အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နိုင်၍ မိုးများဆက်ရှိနိုင်

09/08/2022 14:38 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အလယ်ပိုင်း မိုးနည်းရေရှားဒေသမှာ ဩဂုတ် ၁၃ ရက်နေ့အတွင်း ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပြီး အဲ့ဒီအရှိန်နဲ့ မိုးရွာတာတွေ ထပ်ရှိနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

ဒီကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်နိုင်တဲ့နေရာဟာ ဟားခါး၊ ဂန့်ဂေါ၊ မင်းကင်းနဲ့ကနီ ဒေသလေးခုရဲ့ အလယ်ကြားလောက်မှာဖြစ်ပြီး ၁၃ ရက် မနက်အစောပိုင်းမှာ စဖြစ်မှာဖြစ်ကာ အဲ့ဒီနေ့ ည ၈ နာရီလောက်မှာတော့ အနောက်ဘက်ကို ထွက်သွားမှာဖြစ်တယ်လို့ မိုးလေဝသကြိုတင်ခန့်မှန်း Model တစ်ခုဖြစ်တဲ့ ECMWF ရဲ့ ကြိုတင်ခန့်မှန်းဖော်ပြချက် တွေကို ကိုးကားပြီး ဦးဝင်းနိုင်က ပြောပါတယ်။

“ အဲ့ဒီဟာက အခုအားကောင်းလာမယ့်မုတ်သုံလေတစ်ခုလုံးကို ဗမာပြည်အလယ်ပိုင်းတစ်ခုလုံးကို ဆွဲသွင်းတယ်။ ဆွဲသွင်းတာက ဘယ်အထိရောက်မလဲဆိုတော့ ဟိုး ပင်လည်ဘူးတို့ဘာတို့အထိ ရောက်မှာ။ လေလည်းတိုက်မယ်၊ မိုးလည်းရွာမှာပေါ့။ မြင်းခြံ၊ မြင်းမူ အဲ့ဒီကနေ ရွှေဘို စသဖြင့် အပေါ် တောက်လျှောက်ပေါ့။ ကျွန်းလှတို့ အဲ့ဒီကနေ ကောလင်းအထိပဲ။ အထက်ပိုင်း ရောက်လေလေ လေပြင်းအားလျော့ပြီး မိုးလျော့လေဖြစ်မယ်။ အောက်ဘက်မှာတော့ လျော့မယ်။ မန္တလေးတို့ဘာတို့ဘက်ထိ မိုးများနိုင်တယ်” 

လက်ရှိကြိုတင်ခန့်မှန်းထားချက်တွေအရဆိုရင် မန္တလေးမှာ အဲ့ဒီနေ့အတွင်း တစ်နာရီ ၁၆ မိုင်ကနေ မိုင် ၃၀ ကျော်အထိ လေပြင်းတိုက်နိုင်တာတွေပါရှိတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။ 

ဒီကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဟာ ဖြစ်နိုင်ချေအနေနဲ့ အတော်လေးများပြီး ရာ ခိုင်နှုန်း ၈၀၊ ၉၀ လောက်ထိ ရှိတယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ဒီလေဖိနည်းရပ်ဝန်းပြီးသွားရင်လည်း ၁၄ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုထပ်ဖြစ်လာမယ့်အခြေအနေ ရှိနေလို့ မုတ်သုံအား တောက်လျှောက်ဆက်ပြီးကောင်းနေမှုဟာ ဩဂုတ် ၁၆ ရက်နေ့အထိ ဖြစ်နေနိုင်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာလည်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှုတွေရှိနေပြီး နေရာအချို့မှာတော့ မိုးကြီးရေလျှံမှုတွေ ရှိနေပါတယ်။

Photos Crd_U Win Naing, Myanmar Fire Service Department

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်