🕑 နေ့လည် ၁း၅၇ အချိန် ခန့်မှန်းချက်
မိုးတွေရွာမယ် မြန်မာနိုင်ငံအလယ်ပိုင်း🌧🌧
မိတ္ထီလာ မလှိုင် ဆည်တို ရှမ်းမငယ် မုန်တိုင် လက်ပံပြား ယင်း ရွာမွန် နတ်မောက် ကျောက်ပန်းတောင်း ပုပ္ပါး လယ်ယား လယ်ကွက်ကြီး ဝဲလောင် တောင်သာရုံးစည်ကြီး မြင်းခြံ ဆင်တဲဝ တမိုက်သာ ကံမြဲ နွားထိုးကြီး မြစ်သား သံရွာ ဟံမြင့်မိုလ် ကျောက်ဆည် စဥ့်ကိုင် တံတားဦး တောင်သမန်အင်း မြို့သာ ငါန်းဇွန် ဆီးမိတ်ခုံ မြင်းမူ အုန်းတောကျော်ဇေယျာ ရွာသစ်ကြီး စစ်ကိုင်း အင်းဝ အမရပူရ ထုံးဘို ပုသိမ်ကြီး အောင်ပင်လယ် မန္တလေးအုန်းချော ပြင်ဦးလွင် မတ္တရာ လက်ပံလှ စဥ့်ကိုင် သပိတ်ကျဥ်း မိုးကုတ် မိုးမိတ် လျှပ်စီးထစ်ချူန်းမိုးတွေရွာမယ်နော်။
🕜 နေ့လည် ၁၂:၁၅ အချိန် ခန့်မှန်းချက်
၂၄ နာရီအတွင်း ရန်ကုန်၊ ထောက်ကြံ၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ၊ လက်ပံတန်း၊ စစ်ကွင်း၊ မင်းလှ၊ အိုးသည်ကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ထန်းတပင်၊ နတ္တလင်း၊ ဇီးကုန်း မိုးတွေရွာမယ်နော်။ ရိတ်သိမ်းအခြောက်လှမ်းနေသူတွေ အပျက်အစီးမရှိပါစေနဲ့။
🕜 နံနက် ၇:၄၉ အချိန် ခန့်မှန်းချက်
ထိုင်းပင်လယ်ကွေ့မှ Low pressure cell. များ အောက်တိုဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အတွင်း တနင်္သာရီတိုင်းကိုဖြတ်ကျော်ကာ andaman sea(ကပ္ပလီပင်လယ်) ကိုသွားနေပါတယ်။ တနင်္သာရီတိုင်းမိုးကြီးမယ်။ ၁၀ ရက်နေ့မှာ စုဖွဲ့အား များစွာကောင်းလာနိုင်ပြီး ၁၀ ရက်နေ့ ၁၁ ရက်နေ့ ၁၂ ရက်နေ့တွေမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း မိုးကြီးနိုင်ပါတယ်။ ၁၂ ရက်နေ့ ၁၃ ရက်နေ့ မကွေးတိုင်းအထိပါ လေစီးသက်ရောက်လာနိုင်ပြီး မကွေးတိုင်းကြီးမှာပါ မိုးတွေရွာမှာဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေကတော့ မူလခန့်မှန်းအတိုင်းမိုးတွေရွာပါမယ်။
𝙎𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍
𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧
ဗွေဆော်ဦး
ကြော်ငြာ
ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်...
အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်...
ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့
Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်..
Aqua Calcium ဆိုတာက..
နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။
ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။
Aqua Booster ဆိုတာကတော့…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။
ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။
နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့..
သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအနှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။
ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။
ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။
ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်...
ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့...
ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်..
ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more
Aqua ဘူစတာ
Aqua ကယ်လဆီယမ်
Facebook စာမျက်နှာသို့သွားရန်