ရုရှားတွင် ဂျုံတန်ချိန် သန်းရာချီပြီး အိမ်တွေမှာ စုပုံနေ

27/09/2022 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ရုရှားနိုင်ငံဟာ ဂျုံ အမြောက်အများတင်ပို့နိုင်ဖို့ ရုန်းကန်နေရချိန်မှာပဲ ရိတ်သိမ်းထားတဲ့ ဂျုံသီးနှံတွေဟာလည်း အိမ်တွေမှာ စုပုံနေတာ ဖြစ်ပါတယ်။ 

နိုင်ငံတစ်ဝန်းမှာရှိနေတဲ့ လယ်သမားတွေဟာ နွေရာသီတစ်လျှောက်လုံးမှာ ကောင်းမွန်တဲ့ စိုက်ပျိုးမှု အခြေအနေတွေ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ပေါများလှတဲ့ ဂျုံသီးနှံတွေ ရိတ်သိမ်းမှုကို ပြီးစီးအောင် လုပ်ဆောင်နေကြပါပြီ။

ယခုနှစ်မှာ ရုရှားရဲ့ ဂျုံရိတ်သိမ်းမှုဟာ သမိုင်းဝင်တန်ချိန်ပမာဏ သန်း ၁၀၀ အထိ ရောက်ရှိသွားနိုင်တယ်လို့ SovEcon လို့ ခေါ်တဲ့ အကြံပေးကုမ္ပဏီရဲ့ အဆိုအရ သိရပါတယ်။ 

ရုရှားဟာ ကမ္ဘာ့ထိပ်တန်း ဂျုံ တင်ပို့တဲ့နိုင်ငံဖြစ်တာနဲ့အမျှ သူ့နိုင်ငံရဲ့ ဂျုံထွက်ရှိမှုဟာ များသောအားဖြင့် ကမ္ဘာ့ဂျုံစျေးနှုန်းတွေကို ကျဆင်းစေနိုင်လောက်တဲ့အထိကို များပြားလှတာပါ။

ဒါပေမဲ့ အခုနှစ်ရာသီမှာတော့ ယူကရိန်း စစ်ပွဲကြောင့် အစိုးရရဲ့ ပို့ကုန်အခွန်နဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲတွေ ရှိနေတာကြောင့် ဂျုံသီးနှံတွေကို အိမ်တွေမှာပဲ ပုံမှန်ထက် ပိုမိုသိုလှောင်ထားနေကြရတာ ဖြစ်ပါတယ်။

"အချို့သော လယ်သမားတွေအတွက်တော့ သိုလှောင်တဲ့နေရာမှာ လအနည်းငယ်ကြာထိ အခက်အခဲတွေ ရှိခဲ့ တယ်" လို့ SovEcon ရဲ့ မန်နေဂျင်းဒါရိုက်တာ Andrey Sizov က ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။

"၂၀၁၇ - ၂၀၁၈ ခုနှစ် ကတည်းက ဒီလိုအခြေအနေမျိုးကို ကျွန်တော်တို့ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး" လို့လည်း သူက ဆိုပါတယ်။ 

မကြာသေးခင်ကာလကစပြီး ရုရှားနိုင်ငံရဲ့ ဂျုံ ပို့ကုန်ဈေးနှုန်းတွေဟာ ပြင်သစ်နဲ့ အမေရိကန်ကဲ့သို့ အခြား ဂျုံအဓိကစိုက်ပျိုးတဲ့ နိုင်ငံတွေနဲ့ ဈေးကွက်မှာ အပြိုင်အဆိုင်ဖြစ်လာတာကြောင့် တင်ပို့မှုတွေလည်း တိုးလာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီလမှာ ယူကရိန်းနိုင်ငံကို ကျူးကျော်ပြီးတဲ့နောက် ရုရှားကုန်ပစ္စည်းအချို့ကို အာမခံကုမ္ပဏီတွေနဲ့ ဘဏ်အချို့က ရှောင်ရှားလာခဲ့တဲ့အတွက် ယခုနှစ်ရာသီအစောပိုင်းမှာပဲ ရုရှားကုန်ပစ္စည်းတွေဟာ စျေးနှုန်းမြင့်မားမှုနဲ့ အခက်အခဲတွေရှိလာခဲ့ပြီး တင်ပို့နိုင်မှုနှေးကွေးခဲ့တာလည်း ဖြစ်ပါတယ်။

အစားအသောက် တင်ပို့တဲ့လုပ်ငန်းတွေအပေါ်မှာ ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ မလုပ်ပေမယ့်လည်း အချို့သော အဖွဲ့အစည်းတွေကတော့ အခြားပိတ်ဆို့အရေးယူမှုတွေ ရှိနေကြောင့် ရုရှားနိုင်ငံနဲ့ စီးပွားရေးအတူလုပ်ဖို့ တွန့်ဆုတ်နေကြတာလည်း ဖြစ်ပါတယ်။ 

ယူကရိန်းနိုင်ငံရဲ့ ဆိပ်ကမ်းတွေကို ရုရှားက ပိတ်ဆို့ပြီး ပို့ကုန်တွေကို တင်းကျပ်စွာ ထိန်းချုပ်ထားတာကြောင့် ကမ္ဘာတစ်ဝန်းမှာ ဂျုံဈေးနှုန်းတွေ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ယခုနှစ် ဇူလိုင်လမှာတော့ ဆိပ်ကမ်းတွေ ပြန်လည်ဖွင့်လှစ်ပေးဖို့ သဘောတူညီချက်ရခဲ့တာကြောင့် ဂျုံ ဈေးနှုန်းတွေ အနည်းငယ် လျော့လာခဲ့ပေမယ့်လည်း ယူကရိန်းစစ်ပွဲ ပြင်းထန်လာတဲ့အတွက် သဘောတူညီချက်မရခင်မှာဘဲ ယခင်အခြေအနေတွေအတိုင်း ပြန်လည်ရောက်ရှိလာခဲ့တာပါ။ 

နိုင်ငံတကာ ကောက်ပဲသီးနှံကောင်စီဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ရုရှားနိုင်ငံအနေနဲ့ ဂျုံသီးနှံ ခန့်မှန်းတန်ချိန် ၆ သန်းနီးပါး တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားခဲ့ပေမယ့်လည်း အပိုထွက်ရှိလာတဲ့ ဂျုံသီးနှံတွေဟာ နိုင်ငံကနေ ထွက်ခွာနိုင်ဖို့ မျှော်လင့်ချက်မရှိဘဲ ပြည်ပတင်ပို့မှု အလားအလာဟာ တန်ချိန် ၃၆ ဒသမ ၅ သန်းနဲ့သာ ယခင်အတိုင်း မပြောင်းမလဲ ရှိနေတာ ဖြစ်ပါတယ်။

Interfax ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် IKAR ကတော့ ရုရှားရဲ့ ယခုနှစ် ဂျုံရိတ်သိမ်းမှု ခန့်မှန်းခြေပမာဏကို ယခင်က တန်ချိန် ၉၉ သန်းသာခန့်မှန်းထားပေမဲ့ အခုအခါမှာတော့ သန်း ၁၀၀ အထိ ရှိနိုင်တယ်လို့ ဆိုလာပါတယ်။

SovEcon အကြံပေးကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ Sizov က "ဒီလောက်ကြီးများလွန်းတဲ့ဂျုံတွေကို နိုင်ငံခြားပို့ကုန်အဖြစ် အကုန်လုံး အပြည့်အဝပြောင်းလဲပစ်နိုင်ဖို့ကတော့ မဖြစ်နိုင်ဘူး"  ဆိုလိုက်ပါတယ်။ ဇင်ထူးနိုင်

Ref: https://bloom.bg/3ShQNSI

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်