ဧပြီ ၇ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဒေသအချို့ မိုးထစ်ချုန်းရွာနိုင်

06/04/2022 16:31 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မနက်ဖြန် ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံဒေသအချို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ECMWF model forecast မှာ ဖော်ပြချက်ကို ကိုးကားပြီး အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင် က ဆိုပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့(ဧရာဝတီ/ရန်ကုန်/ပဲခူး/မွန်-တနင်္သာရီနဲ့ ရှမ်းပြည်နယ်(တောင်/မြောက်)ဒေသအချို့၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်(ကော့ကရိတ်ဝန်းကျင်ဒေသအချို့)မှာ ထစ်ချုန်းမဲ့ အခြေအနေတွေရှိ‌ကြောင်း ECMWF model forecast မှာ တွေ့ရတယ်လို့ ဦးဝင်းနိုင်က သူ့ရဲ့Facebook page မှာ ဖော်ပြထားတာပါ။ 

မိုးရေချိန်ကတော့ ၇၂ နာရီ (၃ ရက် စုစုပေါင်း ၁ လက်မကျော်ကျော်)အထိရှိနိုင်ပြီး မိုးကြီးနိုင်မယ့် ဒေသတွေမှာတော့ ပိုနိုင်တယ်လို့ သိရပါတယ်။

 

" မိုးတိမ်တောင်ကြီးတွေ ဖြစ်နေတာကို ဘယ်လို ကြည့်မလဲ မေးကြပါတယ်။ မိုးတိမ်တောင်ကြီးတွေ ဖြစ်နေတာကို Windy ပေါ်က ဂြိုဟ်တုဓာတ်ပုံမှာ အချိန်နဲ့ တပြေးညီ ကြည့်လို့ ရပါတယ်။ မိုးတိမ်တောင်တွေရဲ့ အမြင့်ကြောင့် သူတို့တိမ်ထိပ်ဖျားမှာ အနှုတ် ၆၅ ဒီဂရီအထိ အပူချိန်ကျဆင်းနေတာတွေ့ရပါမယ်။ သာမန်တိမ်တိုက်တွေက အဲ့သည်လောက် မမြင့်ဘူး အပူချိန်အနှုတ်အထိ ကျတာ မရှိပါဘူး" လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီလိုထစ်ချုန်းမယ့် အခြေအနေမှာ "စိုက်ဆင်းလေပြင်းအန္တရာယ်" နဲ့ "မိုးကြိုး" အန္တရာယ်တွေကို တောင်သူဦးကြီးများ သတိထားကြဖို့ လိုမယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မနက်ဖြန်မနက်အထိခန့်မှန်းချက်မှာတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာစိပ်စိပ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံခရက်ဒစ် - Win Naing Facebook page

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်