မုန်ညှင်းမျိုးနွယ်ဝင်အပင်တွေမှာ ဆိုးရွားစွာကျရောက်တဲ့ သံချေးဖြူရောဂါ

21/10/2021 13:00 PM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    တောင်သူဦးကြီးများအနေနဲ့ မိမိတို့ ဟင်းသီးဟင်းရွက်တွေရဲ့ မျက်နှာပြင်မှာ အဖြူရောင်အစက်ကလေးတွေ တွေ့မြင်ဖူးကြမှာပါ။ ၎င်းမှာ သံချေးဖြူရောဂါ ကျရောက်နေခြင်းဖြစ်ပါတယ်။ သံချေးဖြူရောဂါ (white rust) မှာ Albugo candida (မှိုနှင့်တူသောသက်ရှိမျိုးစိတ်)များစွာကြောင့် ဖြစ်ပွားသည်။ မှိုသည် အလွန်သေးငယ်သော မှိုစပိုးများဖြင့် မျိုးပွာပြီး ၎င်းမှိုစပိုးများသည် သီးနှံပင် တစ်ပင်မှတစ်ပင် သို့မဟုတ် စိုက်ခင်းတစ်ခင်းမှ တစ်ခင်းသို့ မိုးရေ၊ သွင်းရေ၊ မြေမှုန်များလွင့်စင်ခြင်းဖြင့် ပြန့်ပွားပြီး အပင်တစ်ရှူးများတွင် မှိုမျှင်များဖြစ်ပေါ်စေပါတယ်။  သံချေးဖြူရောဂါသည် နိုကိုဥ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်လာဥ၊ ကိုက်လန်၊ ဆလပ်၊ မုန်ညှင်း၊ ကန်ဇွန်းရွက်၊ ဟင်းနုနွယ်၊ ဆီမုန်ညှင်း၊ ပေါင်းပင်များ၊ အလှစိုက်ပန်းပင်များ စသဖြင့်  သီးနှံမျိုးစုံတွင် ကျရောက်နိုင်ပါသည်။ မုန်ညှင်းမျိုးရင်းဝင်များတွင် ကျရောက်မှုများသောကြောင့် Crucifer Disease ဟုပင် ခေါ်ကြပါတယ်။ သံချေးဖြူရောဂါဆိုးရွားစွာ ကျရောက်ပါက ဟင်းသီးဟင်းရွက်များ စျေးကွက်ဝင်မှုကို လျော့ကျစေနိုင်ပါသည်။

ရောဂါလက္ခဏာများ

    ရောဂါအစတွင်  အရွက်၏အောက်မျက်နှာပြင်တွင် မြေဖြူရောင် မှိုစပိုးအစုလိုက်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မျိုးစေ့ယူမည့်  မုန်လာဥ၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများတွင် ပန်းခိုင်ပုံသဏ္ဍန်ပျက်၍ မျိုးမအောင်ခြင်း ဖြစ်စေပါသည်။ တစ်ခါတရံတွင် တချို့သောအပင်များသည် ရိုးတံ၊ ပင်စည်နှင့် အမြစ်များတွင် ဖောင်းပွနေသော အဖုအကြိတ်များကို ဖြစ်ပေါ်စေပါတယ်။ ရောဂါကျရောက်ခံရသော အပင်များ၏ အရွက်များသည် ပုံမှန်ထက်သေးငယ်၍ အတွင်းဘက်သို့ တွန့်လိမ်နေနိုင်ပါသည်။ အရွက်၏ အပေါ်ဘက်မျက်နှာပြင်တွင် သေးငယ်၍ ပုံသဏ္ဍန်မမှန်သော အဝါရောင်အကွက်များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မှိုစပိုးများ ထုတ်ပြီးချိန်တွင် ထိုအဝါရောင်အကွက်များသည် ဆဲလ်သေသွားပြီ နီညိုရောင်မှ အညိုရောင်ဖြစ်လာပြီး အခြားသောရောဂါများနှင့် ခွဲခြားရန် ခက်ခဲနိုင်ပါတယ်။ သံချေးဖြူရောဂါ ဆိုးရွာစွာကျရောက်ခံရသော အရွက်များသည် ညှိုး၍ကြွေကျသွာနိုင်ပါသည်။

မှို၏ သဘာဝ

     မှိုစပိုးများသည် တစ်ရာသီမှ တစ်ရာသီ မြေကြီး၊ အပင်အကြွင်းအကျန်များ၊ ပေါင်းပင်များ၊ အလေ့ကျပင်များတွင် ရှင်သန်နေထိုင်နိုင်သည်။ ညအပူချိန် အေး၍စိုစွတ်ပြီး အနည်းငယ်ပူနွေးသောနေ့များတွင် ရောဂါဆိုးရွားစွာ ပျံ့ပွားပါသည်။ အပူချိန် ၅၀-၆၈°Fနှင့် မိုးရေချိန်များလျှင် ရောဂါဖြစ်ပွားမှုကို အားပေးပါသည်။

ကာကွယ်ကုသခြင်း

၁။ တန်းကြားကျယ်ကျယ်စိုက်ပျိုး၍ လေလာရာအရပ်ကို ဦးတည်၍ စိုက်ပျိုးပါ။

၂။ အေး၍ စိုစွတ်သောအခြေအနေသည် မှိုပွားများမှုကို အာပေးသောကြောင့် စိုက်ခင်းတွင် အစိုဓာတ်မများစေရန် သတိပြုပါ။ အပင်ကို ရေပိုလျှံစွာ မလောင်းသင့်ပါ။

၃။ အနည်းဆုံး ၃ နှစ်တစ်ကြိမ် မုန်ညှင်းမျိုးနွယ်ဝင်မဟုတ်သော အပင်များနှင့် သီးလှည့်စိုက်ပျိုးပါ။

၄။ ပေါင်းပင်များ၊ အလေ့ကျပေါက်ပင်များ၊ အပင်အကြွင်းအကျန်များကို စိုက်ခင်းမှ ဖယ်ရှားပါ။

၅။ ရောဂါကင်းစင်သော မျိုးစေ့ကို စိုက်ပျိုးပါ။

၆။ ရောဂါရအပင်အကြွင်းပင်ကျန်များကို စုပုံမီးရှို့ပါ။

၇။ ရောဂါဒဏ်ခံနိုင်ရန် ပိုတက်​စီယမ်နှင့် ဖော့စဖောရပ်မြေဩဇာများကို လုံလောက်စွာ ထည့်သွင်းပါ။

၈။ မှိုသတ်ဆေးအနေဖြင့် Difenoconazole(ဒီဖီနိုကိုနာဇိုး)၊ Azoxystrobin(အဇိုဆီစထရိုဘင်)၊ Mancozeb(မန်ကိုဇက်) ဆေးတို့ဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။

မှတ်ချက်။  ။ သံချေးဖြူရောဂါကျရောက်သော ဟင်းသီးဟင်းရွက်များသည် အာဟာရတန်ဖိုးမရှိသောကြောင့် မစားသုံးသင့်ပါ။

Reference by

https://web.extension.illinois.edu/focus/index.cfm?problem=white-rust

https://wiki.bugwood.org/HPIPM:White_Rust

https://web.extension.illinois.edu/vegproblems/white-rust.cfm 

http://ipm.ucanr.edu/PMG/r108101411.html

https://apps.lucidcentral.org/pppw_v10/text/web_full/entities/cabbage_white_rust_134.htm

Plant Protection Application


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်