မုန်တိုင်းဖြစ်ရန် အလားအလာရှိ

19/10/2018 12:18 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သတိထားကြပါ

သီတင်းကျွတ်လပြည့်နေ့ပတ်ဝန်းကျင်မှာ မုန်တိုင်းဖြစ်ဖို့ရှိနေပါတယ်။

၁၉-၁၀-၂၀၁၈    နံနက်(၁၁း၅၃)နာရီ။

အောက်တိုဘာလ(၂၃-၂၄)ရက် (သီတင်းကျွတ်လပြည့် အဖိတ်နေ့ နဲ့ လပြည့်နေ့)များတွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် အရှေ့လေပွေလှိုင်းတစ်ခုဖြတ်သန်းလာမှုကြောင့် ချောင်းသာ-ငွေဆောင်-ငပလီ ပင်လယ်ဆိပ်ကမ်းအနီးတဝိုက်တွင် မုန်တိုင်းတစ်ခု ကမ်းလျှောက် ရွေ့လျှားသွားနိုင်ပါတယ်။

ခန့်မှန်းချက်အရတော့ (၂၄-၁၀-၂၀၁၈)ရက်နေ့ပိုင်းမှာ ကျောက်ဖြူ နဲ့ သံတွဲကြား ကမ်းခြေကို ဖြတ်ကျော်ဖို့ရှိနေပါတယ်။

ရုံးပိတ်ရက်ရှည်ဖြစ်တဲ့အတွက် ပင်လယ်ကမ်းခြေ ခရီးသွားများသတိထားသွားလာကြဖို့ နှိုးဆော်ပါတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားများ သဘာဝဘေးမှ ကင်းဝေးနိုင်ကြပါစေ။

ဒေါက်တာထွန်းလွင်

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်