‌ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်‌ဆေးရာတွင် လိုအပ်သည့်အချက်များ

06/06/2022 11:00 AM တွင် Rio Amora Rio Amora မှ ရေးသား

 

ရေနမူနာများပေးပို့ရာတွင်

-အနည်းဆုံးရေ ၁လီတာအား နမူနာပေးပို့ရပါမည်။

-နမူနာယူသည့် ကန်အမည်၊ အချိန်၊ ရက်စွဲများဖော်ပြပေးရပါမည်။

-အောက်ဆီဂျင်ပျော်၀င်မှုတိုင်းတာရန်အတွက် ပေးပို့သည့် နမူနာရေဘူးအား နေရောင်ခြည်နှင့်တိုက်ရိုက်မထိစေရန် သတင်းစာစက္ကူဖြင့်အလုံပတ်၍‌ ၆နာရီအတွင်း ပေးပို့ရပါမည်။

-ကာဗွန်ဒိုင်အောက်ဆိုက် ပါ၀င်မှုတိုင်းတာရန်အတွက် အပူချိန် ၄ဒီဂရီစင်တီဂရိတ် လျှော့ချသယ်ရမည်။ထိုသို့သယ်ဆောင်ခြင်းဖြင့် ဓာတ်ခွဲရာတွင်တိကျမှုအကောင်းဆုံး ဖြစ်ပြီး ဝေးလွန်းသည့်ဒေသဖြစ်ပါက ဓာတ်ခွဲခန်းသို့ ၅ရက်အတွင်း အရောက်‌ပေးပို့ရမည်။

 

မြေနမူနာများပေးပို့ရာတွင်

-မြေနမူနာများအား အတက်နိုင်ဆုံး ရေပါ၀င်မှုနည်းသောနေရာမှမြေသားကိုယူရမည်။

-‌မြေနမူနာ အနည်းဆုံး၁၅ကျပ်သားခန့် ပေးပို့စစ်ဆေးရမည်။

-နမူနာယူသည့် ကန်အမည်၊ အချိန်၊ ရက်စွဲများဖော်ပြပေးရပါမည်။

-ကန်အသစ်မှမြေသားဖြစ်ပါက အနက် ၃ပေ သို ၅ပေ မှမြေသားအား‌ပေးပို့ရမည်။

-ကန်အဟောင်းဖြစ်ပါက အနက် ၁ပေ မှမြေသားအားပေးပို့ရမည်။

-ကန်အကျယ် ၁ဧကအတွင်းအနည်းဆုံး မြေနမူနာ ၁ခုပေးပို့ရမည်။

-စစ်‌ဆေးမည့်မြေနမူနာများအား ၅ရက်အတွင်း ဓာတ်ခွဲခန်းသို့ ပေးပို့ရမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်