ပေါက်ပင်ဘာ့ကြောင့်ကိုင်းသလဲ

10/09/2018 19:57 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျွန်တော်တို့ စိုက်ပျိုးရေးကျောင်းဆင်းအများစု (BAg/DipAgri) အများစု ပြောလေ့ရှိသောစကားတစ်ခွန်းရှိသည်။

တောင်သူကြီးပွားရေး

တောင်သူချမ်းသာရေး.....

မနေ့က ဘီအေဂျီညီလေးတစ်ချို့နှင့်စကားပြောဖြစ်သည်။ တောင်သူချမ်းသာအောင်ဘာလုပ်ပေးရမလဲ ဆိုသည်အဓိက။ ကုန်ကြမ်း ကုန်ချောစနစ်တွေ ပြောဖြစ်သည်။ အသေးစားစက်မှုလုပ်ငန်းတွအကြောင်း ဆွေးနွေးဖြစ်သည်။ အော်ဂဲနစ်တိုက်ပွဲတွေအကြောင်း

နောက်...

စျေးနှုန်းအပြောင်းအလဲကိစ္စတေွ....

ပြီးတော့  without ဆေးတွေ မြေသြဇာတွေရဲ့ ချောမွေ့သောလမ်းကြောင်းများ......

...........

ယခုပုံတွင်ပါသော မြေသြဇာနှစ်မျိုး....

နှစ်မျိုးစလုံးတောင်သာမြို့တွင်ထုတ်သည်။ ဘာမှတ်ပုံတင်မှ မရှိ။ ဘာအထောက်အထားမှ မပါ။ ဘာလိုင်စင်မှ လုပ်မထား။ တစ်ခုက သဘာဝမြေသြဇာဟုရေးထားသည်။ ရောင်းစျေး ၁၀၀၀၀...။

အိတ်မျက်နှာပြင်နှစ်ဖက်လုံး ငွေရောင်ပြောင်နှင့် ဘာစာသားမှမပါသောအိတ်က ရောင်းစျေး ၁၅၀၀၀...။

ဆိုတော့  သိပ်ရင်နာစရာကောင်းသော ကိစ္စဖြစ်သည်။

မြင်းခြံ တောင်သာ ဝဲလောင် မလှိုင် တကြော၌ တွင်တွင်ကျယ်ကျယ်ရောင်းချနေရသော မြေသြဇာအိတ်တွေ ။ အံ့သြစရာကောင်းသည်က ဆိုင်ရှင်ပြောသောစကားနှစ်ခွန်း။ တစ်ခွန်းက ဒီမြေသြဇာတွေတစ်နိုင်ငံလုံးနီးပါး ရောင်းနေရတယ်ဗျ တဲ့။

နောက်တစ်ခွန်း....

ကျွန်တော်က ဒါတွေဘာလို့ရောင်းနေတာလဲဗျာ အာမခံချက်ရှိတဲ့ကုမ္ပဏီမြေဆီတွေ....ဒီထက်ကောင်းတာတွေ.... ရောင်းလို့ရသားပဲ လို့ပြောတော့ ပြန်ပြောတဲ့စကား..... "တောင်သူတွေအမေးများလို့ အသုံးများလို့ တင်ရတာပါ...” တဲ့

အံ့သြတကြီးထပ်မေးမိသည်။

အာနိသင်ကရော......

"ကောင်းတာမကောင်းတာထက် စျေးချိုလို့ သုံးတာမျိုးငါ့လူရဲ့ "တဲ့။ တစ်ချို့တောင်သူကျ အထည်များအယားပြေသဘောမျိုး ငါ့အခင်းမြေဆီထည့် ပြီးရင် ပြီးရော....ဆိုတဲ့သဘောမျိုးသုံးကြတာပါတဲ့။

ကိုင်း ဘာပြောရမည်နည်း။

ကျွန်တော်တို့ တောင်သူအကျိုးကြည့်မည်ဆိုလျှင် တောင်သူအသိကို အရင်ဆုံးတိုးတက်အောင်လုပ်ဖို့လိုအပ်မည်....ထင်သည်။

မြန်မာတောင်သူ...........

ရှမ်းမြောက်ကတောင်သူတွေဆီ ဆေွးနွေးပွဲသွားလုပ်တော့ တောင်သူတစ်ချို့က ကျွန်တော့်ကိုပြောသည်။ ခင်ဗျားတို့မြေသြဇာက ကံစမ်းမဲလည်းမပေးဘူး....တဲ့။ တစ်ချို့ကပြောသည်။ ဘယ်မြေသြဇာကတော့ဖြင့် ဘယ်နှစ်အိတ်ဝယ်ရင် ဘာလက်ဆောင်ပေးတယ်.....တဲ့။ မြေသြဇာဘယ်နှစ်အိတ်ဝယ်ရင် ကူပွန်တစ်စောင်ရယူပါ ဘာတွေမဲဖောက်ပေးမယ်....ဆိုတာလဲ မရှိဘူး တဲ့။ ထိုအသံများကြားတိုင်း စိတ်မကောင်းဖြစ်ရသလို သနားစိတ်လဲဖြစ်ရသည်။

တစ်နိုင်ငံလုံးကတောင်သူများကို တစ်ခွန်းထဲပြောလိုပါသည်။

#ဘယ်ကုမ္ပဏီသူဌေးကမှ သူ့အိတ်ထဲကစိုက်ပြီး ဘယ်တောင်သူကိုမှစေတနာမကောင်းပါ...... ဟု

ဒါပါပဲ....။

marketing သဘောသဘာဝအရ တောင်သူကို ဘာစေတနာပြန်ပြုရမလဲဆိုသော စီးပွားရေးလုပ်ငန်းတစ်ခုသာဖြစ်သည်။

ကြော်ငြာရိုက်ကူးသည်။ အက်ဖ်အမ်က လွှင့်သည်။ ပြက္ခဒိန်ရိုက်သည်။

ထိုအရာများသည် ရောင်းအားမြှင့်တင်ရေးတွင်ပါဝင်သော စျေးကွက်သဘောတရားတစ်ခုသာဖြစ်သည်။ ထိုအရာများထဲတွင် မျောပါမသွားဖို့သာ အရေးကြီးသည်။

ကိုယ်သုံးသော ပစ္စည်းတစ်ခုသည် အရည်အသွေးကောင်းဖို့ ၊ ထိုပစ္စည်း၏အရည်အသွေးကို ထုတ်လုပ်ဖြန့်ချီသော ကုမ္ပဏီက အာမခံဖို့ ၊ တောင်သူဖက်ကဆုံးရှုံးမှုဖြစ်လာလျှင် ကုမ္ပဏီဘက်က တာဝန်ရှိရှိ တာဝန်သိသိဖြေရှင်းပေးဖို့။ ဒါတွေကသာ အရေးကြီးသည် မဟုတ်လော.....။

စိုက်ပျိုးရေးဆေးကုမ္ပဏီတွေကထုတ်သော product ကိုသုံးလျှင် ဘာအာမခံချက်ပေးမလဲဆိုသော အချက်သည် ယခုခေတ်တွင်သိပ်အရေးကြီးလာခဲ့ပီ။ Farmer Law (စိုက်ပျိုးရေးဥပဒေ) ကို တီးခေါက်ကြည့်ကြဖို့ လိုပြီ ။

ဆပ်ပြာသည် စိုက်ပျိုးရေးလုပ်ငန်းသုံးမဟုတ်တာ သိကြသင့်ပြီ။ စပါးမျိုးတစ်မျိုးကို ဝယ်ယူတော့မည်ဆိလျှင် အစေ့ငုပ်ခြင်းပြဿနာကြုံရတတ်ကြောင်း သဘောပေါက်ကြသင့်ပြီ ။ တောင်သူမသိသေးလျှင်သိအောင်ပြောကြဖို့လဲ လိုအပ်လှသည်။ တစ်ခါတရံ ပြော၍မရသောကိစ္စရပ်များ၌ အပေါ်ကပြောခဲ့သော မြေသြဇာပြဿနာများလည်း ဒုနဲ့ဒေးရှိနေသေးသည်။

ကျွန်တော်တို့ တောင်သူတစ်ချို့ မ အ သင့်ကြတော့ပါ ။

.......

ခင်ဗျား စျေးချိုတာကြိုက်သလား

ခင်ဗျား ပြီးစလွယ်သုံးနေသလား

အရည်အသွေးကောင်းတာမက်သလား

သုံးဖြစ်ရင်ပြီးရော ဘာပစ္စည်းဖြစ်ဖြစ်လား

ကံစမ်းမဲတွေ အပိုဆောင်းတွေကို နှစ်သက်နေသလား

without လား အာမခံချက်ပေးနိုင်တာလား

ဒါမှမဟုတ် ဘာလဲ......

ရွေးချယ်စရာသိပ်များလာသော ယခုခေတ်တွင် စိုက်ပျိုးရေး၌ အဖိုးနည်းဝန်ပါဆိုသော ကိစ္စတွေမရှိစကောင်းတော့ပါ.....

......

စပါးစျေးမကောင်းပါ (ဘေးကြားမှ အပ)

ပဲစျေး မကောင်းပါ

နှမ်းစျေး ( မကွေးဖက်တွင်အော်ဂဲနစ်နှမ်းဆိုတာတွေ စနေပြီ)

ကျန်သောသီးနှံစျေးတွေ မကောင်းပါ။ တစ်ချို့က မကောင်းတလှည့် ကောင်းတလှည့် ။

သေချာပါသည်။ သီးနှံစျေးတွေမကောင်းကြပါ။

စျေးမကောင်း၍ ဘယ်တောင်သူမှ ငုတ်တုတ်ထိုင်မနေကြပါ။

အပင်ပန်းခံ အဆင်းရဲခံ ကြွေးအတင်ခံပြီး လုပ်နေကြဆဲ....။

စျေးကောင်းခြင်းမကောင်းခြင်းသည် နောက်ကိစ္စ

အထွက်တိုးအောင်လုပ်ရမှာသည် အရင်...

အထွက်မတိုး စျေးကောင်းမရဆိုလျှင် မိအေးနှစ်ခါနာကြတော့မည်။

ကိုယ်ပိုင်နိုင်သည့် ကိုယ်ကျွမ်းကျင်သည့်ကိစ္စကို ကျွန်တော်တို့တောင်သူတွေ ဦးစွာလုပ်ကြရမည် မဟုတ်လား။

.........

စျေးကွက်ထဲတွင် တရုတ်နိုင်ငံလုပ် မြေသြဇာတစ်မျိုးရှိသည်။

မှတ်ပုံတင်ထားခြင်း မတင်ထားခြင်း

ကောင်းခြင်း မကောင်းခြင်း ဆိုတာထက် ကျွန်တော်ပြောချင်သည်က သူ့အချိုး ဖြစ်သည်။

N:P:K= 12:13:0 ....တဲ့ ။

တောင်သူတွေအလွန်ကြိုက်ကြသည်။ ပိုတက်ချ် (K) မပါသော မြေသြဇာသည် ကျွန်တော်တို့စိုက်သောသီးနှံပင်တွေအတွက် မည်မျှကောင်းကျိုးပေးပါမည်လဲ။ K မပါ၍ သီးသန့်ထပ်ထည့်သလားဆိုတော့လဲ မထည့်ကြပြန်။ သီးနှံမျိုးစုံအတွက်လွန်စွာလိုအပ်သော ထည့်လျှင်ထည့်သလိုအကျိုးရှိေသာ K ။ ထို K မပါသော မြေသြဇာသည် မြန်မာနိုင်ငံ၏အရောင်းရဆုံးထဲပါသည်ဆိုတော့ အံ့သြဘနန်းဖြစ်စရာ။

တောင်သူတွေ ဘာ့ကြောင့်ကြိုက်ကြသလဲ။ စျေးချို လို့ ဆိုသော စကားသည် အရင်ကြားရမည်။ ဘယ်မြေသြဇာအချိုးသုံးရကောင်းမှန်းမသိလို့ ဆိုတာ ဒုတိယအကြောင်းရင်း...။ ကျွန်တော်တို့ ပညာပေးမှုစွမ်းရည်တွေကျကုန်တာလား။ ဒါမှမဟုတ် ပေးကိုမပေးကြတာလား။

NPK ကို ညီညွတ်မျှတစွာ မသုံးတတ်ကြတာ တောင်သူကိုယ်၌ကိုကမသိတာလား။ ပညာပေးရမည့်တာဝန်ရှိသူတွေ ညံ့ဖျင်းကုန်တာလား။ 

ထို့ထက်ဆိုးတာက.... အပေါ်ကပြောခဲ့သော ဘာအာနိသင်မှမရှိသည့်မြေသြဇာမျိုးတွေ ဖောဖောသီသီဝင်ရောက်နေတာ ဘာ့ကြောင့်လဲ....

တောင်သူကတော့ စျေးချိုလျှင်သုံးမည်။ လွယ်ကူလျှင်သုံးမည်။ စျေးကို ခဏထား အထွက်ကောင်းဖို့ဆိုလျှင် တောင်သူကအစ ဆိုင်အလယ် ဝန်ထမ်းအဆုံး ပြုပြင်ကြမှ ရမည်....

......

ဟုတ်ကဲ့

ပေါက်ပင်ဘာ့ကြောင့်ကိုင်းပါ သလဲ .......

(ဆက်ရေးပါအုံးမည်)

 

#ဒီနေ

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်