ဥနဲ့ အသား ဘာကအာဟာရတန်ဖိုးပိုလဲ

24/08/2021 18:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    လူအများပြောနေကြစကားတစ်ခွန်း " အားရှိချင်ရင် ကြက်ဥစားပါ "။ မှန်ပါသည်။ ကြက်ဥတွင် အာဟာရတန်ဖိုးအများကြီးပါဝင်လို့ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။ သို့သော် အသားသည် ဥထက် အာဟာရတန်ဖိုးမြင့်မားသည်ကို လေ့လာတွေ့ရှိရပါသည်။

ကြက်ဥတွင်  ရေဓာတ် (၆၆ %)၊ ပရိုတိန်း(၁၃ %)

ကြက်သားတွင်   ရေဓာတ် (၆၆%)၊ ပရိုတိန်း (၂၁ %)

    ကြက်ဥ၏ ပရိုတိန်းဓာတ်အများစုသည် အကာတွင်ရှိပါသည်။ ၄င်းပရိုတိန်းများသည် ကျေညက်လွယ်ပါသည်။ ကြက်သားနုလျှင် ပရိုတိန်းကျေလွယ်သော်လည်း အရသာချွဲ၍ စားသူများမကြိုက်ပါ။ ဒေသကြက်သားသည် အမျှင်ဓာတ်များပြီး ဝါးလို့ကောင်းသဖြင့် ပိုကြိုက်ကြသည်။ စျေးနှုန်းလည်းမြင့်မားပါသည်။ 

    ကြက်ဥတစ်လုံး အလေးချိန်တွင် အခွံ (၁၀ %)၊ အနှစ် (၃၀ %)၊ အကာ (၆၀ %) ပါရှိကြသည်။

    ကြက်သားတွင် အဆီဓာတ် (၉ %) ပါရှိသည်။ (ထုတ်ရောင်းသောအရွယ်ဖြစ်ပါသည်။ ဥတုံးကြက်များကို မဆိုလိုပါ)။ ကြက်အရိုးတွင် သတ္တုဓာတ် (၃.၅ %)ပါဝင်သည်။

    ကြက်ဥတွင် အဆီဓာတ် (၁၀ %) ပါရှိသည်။ ယင်းအဆီဓာတ်အများစုသည် ကြက်ဥအနှစ်အတွင်း ပါရှိပါသည်။ အခွံသည် သတ္တုဓာတ်အဖြစ် ဥခွံအလေးချိန်၏ (၁၀ %) ပါရှိသည်။

အချုပ်အနေဖြင့် -

                            ကြက်သား        ကြက်ဥ

ရေ                          ၆၆ %                 ၆၆ %

ပရိုတိန်း                  ၂၁  %                ၁၃ %

အဆီ                         ၉  %                ၁၀ %

သတ္တု                   ၃.၅  %            ၁၁ %

    ဒီလောက်ဆိုလျှင် ဥနဲ့ အသား ဘယ်ဟာပိုအားရှိလဲဆိုတာ သိကြလိမ့်မည်ထင်ပါသည်။

 Ref:  Lu Gyan Gyi ၏”ဥနဲ့ အသား ဘယ်ဟာ ပိုအားရှိလဲ”စာစု။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်