[Su Su San] မိုးလေဝသခန့်မှန်းချက်များစုစည်းမှု

04/10/2021 12:42 PM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား
🕞 ည ၈း၀၉ အချိန် ခန်မှန်းချက်
 
မိုးတွေလာပြန်ပြီမြန်မာပြည်
   
    ရက်ဝေးလဝေးကထဲက ကြိုပြီးခန့်မှန်းပေးထားပြီးသားဖြစ်ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်း အရှေ့ပိုင်း အောက်ပိုင်း အကုန်မိုးရွာနိုင်ပါတယ်။ ရေလိုသူတွေပျော်မြူရမယ် ရေမကြိုက်သူတွေ အပျက်အစီးနည်းအောင် ကြိုတင်စီမံခန့်ခွဲကြပါရှင်။
 
🕞 နေ့လည် ၃း၃၀ အချိန် ခန်မှန်းချက်

   ကွမ်လုံ၊ တန့်ယမ်း၊ လောက်ကိုင် မိုး မိုးသီး လျှပ်စီးမိုးကြိုး အန္တရာယ်ရှိပါတယ်။

 Lightning: Cloud to ground, Power: 39kA (Strong slammer)

🕜 နေ့လည် ၁း၃၀ အချိန် ခန့်မှန်းချက်

   ၂၀၂၁ အောက်တိုဘာလ (၆) ရက်နေ့မှ (၁၂) ရက်နေ့အတွင်း တနင်္သါရီတိုင်း မြိတ်၊ တနင်္သါရီမြို့၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ရနောင်း၊ ဖူးခက် မိုးကြီးရေလျှံနိုင်ပါတယ်။

    ယနေ့ ညောင်ဦးခရိုင်၊ ပခက္ကူခရိုင်၊ မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင်၊ မန္တလေးခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင် မိုးတွေရွာနိုင်ပါတယ်။

𝙎𝙐 𝙎𝙐 𝙎𝘼𝙉

𝙎𝙀𝙉𝙄𝙊𝙍 𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏

𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &

𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်