နိုဝင်ဘာ (၈) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

08/11/2021 10:30 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕗 နံနက် ၉း၅၅ အချိန် ခန့်မှန်းချက်

နောက်၂၄ နာရီအတွင်း ကြံခင်း၊ မြန်အောင်၊ ပြည်ခရိုင်၊ သရက်၊ အောင်လံ၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ကလော၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ မိုးရွာနိုင်ပါတယ်။  ရိတ်သိမ်းအခြောက်လှမ်းနေကြသူများ ပျက်စီးမှုမရှိစေရန် ပြုလုပ်ကာကွယ်ကြပါ။

🕗 နံနက် ၉း၁၀ အချိန် ခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်၊ ပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းလေဝဲ 91B invest တစ်ခု ဖြစ်ပေါ်နေပါတယ်။ အနောက်မြောက်ဖက် အိန္ဒိယတောင်ပိုင်းကို ဦးတည်နေပေမယ့် လေစီးတွေက ယနေ့ 8/11/2021 နေတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊  ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကို စီးမျောလာတဲ့ 850hpa winds မှ အဆိုပါဒေသတွေမိုးရွာနိုင်ပါတယ်။ 

🕗 နံနက် ၇း၃၅ အချိန် ခန့်မှန်းချက်

မိုးဦးစောမည်မြန်မာပြည် ၂၀၂၂

၂၀၂၂ ဧပြီလနောက်ဆုံးရက်သတ္တပတ်နဲ့ မေလအတွင်း ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာ့ကပ္ပလီပင်လယ်ပြင်တို့တွင် Depression မုန်တိုင်းငယ်လေးနှစ်ကြိမ်ဖြစ်နိုင်ပြီး မုတ်သုန်လေ စောစီးစွာဝင်ရောက်လာနိုင်ပါတယ်။

မေလမကုန်ခင် မြန်မာနိုင်ငံအလယ်ပိုင်းအထိ မုန်သုန်လေရောက်ရှိနိုင်ကာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ ရွာသွန်းမြဲမိုးရေချိန်ထက် ပိုမိုရွာသွန်းနိုင်ပါတယ်။

မေလအတွင်း တနင်္သာရီတိုင်းကြီးတွင် ရွာသွန်းမြဲထက် ၃ ဆ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ၂ ဆ ပိုမိုရွာသွန်းနိုင်ပါကြောင်း ၆ လကြိုတင်ခန့်မှန်းပေးလိုက်ပါတယ်။

Su Su San 

𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 &

𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်