ရေပြောင်းဖူး (သို့) ရေဝါးပင်စည်

17/07/2024 13:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ရေပြောင်းဖူးဆိုပြီး ရောင်းနေကြတာ ဝယ်စားနေကြတာမြင်တော့ ဘယ်အပင်က ရတာလဲ။ ဘယ်လိုအစိတ်အပိုင်းကိုစားတာလဲ ဘယ်လိုချက်ပြုတ်ပြင်ဆင်ရသလဲဆိုတာ သိချင်သွားရော ... အဲ့တော့ ရှာကြည့် ဖွေကြည့်ရတာပေါ့။

ရေပြောင်း (တစ်ချို့ကလည်း ရေဝါး လို့ခေါ်ကြပါသတဲ့) အင်္ဂလိပ်လိုတော့ Wild Rice လို့ခေါ်ကြတာဆိုတော့ မြန်မာလိုဆိုရင်တော့ စပါးရိုင်းပင်ရဲ့ ပင်စည်ပိုင်းပေါ့နော်။

စပါးအရိုင်းဆိုတော့ စပါးပင်လိုပဲဆိုတော့ အရွက်ထပ်လေးတွေပါတယ်။ အဲ့ပင်စည်ပိုင်းလေးနားကိုပဲ ခုတ်ယူလိုက်တော့ အရွက်အထပ်ထပ်လေးတွေနဲ့ ပြောင်းဖူးလေးလို အခွံလေးနဲ့ ပုံစံတူသွားလို့ ရေပြောင်းဖူးလို့ ခေါ်လိုက်ကြရော…

ရောင်းတော့လည်း နှီးလေးနဲ့ အစည်းလိုက်ရောင်းတာ၊ အရွယ်သေးတော့ လေးတန်းပြောင်းလိုလိုနဲ့ ဒါပေမဲ့ ခွာကြည့်ရင်တော့ ပြောင်းဖူးစေ့မြင်ရတော့ မဟုတ်၊ အသားဖြူဖြူလေးတွေ ကို မြင်ရမှာ။

အဲ့ဒါကို လှီးချွတ်ပြီးတော့ ကြော်စားတာ၊ မုန်လာဥနီ၊ ကြာဇံတွေနဲ့ သုပ်စားလို့လည်းရပါတယ်။ 

ဆိုတော့ သူ့ကိုစားရင် ဘာတွေ ရမှာလဲ ဆိုတဲ့ အာဟာရ ရှုထောင့်ကနေတစ်ချက် လေ့လာကြည့်ရအောင်လားခင်ဗျာ..။

ပရိုတင်း လို့ခေါ်တဲ့ အသားဓာတ်နဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေ ပြည့်ပြည့်ဝဝပါတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ကယ်လိုရီလည်း နည်းပါတယ်။

ပြီးတော့ အထူးသဖြင့်တော့ မန်းဂနိစ့် ပါဝင်နေတာပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီးတော့ ဆဲလ်ကျန်းမာရေးအတွက် မိုက်တိုခွန်ဒရီယား (Mitochondria) တွေကို ထိန်းသိမ်းပေးပါတယ်။ ပြီးတော့ သူက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပုံမှန်ဖြစ်စေဖို့ ထိန်းသိမ်းပေးနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ 

နောက်တစ်ချက်ကတော့ သူကဂလူတန် (Gluten)  မပါတဲ့အတွက် ဂလူတန်နဲ့ မတည့်တဲ့ရောဂါ (celiac disease) ရှိနေတယ်ဆိုရင်တောင် စားလို့ရပါတယ်တဲ့ခင်ဗျာ။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကတော့ 

  • နှလုံးကျန်းမာရေးကိုကောင်းစေတယ်

သုတေသနတွေအရဆိုရင်တော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုများတယ်။ ကိုယ်လက်စထရောလည်း နည်းတယ်ဆိုတော့ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ 

  • ဆီးချို

ALA (Alpha Lipoic Acid) တွေ အများကြီးပါဝင်ပါတယ်။ ဒါဟာ ဆီးချို အမျိုးအစား (၂) သမားတွေအတွက် ကောင်းမွန်တယ်လို့ဆိုပါတယ်။  ခန္ဓာကိုယ်အတွက် အင်ဆူလင်ထုတ်ပေးနိုင်တဲ့စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ 

  • ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်

ဆာလောင်မှုကို ထိန်းသိမ်းပေးနိုင်တယ်။ ကယ်လိုရီကလည်း နည်းတယ်ဆိုတော့ ခန္ဓာကိုယ်အလေးချိန်တက်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါတော့မလဲနော်။ ပြီးတော့ ဖိုက်ဘာလို့ခေါ်ကြတဲ့ အမျှင်ဓာတ်ကလည်း ပါဝင်သေးတယ်ဆိုတော့ ဝိတ်ထိန်းချင်တယ်ဆိုရင် ဒါမှ မစားရင် ဘာစားကြမလဲလို့နော်။ 

 အာဟာရပါဝင်မှုကို လေ့လာကြည့်မယ်ဆိုရင်တော့ 

  • ရေပြောင်းဖူး (၁၀၀) ဂရမ်ကို ပြင်ဆင်ချက်ပြုတ် စားတိုင်းမှာ 
  • ကယ်လိုရီ - ၁၀၁
  • ပရိုတင်း (အသားဓာတ်) ၄ ဂရမ်
  • အဆီ - ၀.၃ ဂရမ်
  • ကာဗွန်ဟိုက်ဒရိတ် (ကစီဓာတ်) - ၂၁.၃ဂရမ်
  • ဖိုက်ဘာ (အမျှင်) - ၁.၈ ဂရမ်
  • သကြား - ၀.၇ ဂရမ်တို့ကို ရမှာဖြစ်ပါတယ်။

ဆိုတော့ အစာလည်းဆေး ဆေးလည်းအစာ အနေနဲ့ ကောင်းကောင်းမွန်မွန်စားသုံးစရာ နောက်ထပ် အမယ်တစ်ခု ထပ်တိုးပါကြောင်းနဲ့ ထုတ်လုပ်တဲ့တောင်သူဦးကြီးများလည်းရှိမလားဆိုတာလည်း သိချင်မိပါရဲ့…

Reference 

https://www.webmd.com/diet/health-benefits-wild-rice 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်