အောက်တိုဘာ (၁၇) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

17/10/2021 09:41 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕔နံနက် ၈း၁၀ အချိန် ခန့်မှန်းချက်

နောက် ၂၄ နာရီအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း၊ မကွေးတိုင်းအနောက်ပိုင်း မိုးကြီးနိုင်ပါတယ်။

🕔နံနက် ၇း၅၅ အချိန် ခန့်မှန်းချက်

မကွေးတိုင်းမိုးရွာပါဦးမယ် 

ဟင်္သာတခရိုင်၊ ပြည်ခရိုင်၊ သရက်ခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်မြင်းခြံခရိုင် မိုးတွေရွာမှာဖြစ်ပြီး မကွေးတိုင်းအနောက်ပိုင်း မိုးကြီးနိုင်ပြန်ပါတယ်။ သတိထားကြပါရှင်။ ၁၉ရက်နေ့မှာနေသာချိန်ပြန်လည်ရရှိနိုင်ပါတယ်

🕔နံနက် ၅း၃၀ အချိန် ခန့်မှန်းချက်

ရက်ကြိုသတိပေးချက်

၂၀၂၁ အောက်တိုဘာလ ၂၁ ရက် ၂၂ ရက် ၂၃ ရက်နေ့များတွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွေမှာ မိုးများရွာသွန်းနိုင်ပြီး ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ အထက်ဆန်ခေါင်နှင့် ပန်နန်းဒင်တို့တွင် မိုးကြီးနိုင်သဖြင့် ဧရာဝတီမြစ်ရေ များစွာတိုးလာမှာဖြစ်ပါတယ်။ မြင်းခြံ၊ ပခုက္ကူ၊ မကွေး ကျွန်းစိုက်တောက်သူများနှင့် ဧရာဝတီမြေနုကျွန်းစိုက်ပျိုးသူများသတိထားရမယ့်အချက်ပါပဲ။ နိုဝင်ဘာလမှာတော့ မြစ်ရေလျော့လာပါမယ်။

🕔နံနက် ၄း၁၈ အချိန် ခန့်မှန်းချက်

၁၇ ရက်နေ့ ၁၈ ရက်နေ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး ဧရာဝတီတိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းမိုးကြီးနိုင်ပါတယ်။ ၁၉ ရက်နေ့ ၂၀ ရက်နေ့မှာတော့ မိုးရွာနေတဲ့အားလျော့သွားပါမယ်။ ပျက်စီးဆုံးရှုံးမှု မရှိကြပါစေနဲ့။ 

𝙐 𝙎𝙐 𝙎𝘼𝙉

𝙎𝙀𝙉𝙄𝙊𝙍 𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏

𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &

𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်