သင်္ဘောပင်တွေ ဘာကြောင့် အသီးကြွေတတ်သလဲ?

23/03/2020 17:00 PM တွင် Thein Soe Min Thein Soe Min မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    တစ်ခါတစ်လေမှာ သင်္ဘောသီးလေးတွေက စောင့်ကြည့်နေရင်းနဲ့ အသီးကြွေတာတွေ ဖြစ်တတ်ပါတယ်။ အသီးကြွေရတဲ့ ပြဿနာရဲ့ရင်းမြစ်က တစ်ခုတည်းတော့ မဟုတ်နေဘူး။ သိချင်နေပြီဆိုရင် အောက်မှာ ဆက်ဖတ်ပါ။ 

သဘာဝအရကို ကြွေတာပါ

    အသီးအရွယ်အစား ငယ်ငယ်လေးနဲ့ ကြွေနေတာတွေ့ရင် ဒါဟာ သဘာဝအရ ကြွေတာဖြစ်နိုင်ပါတယ်။ ဝတ်မှုန်မကူးနိုင်တဲ့ ပန်းပွင့်၊ ဝတ်မှုန်ကူးတာ မအောင်မြင်တဲ့ အမပန်းပွင့်တွေဟာ သဘာဝအရ ကြွေကျတတ်ပါတယ်။ ဒါက အပင်တွေရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ 

အပင်ရေရရှိမှု

    သင်္ဘောပင်က အပူပိုင်းမှာဖြစ်ထွန်းတဲ့ အပင်မျိုးပါ။ သင်္ဘောပင်ဟာ ရေကြိုက်ပါတယ်။ အပင်က ရေငတ်တဲ့အခါမှာ အသီးတွေ ချွေချပစ်ပါတယ်။ ရေကြိုက်လို့ဆိုပြီး ရေတွေ အများကြီးသွားမပေးပါနဲ့ဦး။ လိုတာထက်ပိုများရင်လည်း အသီးကြွေတတ်ပါတယ်။​ ရေကြိုက်တဲ့အပင်ဆိုပေမယ့် ရေဝပ်ဒဏ်မခံနိုင်ပါဘူး။ ၁ -၂ ရက်လောက် ရေဝပ်သွားရင်ကို သင်္ဘောပင်က သေနိုင်ပါတယ်။ ရေဝပ်တယ်ဆိုတဲ့နေရာမှာ ရေအိုင်တာတင်မကပါဘူး ဥပမာ တီကောင်တောင် မနေနိုင်လောက်အောင် မြေကြီးက လေမရှိတော့ဘဲ ရေတွေပြည့်သွားတဲ့အခြေအနေမှာ သေနိုင်ပါတယ်။ ဒါကြောင့် မြေကြီးစိုအောင်တော့ ထားပါတယ်။ ရေတော့ မဝပ်ပါစေနဲ့။ ရေဝင် ရေထွက်ကောင်းအောင် ဂရုစိုက်ပါ။ 

ပိုးကျရင် ကြွေနိုင်ပါတယ်

    သတိထားရမှာက သီးထိုးယင်ပါ။ အများစုက သီးထိုးယင်ကို အသီးမှည့်ခါနီးအချိန်မှ သတိမူတတ်ကြပါတယ်။ သူတို့တွေက အသီးငယ်ချိန်မှာလည်း ဖျက်ဆီးပါတယ်။ သီးထိုးယင်ကပေါက်လာတဲ့ လောက်ကောင်လေးတွေက အသီးစိမ်းထဲဝင်ပြီး အထဲမှာ စားပါတယ်။ ပြီးရင် အသီးတွေ ကြွေကြကုန်ပါရော။ ဒီတော့ ဘာနဲ့ ကာကွယ်လို့ရမလဲ။ အချို့နေရာတွေမှာတော့ အိတ်စွပ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း အဝါရောင်ပိုးကပ်ကော်ကို သင်္ဘောခင်းထဲမှာ ထောင်ထားလိုက်ရင် သီးထိုးယင်တွေကို ဖမ်းပြီးဖြစ်မှာပါ။ ပိုးသတ်ဆေးဖျန်းရင်တော့ ကျန်းမာရေးထိနိုင်တာပေါ့။ 

ရောဂါကျရင်လည်း ကြွေပါတယ်

    မှိုရောဂါကျရောက်လာရင်လည်း အသီးတွေကြွေနိုင်ပါတယ်။ အသီးတွေ ရှုံ့လာပြီး ကြွေကျတာတွေ ဖြစ်ပါတယ်။ အသီးကိုကြည့်ရင်လည်း ရေနာကွက်တွေ တွေ့နေရမှာပါ။ ပိုဆိုးလာရင် အရွက်တွေပါညှိုးလာပြီး အပင်လဲတဲ့အထိဖြစ်ပါတယ်။ ဒါတွေကာကွယ်ဖို့ကတော့ စိုက်ခင်းကို လေဝင်လေထွက်ကောင်းအောင်လုပ်ပါ။ ရေစီးရေလာကောင်းပြီး ရေမဝပ်အောင် ဂရုစိုက်ပါ။ အသီးတင်တဲ့အချိန်မှာ ကော့ပါးပါတဲ့ မှိုသတ်ဆေး (ဥပမာ မန်ကိုဇက်) ဖျန်းပြီး ကာကွယ်နိုင်ပါတယ်။ 

ကိုးကား : Gardening Know How

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ) 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်