ကြောင်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါ (Toxoplasmosis) ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ?

17/07/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အဆိုပါရောဂါသည် Toxoplasma gondii ကပ်ပါးပိုးကြောင့်ဖြစ်သော တိရိစ္ဆာန်များမှ လူသို့ကူးစက်သောရောဂါ (Zoonotic disease) တစ်မျိုးဖြစ်ပါသည်။ Toxoplasmosis ရောဂါကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျဆင်းနေသူများတွင် ပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများစွာ ခံစားရစေနိုင်ပါသည်။

    ရောဂါကူးစက်နိုင်သော နည်းလမ်းများမှာ- ကြောင်၏မစင်(သို့မဟုတ်) အဆိုပါမစင်ပါဝင်သောမြေကြီးအား ကိုင်တွယ်ထားသော လက်၊ အသားစိမ်းများကို ကိုင်တွယ်ထားသောလက်တို့ဖြင့် အစားအသောက်များကို လက်မဆေးဘဲ ကိုင်တွယ်စားသုံးမိခြင်း၊ ကျက်အောင်မချက်ထားသော အသားများနှင့် ပင်လယ်စာများစားခြင်း၊ ကပ်ပါးပိုးပါဝင်သည့် မသန့်ရှင်းသည့်ရေအား သောက်သုံးခြင်း၊ ကိုယ်ဝန်ဆောင်များတွင် မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊ ကိုယ်အင်္ဂါအစားထိုးခြင်းနှင့် သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်ခြင်းတို့ဖြစ်ပါသည်။

    ရောဂါကူးစက်ခံရသူတိုင်းတွင် ရောဂါလက္ခဏာ ပေါ်ပေါက်လေ့မရှိသော်လည်း လူအချို့တွင် ဖျားခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပြန်ရည်ကျိတ်များကြီး၍ အောင့်ခြင်းတို့ကို ခံစားရတတ်ပါသည်။ အမြင်ဝေဝါးခြင်း၊ အလင်းအားကြည့်မိပါက မျက်လုံးနာကျင်ခြင်း၊ မျက်စိကွယ်ခြင်း၊ မျက်စိနီရဲခြင်းတို့ကိုလည်း ခံစားရတတ်ပါသည်။ ရောဂါပြင်းထန်စွာခံစားရသူများတွင် ဦးနှောက်၊ မျက်လုံးနှင့် ကိုယ်တွင်းအင်္ဂါများကို ဆိုးရွားစွာ ပျက်စီးစေနိုင်ပါသည်။

    ကာကွယ်နိုင်သောနည်းလမ်းများမှာ- အိမ်မွေးကြောင်များ၏ မစင်များကို စနစ်တကျ ဆေးကြောခြင်း/ စွန့်ပစ်ခြင်း၊ ကြောင်မစင်များ၊ မြေကြီးများနှင့် အသားစိမ်းငါးစိမ်းများအား ကိုင်တွယ်မိပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေအသုံးပြုပြီးအနည်းဆုံး စက္ကန့်(၂၀) သေချာစွာ စနစ်တကျဆေးကြောခြင်း၊ အသားငါးများကို ကျက်အောင်ချက်၍စားသုံးခြင်း၊ ရေကို ကျိုချက်၍သောက်ခြင်း၊ အစားအသောက်များအား သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ခြင်းတို့ ဖြစ်ပါသည်။

    အိမ်မွေးကြောင်များနှင့် ထိတွေ့လေ့ရှိသူများ (အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ခုခံအားကျဆင်းနေသူများ) အနေဖြင့် အထက်ဖော်ပြပါရောဂါလက္ခဏာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူပါ။

Reference: US CDC, Toxoplasmosis (July 2020)

Source- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်