ကုလားပဲ ပင်ညှိုးရောဂါ (Wilt)

10/01/2018 17:25 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

ရောဂါလက္ခဏာမှာ အပင်ငယ်စဉ်တွင် ရောဂါရ အပင်သည် အရွက်များအောက်သို့ ငိုက်ကျခြင်း၊ အစိမ်းရောင်ဖျော့ခြင်း၊ မြေကြီးပေါ်သို့ လဲကျနေခြင်းများ တွေ့ရှိနိုင်သည်။ လဲကျနေသော ပင်စည်သည် သိမ်ပြီး ရှုံ့နေသည်။ အမြစ်ပိုင်း၏ ပြင်ပ လက္ခဏာသည် ထူးခြား ပြောင်းလဲမှု မရှိပါ။ အမြစ်၏ အတွင်းသား ခွဲကြည့်လျှင် အညိုရောင် ပြောင်းလဲနေသည်ကို တွေ့ရပါသည်။

ဓာတ်ပုံ- ရောဂါရ ပင်စည်၏ အတွင်းပိုင်းတွင် အနက်ရောင် ဖြစ်နေပုံ

အပင်ကြီးအဆင့်တွင် အသီးသီးချိန်အထိ ပင်ညှိုးခြင်းကို တွေ့နိုင်သည်။ ပထမ အညွန့်အရွက်များ ငိုက်ကျလာပြီး (၂-၃) ရက်အတွင်း တစ်ပင်လုံး ညှိုးလာသည်ကို တွေ့နိုင်ပါသည်။ ဤအပင်များသည် တဖြည်းဖြည်း အစိမ်းရောင် ဖျော့လာပြီးနောက် ကောက်ရိုးရောင်သို့ ပြောင်းလာသည်။ ပင်စည်ကို ခွဲကြည့်လျှင် အူတိုင်သည် အနက်ရောင်သို့ ပြောင်းလဲနေသည်ကို တွေ့နိုင်ပါသည်။ တစ်ခါတစ်ရံ တစ်ပင်လုံး ညှိုးခြင်း မရှိပဲ ပင်ကိုင်းတစ်ခု သို့မဟုတ် အချို့သာ ညှိုးနေသည်ကို တွေ့နိုင်သည်။

ဓာတ်ပုံ- ရောဂါကျစတွင် အရွက် အချို့ ညှိုးပြီး ခြောက်နေပုံ

ရောဂါခံနိုင်ရည်နည်းသော မျိုးများတွင် စိုက်ပြီး (၂၅) ရက် အကြာ၌ ရောဂါစတွေ့နိုင်သည်။ အပင်ငယ်စဉ်တွင် ပင်ညှိုး ပင်သေတို့အား အခြားမြစ်ပုပ်၊ မြစ်ဆွေးရောဂါများနှင့် ရောနိုင်၍် သေချာစွာ စစေ်ဆးကြည့်ရန် လိုအပ်ပါသည်။ ရောဂါဖြစ်စေသက်ရှိမှာ Fusarium oxysporum f.sp.ciceri ဖြစ်သည်။

ရောဂါသံသရာ

ဤပင်ညှိုးရောဂါသည် အေးသော ရာသီဥတု (၂၀-၂၅) ဒီဂရီ စင်တီဂရိတ်ကို ကြိုက်နှစ်သက်ပါသည်။ ရောဂါဖြစ်စေသော မှိုသည် ရောဂါရ ပင်ကြွင်း ပင်ကျန်များ မျိုးစေ့များတွင် ခိုအောင်းနေနိုင်ပါသည်။

ယင်းရောဂါရ အပင်အစိတ်အပိုင်းများ မျိုးစေ့များသည် အခြားရောဂါကင်းသော မြေတွင် ကျရောက် သွားပါက ထိုမြေတွင် နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်ပါသည်။ ဤရောဂါ ဖြစ်စေသော မှိုသည် မြေစေးမြေများတွင် ကြာရှည်စွာ တည်ရှိနေနိုင်ပါသည်။ ဤနည်းဖြင့် တစ်နေရာမှ တစ်နေရာသို့ ရောဂါ ကူးစက်မှု အဓိက ဖြစ်စေပါသည်။ ထို့အပြင် ပဲရာဇာ၊ ပဲစင်းငုံနှင့် အခြား ပဲမျိုး အချို့တို့သည် ရောဂါဖြစ်မှိုကို လက္ခဏာမဲ့ သယ်ဆောင်နိုင်စွမ်း ရှိကြသည်။

ကာကွယ် နှိမ်နင်းနည်းများ

  • အမျိုးအစားကောင်းသော ရောဂါကင်း မျိုးစေ့ကို သုံးပါ။ မျိုးစေ့ဆောင်ရောဂါများအတွက် ဘီနိုမိုင်း (Benomyl) ၂ ကျပ်သားကို မျိုးစေ့ (၁) တင်းနှုန်းဖြင့် လူးနယ် စိုက်နိုင်ပါသည။်
  • သီးလှည့် စနစ်ဖြင့် အနည်းဆုံး (၆) နှစ် ခြား၍ စိုက်ပါ။
  • Tebuconazole (တက်ဗျူကိုနာဇိုး)၊ Hexaconazloe (ဟက်ဇာကိုနာဇိုး)၊ Iprodione (အစ်ပရိုဒီအုန်း)၊ Carbendazim (ကာဗစ်ဒါဇင်)၊ Validamycin (ဗလစ်ဒါ မိုက်စင်) စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင်သည်။
  • မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် (www.doa.gov.mm) နည်းပညာများ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

     


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်