ဘယ်သူကများ ဖန်ချပ်တွေ အုပ်မိုးထားလို့ ပါလိမ့်..(၁)

17/01/2018 13:17 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘက်စုံ နုံချာသူ များ ဘက် မှ အားပေးကူညီရပ်တည်သင့်သော စိုက်ပျိုးရေးပညာရှင် တစ်ဦး သည် အနည်းငယ် မျက်စိပွင့်၍ အာဂျန်ဆူလတ်ရေး၍ ကိုတာ ဘာသာပြန်သော( ရေရှည်တည်တ့ံ့ ရန်အမျှော်အမြင်ဉာဏ် ) ဆိုသော စာအုပ် နှင့် ဆရာကြီး ဒေါက်တာဦးထွန်းလွင် ၏ (ဥတုရာသီလူကိုမှီ၏ ) ဆိုတဲ့ ဟောပြောချက်ကို နားထောင်လိုက်ရသော အခါ...... သူ၏ ခံယူချက်... လျှောက်လှမ်းရာလမ်းကြောင်း...လုပ်ဆောင်ချက် တို့ကို ပြန်လည် ဆန်းစစ် မိလေသည်..။

ထိုအခါ.....ထိုစကားလုံး များကိုရေးမိပါသည်..။

စူးရှတောက်ပ ပြီးပူပြင်း တဲ့ နေရောင်ခြည် အောက် ကနေAir-con တပ်ထားတဲ့ အခန်းထဲ ဝင်လိုက်တဲ့အခါရုတ်ချည်းပဲ အေးမြသွားပါတယ် ။

ကျွန်မတို့လူသားတွေ ဟာ အဆင်မပြေသောလောက မှာ အဆင်ပြေအောင်နေထိုင်ရင်း သက်သာရာရမှု တွေ ဟာ အခိုက်အတန့် ပဲလား…. ။ သေချာ ခိုင်ခန့် တဲ့ အဆင်ပြေ မှုတွေ မတည်ဆောက်နိုင်တော့ဘူးလား…ကျွန်မ စိတ်ထဲ ဝင်ရောက်လာ ပါတယ်..။

Global Warming ဆိုတဲ့ ကမ္ဘာကြီး ပူနွေးလာမှု ကြောင့် ရာသီဥတု တွေ ပြောင်းလဲ ရတယ်…. သဘာဝ ဘေးအန္တရာယ် တွေ များ ပြားလာတာ နေရာ အနှံ့ ဆိုသလိုပါ…။ ဘာကြောင့် ဖြစ်ရတာလဲ…. ကမ္ဘာကြီး ပူနွေးလာ ရတဲ့ တရားခံ ဟာ ဖန်လုံအိမ် ဓာတ်ငွေ့တွေကြောင့် …..ဆိုတာ လူတွေသိကြပါတယ်..။

အပူပိုင်းဒေသ ကသစ်ပင်သီးနှံလေးတွေ အအေးပိုင်းဒေသ မှာ စိုက်မယ် ဆိုရင် ဖန်လုံအိမ် လေးတွေ လုပ်ပြီး စိုက်လေ့ရှိပါတယ်..။ ဒီလို လုပ်တဲ့အတွက် နေရောင်နဲ့အတူ ဝင်လာ တဲ့အပူလှိုင်းတွေ ဟာ ကာရံထားတဲ့ ဖန်ချပ်တွေ ကို ရိုက်လင်းတန်းသည် ဒီဘက်ဖန်ချပ်မှသည် ဟိုဘက်မှန်ချပ်..ဟိုဘက် မှန်ချပ်မှသည်ဘေးဖန်ချပ်... စသည်ဖြင့် အဆင့်ဆင့် ရိုက်ခတ်ကာ အပူဓာတ်တွေ ပိတ်မိရပါတယ်..။ ထိုအခါ အပူပေးကိရိယာတွေ မလိုအပ် ပဲ စိုက်ပျိုးလို့ ရလာပါတယ်..။

ဒီသဘောတရားမျိုး ကျွန်မတို့ ရဲ့ ကမ္ဘာ ကြီး ဟာ ဖန်လုံအိမ် တစ်ခုလိုဖြစ်နေတာ….မို့ ပူနွေးလာရတာပေါ့..။ဒါဆို ဘယ်သူကများ ဖန်ချပ်တွေ အုပ်မိုးထားလို့ ပါလိမ့်..။ တရားခံ ကဘယ်သူလဲဆိုတော့ Green House Gas လို့ခေါ်တဲ့ GHG ဖန်လုံအိမ်ဓာတ်ငွေ့ တွေ ဟာ ကျွန်မတို့ လေထု မှာ ဖန်ချပ်တွေလို ဖြစ်တည်ခဲ့ပြီ..။ ဖန်လုံအိမ်ဓာတ်ငွေ့ တွေ က လူတွေ ရဲ့ ပယောဂ ကြောင့် ရှိသင့်တဲ့ ပမာဏ ထက်ပိုမိုလာခဲ့တာ ကြာခဲ့ပါပြီ…။

ဒီတော့ နေ မှကျရောက်တဲ့အလင်းတန်းမှ အပူဓာတ် သည် လေဟာနယ် ဆို့ လွှတ်ထွက်မသွားပဲ ကမ္ဘာမြေရဲ့ လေထု အတွင်း ပိတ်မိ တည်ရှိစေခဲ့ပါပြီ…။ ဒီအကြောင်း တွေကို ကျွန်မ စာသင်ရတဲ့ ကလေးတွေ. .ကျောင်းသားတွေ ..၊ တောင်သူတွေ ကို ရှင်းပြရင်း ဖန်လုံအိမ် ဓာတ်ငွေ့ဆိုတာ ဘာလဲ… ပြောပြဘူးပါတယ်..။

စက်မှုလုပ်ငန်းတွေ ... ပါဝါစတေရှင်တွေ က ထုတ်လုပ်တဲ့ ဓာတ်ငွေ့တွေ.. ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်တြပ်အောက်ဆိုဒ် ၊ မီသိန်း ၊ CFC စတဲ့ ဓာတ်ငွေ့ တွေ….ဟာ ပလူပျံနေအောင်ထွက်နေတာ…။

ကားတွေ နဲ့ အချိန်ပြည့် စီးမျော တဲ့ မြို့ကြီးတွေ ကနေ မွန်းကြပ်လာလို့ လွတ်လပ်စွာ ပြေးထွက်ချင် လာ တာမျိုးလည်းရှိခဲ့တယ်…။

ဟိုတလောက ရောက်ခဲ့တဲ့ တောင်ကြီး မြို့ကနေ မိုင် ၂၀ လောက် အထိဝေး တဲ့ဒေသ တွေ မှာ ကွန်ကရစ်တိုင်လေးတွေ စီရရီ..အကွက်ရိုက် ရောင်းရတဲ့ မြေတွေ…ဖြစ်ကုန်တာတွေ့ရပါတယ်..။ ရှမ်းပြည်က စိမ်းလန်းခဲ့ဘူး တဲ့ တောင်တန်း တွေ မှာ မီးရှို့ထားတဲ့ ခပ်မည်းမည်း မြေကွက်တွေ ကအကျည်းတန်စွာ..အနား မှာတော့ ကြိုးဝိုင်းဧရိယာ မီးမရှို့ ရဆိုတဲ့ ဆိုင်းဘုတ်လေးရှိနေပါ့လား..။

အဲဒီဖန်လု့အိမ် ဓာတ်ငွေ့တွေဟာ ဘယ်အချိန်မှာ ထွက်တာလဲ….ဖန်လုံအိမ်ဓာတ်ငွေ့ တိုးပွားများပြားစေတဲ့ လူတွေ ထဲ မှာ ကိုယ်ပါနေသလား..။ ဆိုတဲ့မေးခွန်း တွေ နဲ့ ကျွန်မဟာ ရောက်လေရာမှာ ပညာပေးဘို့ ကြိုးစားခဲ့ပါတယ်..။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးသတိ ဟာ ကျွန်မအားထုတ် နေတဲ့ နေတံမမ တရားနဲ့ အတူ အဆင်သင့် ရှိမြဲပါ..။

ဟိုတနေ့ ကတော့ ဆရာကြီးဒေါက်တာ ဦးထွန်းလွင် ရဲ့ ( ဥတုရာသီ ၊ လူကိုမှီ၏ ) ဆိုတဲ့ ဟောပြောချက်ကို ဆရာမကြီး ဒေါ်ဒေဝီသန့်စင်လက်ဆောင်ပေးတာနဲ့ သေချာ နားထောင်လိုက်ရပါတယ်..။

အဲဒီ ချိန်မှာ ကမ္ဘာကြီးပူနွေးစေတဲ့ နောက်ထပ် တရားခံ တစ်ဦး ကို ဆရာကြီးက ထောက်ပြခဲ့ပါတယ်..။

ဆရာကြီးဟာ မိမိ ဘဝ နဲ့ ထပ်တူ အချိန်ပေးပြီး မိုးလေဝသပညာ ကို လေ့လာခဲ့သလို လူထုကြား မှာ စိမ့်ဝင်ပြန့်နှံ့ လာအောင် စွမ်းဆောင်နိုင်သူ ပြည်သူချစ်သော ပညာရှင်..ကျွန်မတို့ လေးစားအားကျရတဲ့ ပညာရှင် တစ်ဦး လည်းဖြစ်ပါတယ်..။

ဆရာကြီး ကသူ့ ရဲ့လေးနက်တည်ကြည် တဲ့အသံ နဲ့ ပြောပြ ခဲ့ပါတယ်…။

ကမ္ဘာကြီးပူနွေး မှုရဲ့ ဒုတိယ တရားခံ သည် Gross Domestic Product လို့ ခေါ်တဲ့ GDP ဖြစ်ပါတယ် တဲ့..။ ဒီစကားလုံး ဟာ ကျွန်မတို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် တွေ နဲ့ အလှမ်းဝေးနေတဲ့ စကားလုံး မျိုးပါ..။

GDP ကို ၁၉၉၁ မှာ အမေရိကန် မှ စီးပွားရေးပညာရှင် တွေကစတင်သုံးစွဲ တွက်ချက်ခဲ့တယ်..။ နိုင်ငံ တစ်နိုင်ငံ ရဲ့ တစ်နှစ်တာ စျေးကွက် တင်ပို့နိုင်သော … ရောင်းချနိုင်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင် မှုများရဲ့ တန်ဘိုး ကိုဖေါ်ပြ တဲ့ကိန်းဂဏန်း ဖြစ်ပါတယ်..။

တိုးတက်မှု ဟာစျေးကွက်မှာ မူတည်ပြီး တွက်ချက်ထားတဲ့ ကိန်းဂဏန်းတစ်ခုပါ။

ကျွန်မ ကတော့ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် (Agro-ecology) ကိုသာ အာရုံစိုက်ထားတာမို့ ဒီအဝန်းအဝိုင်း ရဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းမှု ဟာ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရေး Commercial Agriculture ကြောင့် ဖြစ်တာလို့ ကျွန်မက သိသလောက် ထောက်ပြ ဆွေးနွေးပြောဆိုခဲ့ပါတယ်..။

ဆရာကြီး ဒေါက်တာထွန်းလွင်က တော့ ကဏ္ဍ အားလုံး ကိုခြုံငုံသုံးသပ်တဲ့အမြင် နဲ့ GDP ကြောင့်လို့ ဖေါ်ပြတာ ပါ..။

သည် ကိန်းဂဏန်း က အချင်းချင်း အပြိုင်အဆိုင် ယှဉ်ပြိုင် မှု ကို ဖြစ်စေတယ်..။ အပြေးပြိုင်ပွဲ တွေ လို ကြိုးစားကြတယ်..။ လိုအပ်တာထက် ပိုတဲ့ကုန်ပစ္စည်းတွေ ထုတ်လုပ်ကြတယ်..။

စိုက်ပျိုးရေးမှာဆိုရင်လည်း Agribusiness နာမည် နဲ့ချမ်းသာတဲ့သူတွေ အစားထိုး ပြီးလုပ်ကိုင်လာကြတယ်..။

ဒေသခံ အင်ဒိုနီးရှားက လယ်သမား သန်းပေါင်းများစွာ ၊ ဖိလစ်ပိုင်လယ်သမား ထောင်ပေါင်းများစွာ ၊ လယ် မလုပ်တော့ပဲ မြို့တက်အလုပ်လုပ်ရသတဲ့..။ ရေနံထွက်တဲ့ အရှေ့ အလယ်ပိုင်း တိုင်းပြည်တွေ မှာအလုပ်လုပ်ရတယ် တဲ့..။ ဂျီဒီပီ တိုးတက်လျှင် အကြင်လူ့အဖွဲ့အစည်းသည် အမှန်တကယ် တိုးတက်လာလေသလား ..။ စျေးကွက်သည်သာအဓိက ဝါဒ..Free market fundamentalism သည် တရွေ့ရွေ့ချီတက်လာနေချေပြီ..။ နဂိုရေ ပျက်ယွင်းခဲ့သော သဘာဝ ပတ်ဝန်းကျင် သည် ပျက်စီးကုန်ခမ်းတော့မည်....လော.. ဒေသခံ လယ်သမားငယ်တွေ …ဘဝများစွာ…. ကော…။ အောက်ခြေကလာသောအသံ ၊ အပယ်ခံတို့ရဲ့ အသံကိုနားမထောင်သော ပညာတတ်များစွာ ရှိနေလေသလား။

အဲဒီထဲ ကျွန်မကောပါနေသလား။ …

ဒုတိယပိုင်းကို ဆက်လက် ရေးသားပါမည်။
မေတ္တာဖြင့်
သစ္စာအလင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်