𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 လျှောက်ထားလိုသူများအတွက် 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 ကာလ ထပ်မံတိုးမြှင့်ခြင်း

25/11/2022 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအတွက် “ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်-𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦” ကို လျှောက်ထားလိုသူ အမျိုးသမီးစွန့်ဦးလုပ်ငန်းရှင်များအတွက် ယခင်လျှောက်လွှာနောက်ဆုံးရက် (၂‌၄-၁၁-၂၀၂၂) မှ (၁၀-၁၂-၂၀၂၂) အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း အသိပေးအကြောင်းကြားလိုက်ရပါတယ်။

“ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်-𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦” ကို 𝐀𝐂𝐃𝐈/𝐕𝐎𝐂𝐀 နှင့် FHI 360 တို့မှ ပူးပေါင်းလုပ်ဆောင်နေတဲ့ Feed the Future Burma Agriculture and Food Systems Development Activity စိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်း (𝐀𝐅𝐃𝐀)၊ USAID Burma တို့၏ပံ့ပိုးမှုဖြင့် Myanmar Innovative Life Sciences နှင့် Myanmar Women Entrepreneurs Network တို့မှအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဤအစီအစဉ်မှာ ပါဝင်ခြင်းအားဖြင့် အမျိုးသမီး လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့စီးပွားရေးကို ပိုမို အဆင့်မြှင့်တင်နိုင်ခြင်း၊ နည်းပညာနဲ့ပတ်သက်တဲ့ စိုက်ပျိုးစီးပွားကဏ္ဍနဲ့ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်ငန်း ဆိုင်ရာကဏ္ဍများအတွက် အသိပညာများ ရရှိနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်စွမ်းကို မြှင့်တင်နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ပိုမိုတတ်ကျွမ်းနားလည်ခြင်း စသည်တို့ကို မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ တဖန် လက်တွေ့အသုံးချမှုများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးများလုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ စွမ်းရည်များကို မြှင့်တင်နိုင်ပြီး ပြောင်းလဲမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်ရန်  http://www.milsciences.com/wep မှ တစ်ဆင့် (၁၀-၁၂-၂၀၂၂) ရက်နေ့မတိုင်ခင်အထိ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

ဤအစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်ပိုမိုသိရှိလိုပါက ဖုန်း - 09 750 054 341 (သို့မဟုတ်) အီးမေးလ် wep.project@myanwen.com သို့ အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

#WomenEntrepreneurshipProgram

Crd#

Myanmar Innovative Life Science


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်