အစားအစာဘေးကင်းရေးနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ အဘယ်ကြောင့်အရေးကြီးသလဲ?

24/08/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပဒေစည်းမျဉ်းများသည် စားသုံးသူများ အားဖြစ်နိုင်ခြေရှိသော အစာအစာဆိုင်ရာ ဘေးဥပါဒ်များကို မဖြစ်ပေါ်စေရန်အကာအကွယ် ပြုပေးထားခြင်းဖြစ်၍ စားသုံးသူများ အတွက်ရော၊  အစာအစာ ထုတ်လုပ်သည့် လုပ်ငန်းများအတွက်ပါ အလွန်အရေးကြီးပါသည်။ အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများသည် စားသုံးသူ ၊ ထုတ်လုပ်သူများသာမက ကုန်ပစ္စည်းပေးသွင်းရောင်းချသူများ အတွက်ပါ လွှမ်းခြုံသက်ရောက်ပါသည်။ ယင်းလမ်းညွှန်ချက်များသည် လူတို့၏အသက် အန္တရာယ်အထိပါ ခြိမ်းခြောက်နိုင်သော အစားအစာဆိုင်ရာ ပြဿနာများ မဖြစ်ပွားစေရန် ဖြစ်သည်။ ထို့ပြင် ယင်းလိုက်နာရမည့် စည်းမျဥ်းများသည် အစားအစာထုတ်လုပ်သည့်လုပ်ငန်းများကို ဘေးအန္တရာယ်ကင်း၍စိတ်ချရသော အစားအစာများ ထုတ်လုပ်မှု သေချာစေ၍ ပြည်တွင်းရောပြည်ပသို့ပါ ရောင်းဝယ် ဖေါက်ကားနိုင်အောင်ကူညီသည်။ အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပေဒေနှင့် စဉ်းမျဥ်းများသည် စားသုံးသူများအား လှည့်ဖြားခြင်းနှင့် ဘေးအန္တရာယ်ဖြစ်စေသော အစားအစာဆိုင်ရာအလေ့အထများမှ အကာအကွယ် ပေးသည်။

နိုင်ငံတိုင်းတွင် နိုင်ငံသားတိုင်းဘေးကင်းလုံခြုံမှုမရှိသော အစားအစာများကြောင့်ဖြစ်ရသည့် နာမကျန်းဖြစ်မှုနှင့် ရောဂါဖြစ်ပွားမှုကို လျှော့ချ၊ ကာကွယ်နိုင်ရန် အမျိုးသားရေးအဆင့် အစားအသောက်ကွပ်ကဲရေး အစီအစဉ်များ ရှိကြပါသည်။ အမျိုးသား အစားအသောက် ကွပ်ကဲရေး အစီအစဉ်၏ အဓိကရည်ရွယ်ချက်များမှာ :

§  အစားအသောက်မှ သယ်ဆောင်လာသည့် နာမကျန်းမှုများ ဖြစ်နိုင်ချေကို လျှော့ချခြင်းဖြင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန်

§  စားသုံးသူများကို မသန့်ရှင်းသော၊ ကျန်းမာရေးအတွက်အကျိုးမပြုနိုင်သော၊ မှားယွင်းတံဆိပ်တပ်ထားသော အစားအစာများ ဝယ်ယူစားသုံးမိခြင်းမှ ကာကွယ်ပေးရန်

§  ပြည်တွင်းနှင့် နိုင်ငံတကာစားသောက်ကုန် ကုန်သွယ်ရေးအတွက် ဥပဒေပြဌာန်းချက်များ အခြေခံခိုင်မာမှု ပေးနိုင်ရန်နှင့် စားသုံးသူများမှ အစားအစာထုတ်လုပ်မှုစနစ်ကို ယုံကြည်မှုရှိရန် ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကျိုးဖြစ်ထွန်းစေရန် တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ကိုဒက်စ် ကော်မရှင်၏အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ကိုဒက်စ်ကော်မရှင် (Codex Alimentarius Commission) သည် စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာအဖွဲ့ကြီးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတို့မှ ပူးတွဲချမှတ်ထားသော အစားအသောက် ဆိုင်ရာ စံချိန်စံညွှန်း အစီအစဉ်များအားလုံးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည့်အဖွဲ့ကြီးဖြစ်သည်။  ကိုဒက်စ်ကော်မရှင်၏ ပြဌာန်းချက် များသည် မဖြစ်မနေလိုက်နာရမည့် ဥပဒေသများ မဟုတ်ပါ။ မိမိဆန္ဒအလျောက် လိုက်နာ ဆောင်ရွက်လိုပါက လိုက်နာနိုင်သည်။ သို့ရာတွင် အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေသများပြဌာန်းသည့်အခါ ကိုဒက်စ်ကော်မရှင်၏ စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များကို ရည်ညွှန်းကိုးကား လေ့ရှိကြသည်။ (ဥပမာ ဓါတ်သတ္ထုအဆိပ်အတောက်များ၊ ပိုးသတ်ဆေးဓါတ်ကြွင်းများအတွက် အမြင့်ဆုံးဓါတ်ကြွင်းပမာဏ ကန့်သတ်ချက် များကို ကိုးကားကြသည်။)

 မြန်မာနိုင်ငံတွင် အစားအစာဘေးကင်းလုံခြုံရေး ကိုထိမ်းချုပ်ကွပ်ကဲနေသည့်အဖွဲ့အစည်းများ

အစားအစာဘေးကင်းလုံခြုံရေးသည် အစားအစာထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တလျှောက်လုံးကို လွှမ်းခြုံမိရန် အလွန်အရေးကြီးသည်။ မြန်မာနိုင်ငံ၏ အစားအစာ  ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တွင် တာဝန်ရှိသော အစိုးရဌာနများနှင့် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ တာဝန်များ၊ ဆောင်ရွက်ချက်များကို အောက်ပါဇယားဖြင့် ဖေါ်ပါထားပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်