အောက်တိုဘာ (၁၅) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

15/10/2021 10:25 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕔ညနေ ၄း၁၇ အချိန် ခန့်မှန်းချက်

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်တွေကို မိုးတွေဝင်ရောက်ဖို့ချောင်းနေပါပြီ။ နောက်နာရီအနည်းငယ်အတွင်း မိုးများစွာရွာသွန်းလာပါတော့မယ်။ ရက်ဝေးရက်နီးခန့်မှန်းပေးထားပြီးလည်းဖြစ်ပါတယ်။ အခု နာရီအနည်းငယ်အလိုမှာ satelitte လေစီးတွေကိုစောင်ကြည့်ထောက်လှမ်းပြီးတော့ ထပ်မံသတိပေးခန့်မှန်းလိုက်တာဖြစ်ပါတယ်။

🕔ညနေ ၄း၁၁ အချိန် ခန့်မှန်းချက်

ချောက်၊ စလေ၊ ဆိပ်ဖြူ မိုးတွေရွာမယ်နော် လျှပ်စီးမိုးကြိုးသတိပြုပါ။

🕔ညနေ ၃း၃၃ အချိန် ခန့်မှန်းချက်

ဧရာဝတီမြစ်ရေတိုးဦးမည်

၂၀၂၁ အောက်တိုဘာလ ၂၁ ရက်နေ့ ၂၂ နေ့တွေမှာ ပူတာအိုခရိုင်၊ မချမ်းဘော၊ နောင်မွန်း၊အထက်ဆန်ခေါင်၊ ပန်နန်းဒင်ဒသတွေမှာ Extreme heavy rainfall. ထူးကဲမိုးတွေရွာနိုင်ပါတယ်။  ကချင်ပြည်နယ် မြစ်ချောင်းရေများ သတိပြုရပါလိမ့်မယ်။

🕔နေ့လည် ၁း၁၅ အချိန် ခန့်မှန်းချက်

မော်တင်၊ မော်တင်စွန်းဘုရားအနီး လျှပ်စီးမိုးကြိုးအန္တရာယ်ရှိပါတယ်။

🕔နေ့လည် ၁း၀၈ အချိန် ခန့်မှန်းချက်

ပေါက်မြို့ ကန်တောရွာ၊ အင်းကန်ရွာ၊ သဖန်းတောင့်ရွာ၊ ကင်မွန်းတောင့်ရွာ၊ လယ်သာဝရွာ၊ ကျွန်းရင်းရွာ၊ နတ်စင်ကုန်းရွာ၊ မိချောင်းတွင်းရွာ၊ ပျဥ်ချောင်းရွာ၊ ရွာတန်ရှည်ရွာများ လျှပ်စီးမိုးကြိုးအန္တရာယ်ရှိပြီး မိုးရွာနိုင်ပါတယ်။

🕔နံနက် ၉း၀၃ အချိန် ခန့်မှန်းချက်

နောက် ၇၂ နာရီအတွင်း တင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မိုးကြီးရေလျှံနိုင်ပါတယ်။

𝙎𝙐 𝙎𝙐 𝙎𝘼𝙉

𝙎𝙀𝙉𝙄𝙊𝙍 𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏

𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &

𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်