ကျောက်ဖရုံသီး စိုက်ပျိုးနည်း

20/07/2018 16:18 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ကျောက်ဖရုံသီးအတွင်းသားကို အဓိက ဟင်းချိုချက်စားကြသည်။ အထားခံသဖြင့် တစ်နှစ်ပတ်လုံး စားသောက်ကြသည်။ သကြားဖြင့် ယိုထိုး၍ စီးပွားဖြစ်ရောင်းချကြသည်။

မျိုး

ဒေသမျိုးတွင် အလုံးလတ် (၁ -၂) ပေနှင့် အလုံးကြီး(၂)ပေ အထက် အရှည်မျိုးဟူ၍ ရှိသည်။ အလုံးလတ်မျိုးများကို စီးပွားဖြစ် မြေလွတ်စိုက်ကြသည်။ အလုံးကြီးမျိုးများကို အချို့ဒေသများတွင် စင်တင်စိုက်ကြပြီး ဧရာဝတီတိုင်းမှ ပန်းတနော်၊ ဟင်္သာတ အလုံးကြီးမျိုးများသည် ထင်ရှားသည်။ မျိုးအားလုံးသည် အပြင်ခွံတွင် ဖယောင်းပါဝင်မှုများ၍ အဖြူရောင် ပိုတောက်သည်။

စိုက်ချိန်

မိုးနှောင်းတွင် မြေလွတ်စိုက်ကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ အချို့ဒေသများတွင် သစ်ပင်ကြီး များနှင့် တဲများပေါ်တွင်တင်၍ နှစ်ပတ်လည်စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ် မြေလွှတ်၍ စိုက်ပျိုးကြသည်။ 

စိုက်ပျိုးခြင်း

စင်တင်စနစ်၊ မြေလွှတ်စနစ်ကို ဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချ စိုက်ကြသည်။ သဘာဝ မြေသြဇာ၊ နွားချေးနှင့် တီစူပါ မြေသြဇာတို့ကို ရော၍ စိုက်ဘောင်ကိုဆွပြီး သမအောင်မွှေ၍ ထည့်ပေးရမည်။ စင်တင်စနစ်တွင် (၃)ပေ အကျယ်၊ (၁)ပေအမြင့် ဘောင်ဆွဲ၍စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်းလေ ဖြစ်ပါသည်။ မြေလွှတ်စနစ်တွင် (၂) ပေအကျယ်၊ (၁)ပေအမြင့် ဘောင်ဆွဲ၍ တစ်ပင်နှင့်တစ်ပင် (၂) ပေကြား နှစ်တန်းစိုက်ပြီး တစ်ပေါင်နှင့် တစ်ပေါင် (၁၅ -၂၀)ပေခြား ဆွဲပါက တစ်ဧကလျှင် အပင်(၂၀၀၀)ခန့် ထည့်သွင်းရပါမည်။

မြေသြဇာထည့်သွင်းခြင်း

ကျောက်ဖရုံ (၁) ဧကလျှင် သဘာဝမြေသြဇာ လှည်း (၁၀-၂၀) စီး၊ ပုလဲ (၁၂) အိတ်၊ တီဆူပါ (၂ - ၄) အိတ်၊ ပိုတက်ရှ်မြေသြဇာ (၁ - ၂) အိတ်ထည့်ပေးရမည်။ ဒေသမျိုးအားလုံးသည် စိုက်ပြီးရက် (၁၀၀) ကျော်မှ စတင်ခူးဆွတ် နိုင်သည်။ စိုက်ပြီး အရွက် (၇) ရွက်ထွက်ချိန်တွင် ခေါင်နှိမ်ပေးသင့်ပါသည်။

အပင်ပြုစုခြင်း

တိုက်ရိုက်အစေ့ချ စိုက်ခြင်းဖြစ်၍ အပင်ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောက်ဖောက်ပြီး မှချ၍ အပင်ငယ်စဉ်တွင် ရေကို မပြတ်လောင်းပေးရမည်။ အပင်ကြီးထွားစဉ် ရေငတ်ဒဏ် အသင့်တင့်ခံနိုင်ပြီး အသီး စတင်သီးချိန်တွင် လိုအပ်ပါက ရေသွင်းပေးဖို့လိုအပ်သည်။

ပိုးမွှားရောဂါကို အခြား ဗူး၊ ဖရုံမျိုးရင်းဝင် အပင်များထက် ပိုမိုဒဏ်ခံသော်လည်း ရောဂါကင်းလေ အသီးထွက်မှု ပို၍တာ ရှည်လေဖြစ်သဖြင့် အပင်ငယ်စဉ်တွင် ပိုးမွှားများကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကို ကြိုတင်ကာကွယ်ထားသင့်ပါသည်။ 

ခူးယူခြင်း၊ အစေ့ထုတ်ခြင်း

အစေ့ချပြီး ရက်ပေါင်း (၁၀၀) ကျော်တွင် စတင်၍ ခူးယူစားသုံးနိုင်သည်။ မျိုးစေ့ထုတ်ယူလိုပါက ပန်းပွင့်ပြီး(၆၅) ရက် ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီးသည် တာရှည်အထားခံသဖြင့် အလုံးလိုက် အရိပ်ထဲတွင် နှစ်ပတ်လည် ထား သင့်သည်။ ကျောက်ဖရုံတွင် မျိုးစေ့ကို အလုံးလိုက် သဘာဝအတိုင်း သိုလှောင်ခြင်းဖြင့် အပင်ပေါက်ရာခိုင်နှုန်း ပိုမို ကောင်းမွန်သည်။

(ဟင်းသီးဟင်ရွက်စိုက်ပျိုးခြင်းလမ်းညွှန်)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်