မိုးလွန်ကာလ ဖျက်မိုး ရန် သတိ

25/09/2023 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တောင်သူဦးကြီးများအတွက် -

မြန်မာနိုင်ငံက အနောက်တောင်မုတ်သုံဆုတ်ခွာတာနဲ့ ပတ်သက်လို .. မိုးလွန်ကာလ ဖျက်မိုးတွေ သတိထားကြဖို့နဲ့ မိုးလွန်ကာလဖျက်မိုးရန်က သက်သာအောင် ပြင်ဆင်ထားကြဖို့လိုပါပြီ။

IMD က အတိုင်းဆိုရင်တော့ ပုံမှန်ဆုတ်ခွာရက်တွေပေါ့ သူတိုဆီမှာ ၇ ရက်လောက်နောက်ကျပြီးမှ ဆုတ်တယ်၊ ကျနော်တိုက ဘာကြောင့်စောနေတယ်တော့ မသိသေးပါ။

မြန်မာပြည်အလယ်ပိုင်းမှာ အနောက်တောင်မုတ်သုံလေဆုတ်ခွာတာတော့ သေချာပါတယ်။ မိုးဇလကလည်း တင်ပေးထားပြီးပြီ။

အနောက်တောင်မုတ်သုံလေအားနည်းတာနဲ့ အရှေ့ဘက်က လေပွေလှိုင်းတွေ စ ဝင်လာနေတာက မျက်မြင်ပါပဲ။ အောက်တိုဘာ ပထမ ၁ ပတ် ၂ ပတ်လောက်အထိ အရှေ့ဘက်ကလေပွေလှိုင်းတွေ ထပ်ဝင်လာနေဦးမှာပါ။ အရှေ့မြောက်မုတ်သုံလေလည်း အားကောင်းလာဦးမယ်ဆိုရင် မိုးလွန်ကာလမိုးတွေ(ဖျက်မိုးတွေ)ကတော့ လှိမ့်ဝင်လာမဲ့သဘောမို့ပါ။

ဆရာဦးဝင်းနိုင်ရဲ့ သတိပေးချက်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်