကြားသီး

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ မူရင်းဒေသ

သစ်ကြားပင်၏ မူရင်းဒေသမှာ အမေရိက၊ သမပိုင်းဒေသများ၊ အီရန် ဖြစ်ပါသည်။ မြန်မာအမည် သစ်ကြားသီးပင် အင်္ဂလိပ်အမည် WALNUT၊ ရုက္ခဗေဒအမည်မှာ Juglans regia၊ မျိုးရင်းအမည်မှာ JUGLALNDACEAE ဟူ၍ ခေါ်ဆိုကြသည်။ စိုက်ပျိုးသည့်ဒေသများမှာ အေးသောဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်နှင့် ချင်းပြည်နယ်များတွင် စိုက်ပျိုးနိုင်သည်။

၂။ ရေမြေရာသီဥတု

အေးသောဒေသတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ အပင်ငယ်စဉ်တွင် နှင်းခါးဒဏ်ကိုကြောက်၍ ရေဝပ်လွန်းသောမြေမျိုးကို မနှစ်သက်ချေ။ အမြင့်ပေ ၁၄၀၀ အထက် ကုန်းမြေမြင့်ဒေသများတွင် စိုက်ပျိုးနိုင်သည်။

၃။ မြေပြုပြင်ခြင်း

တစ်ပင်နှင့်တစ်ပင် ၅၀x၅၀ ပေ အကွာအဝေးထား၍ သုံးပေပတ်လည် စိုက်ကျင်းများတူး၍ စိုက်ပျိုးရပါမည်။ ရာသီသီးနှံများနှင့်လည်း သီးညုပ်ရော၍ စိုက်ပျိုးနိုင်ပါသည်။

၄။ မျိုးပွားခြင်း

အစေ့ကို ပျိုးထောင်၍ မျိုးကောင်းမျိုးသန့်ပင်နှင့် ကိုင်းကူးပြီးစိုက်ပျိုးနိုင်ပါသည်။

၅။ ပျိုးထောင်ခြင်း

သစ်ကြားစေ့ကို ပင်ကြား၊ တန်းကြား ၁x၄ ပေ ခွာ၍ မြေမွ ကောင်းမွန်အောင် ပြုပြင်ထားသော ပျိုးခင်းတွင် စိုက်ပျိုးရပါမည်။ နွေအခါ ရေပေးသွင်း၍ နှင်းခါးဒဏ်ကိုလည်း အကာအကွယ်ပေးရပါမည်။ အပင်သက် တစ်နှစ်သားခန့်အရွယ်၊ အပင်အမြင့် နှစ်ပေခန့်ရှိသောအခါတွင် မျိုးကောင်းသော နှစ်သက်ရာ သစ်ကြားပင်နှင့် ကိုင်းကူးရပါမည်။ ကိုင်းကူးပင်သည် ပထမနှစ်တွင် ရှစ်ပေအထိမြင့်လာနိုင်ပါသည်။ တစ်နှစ် နှစ်နှစ် ကြာသည်အထိ ကိုင်းကူးပင်ကို ပြုစုထားရပါမည်။

၆။ စိုက်ပျိုးခြင်း

ပြုပြင်တူးဖော်ထားသည့် စိုက်ခင်းတွင် ပင်သက် တစ်နှစ် နှစ်နှစ်ခန့်ရှိပြီး အပင်အမြင့် ရှစ်ပေ ဆယ်ပေခန့်ရှိလာချိန်တွင် မြေလုံးမပျက်တူး၍ ကျင်းအတွင်းသို့ ပြေင်းရွှေ့စိုက်ပျိုးရပါမည်။ အပင်ရှင်သန်လာလျှင် ပင်စည် ကိုင်းဖြာထွက်မှုကို လိုအပ်သလို ကိုင်းဖြတ်ပြုပြင်ပေးရပါမည်။ ငါးပေခန့်သာ အမြင့်ချန်၍ ကိုင်းဖြတ်ပေးပါက ကိုင်းဖြာမှု ပိုမိုကောင်းမွန်ပါသည်။ တစ်ဧက ပင်ရေ ၁၇ ပင်ခန့် ဝင်ဆန့်နိုင်ပါသည်။

၇။ ရေသွင်းခြင်း

အပင်ငယ်စဉ် ခြောက်သွေ့ရာသီတွင် ရေပေးသွင်းရန် လိုအပ်ပါသည်။

၈။ အပင်ပြုစုခြင်း

အပင်တွင် အခက်များလွန်းပါက ချိုင်ပေးရပါမည်။ သက်ရင့်အပင် ဖြစ်သည့်အတွက် ပင်ကြားအတန်းကြား များတွင် ပေါင်းမြက် ချုံပင်များ ရှင်းလင်းပေးခြင်း၊ အပင်တွင် ကိုင်းခြောက် ကိုင်းသေများ ရှင်းလင်းပေးခြင်းတို့ ဆောင်ရွက်ရပါမည်။

၉။ အထွက်နှုန်း

အပင်သက် ခြောက်နှစ်သားတွင် စတင်သီးသည်။ ၁၀နှစ်သား အရွယ်တွင် သီးထွက်ပိုများလာသည်။ သီးထွက်အများဆုံး အပင်သက်မှာ ၂၀ နှစ်သားခန့် ဖြစ်ပါသည်။ အပင်သက် ၁၀၀ ကျော်အထိ ရှိနိုင်သည်။ သီးထွက်မှာ တစ်ဧကလျှင် ပိဿာ ၃၀၀ မှ ၄၀၀ အထိ ထွက်ရှိနိုင်ပါသည်။

သစ်သီးဝလံ စိုက်ပျိုးနည်း စာအုပ်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်