မြေဆီလွှာနဲ့ရေထု...ဘဝရဲ့ ရင်းမြစ်တစ်ခု

05/12/2023 13:12 PM တွင် ဇင်ဘိုလွင် ဇင်ဘိုလွင် မှ ရေးသား

ဟီဘရူးအယူအဆအရ ဘုရားသခင်ဟာ ကမ္ဘာကြီးကို ခြောက်ရက်တည်းနဲ့ ဖန်ဆင်းတော်မူခဲ့တယ်..

အဲ့ဒီမှာမှ ပထမဆုံးနေ့မှာ ပထမဆုံးဖန်ဆင်းခဲ့တာကတော့ ကမ္ဘာမြေကြီးပါပဲတဲ့.. 

ဆိုတော့... ကမ္ဘာမြေကြီးဟာ ထိပ်ဆုံးက ဖန်ဆင်းတော်မူခံရတာပေါ့လေ.. 

ယုံကြည်ခြင်းတွေ... အယူအဆတွေ မည်သို့ပင်ရှိစေကာမူ..

ကမ္ဘာမြေကြီးဟာ သက်ရှိတွေရပ်တည်နေထိုင်ဖို့ နေရာထိုင်ခင်းဖြစ်ပြီး..

Soil လို့ခေါ်တဲ့ အပေါ်ယံမြေဆီလွှာကတော့ လူသားတွေရဲ့ ဝမ်းရေးကိုဖြေရှင်းပေးနေတဲ့ စားနပ်ရိက္ခာတွေ ထုတ်လုပ်ဖို့ အခြေခံအလွှာထုကြီးဖြစ်တယ်ဆိုတာဟာ ငြင်းမရတဲ့ အမှန်တရားပါပဲ။

လူသားတွေ စားသုံးနေတဲ့ စားနပ်ရိက္ခာရဲ့ ၉၅ ရာခိုင်နှုန်းကျော်ထိဟာ မြေဆီလွှာနဲ့ ရေထုကို အခြေပြုပြီး ရရှိလာတာတွေပဲဖြစ်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကလည်း ဆိုထားပြန်ပါတယ်။

သို့သော်... ဒီလို အရေးပါလှတဲ့ ကမ္ဘာ့မြေဆီလွှာကြီးဟာ အခုဆိုရင်တော့...

  • သစ်တောပြုန်းတီးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှု
  • ဓာတုအလွန်အကျွံသုံးစွဲခြင်းကဲ့သို့ ရေတိုစိုက်ပျိုးရေးနည်းစနစ်များဖြင့် စိုက်ပျိုးမှု
  • ညစ်ညမ်းပျက်စီးအောင် လုပ်ခံနေရမှု 
  • မြို့ပြဧရိယာများ ချဲ့ထွင်လာမှုစတဲ့ လူသားပယောဂတွေနဲ့အတူ ပျက်စီးယိုယွင်းခြင်းကပ်ဘေးရဲ့ ခြိမ်းခြောက်ခံရမှုကို ထိပ်တိုက်ရင်ဆိုင် နေရပါတယ်...။

ဒီတော့...

ကမ္ဘာ့မြေဆီလွှာဟာ သူတို့ရဲ့ဘဝတွေ၊ စားနပ်ရိက္ခာတွေအတွက် ဘယ်လောက်ထိ အရေးပါ အရာရောက်တယ်ဆိုတာကို လူသားတွေ ပိုမိုသိရှိနားလည်ပြီး ထိန်းသိမ်းစောင့်ရှောက်လာကြစေရေးဟာ အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်လာပါတယ်။ 

ဒီ့အတွက် ကမ္ဘာ့မြေဆီလွှာနေ့ကို ကျင်းပပြီး အသိပညာပေး လှုံ့ဆော်သင့်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ၂၀၁၃ ခုနှစ်မှာ အဆိုပြုတင်ပြခဲ့လို့ နှစ်စဉ် ဒီဇင်ဘာ ၅ ရက်နေ့တိုင်းကို ကမ္ဘာ့မြေဆီလွှာနေ့ အဖြစ် သတ်မှတ်ကျင်းပသွားဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဆုံးဖြတ်ပေးခဲ့ပါတယ်။ 

ဒါကြောင့်၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ ပထမဆုံး ကမ္ဘာ့မြေဆီလွှာနေ့ကို ကျင်းပခဲ့ပြီး ဒီနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာတော့ ၁၀ ကြိမ်မြောက် ရှိလာပြီဖြစ်ပါတယ်။

ယခုနှစ်ကမ္ဘာ့မြေဆီလွှာနေ့ရဲ့ မျှော်မှန်းချက်ကတော့...

ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးအခြေခံ စားနပ်ရိက္ခာတွေထုတ်လုပ်နိုင်ဖို့အတွက် မြေဆီလွှာနဲ့ရေထုကြား ဆက်နွှယ်မှုရဲ့ အရေးပါပုံကို ပိုမိုသိရှိနားလည်လာစေရေးပဲဖြစ်ပါတယ်။ 

ဆောင်ပုဒ်အနေနဲ့တော့.. ‘မြေဆီလွှာနဲ့ရေထု...ဘဝရဲ့ ရင်းမြစ်တစ်ခု’ လို့ ဆိုထားပါတယ်။

ဆိုတော့ လူတိုင်းအနေနဲ့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့မြေဆီလွှာနေ့နဲ့အတူ... ကမ္ဘာ့ မြေဆီလွှာကြီး ရေရှည် ရှင်သန်ကျန်းမာစေဖို့..

  • ကမ္ဘာမြေကြီးကို ညစ်ညမ်းစေမယ့် ပလတ်စတစ်နဲ့ တစ်ခါသုံးပစ္စည်းများအလွန်အကျွံသုံးစွဲစွန့်ပစ်မှုကို လျှော့ချခြင်း...
  • စိုက်ပျိုးရေးတွင် ဓာတုသုံးစွဲမှုနှင့် မြေဆီလွှာပျက်စီးစေသည့် စိုက်နည်းစနစ်များကို တတ်နိုင်သမျှလျှော့ချခြင်း..
  • သစ်တောများ မပြုန်းအောင်ထိန်းသိမ်းပြီး အပင်များ ပြန်လည်စိုက်ပျိုးခြင်း...
  • မြို့ပြဧရိယာများရှိ အများပြည်သူဆိုင်ရာ အပန်းဖြေမြေနေရာများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်း..
  • မြေဆီလွှာ၏အရေးပါမှုနဲ့ ထိန်းသိမ်းသင့်မှုကို တတ်နိုင်သမျှမျှဝေခြင်း...

စတာတွေနဲ့အတူ ဘဝအတွက် အရေးပါလှတဲ့ ကမ္ဘာ့မြေဆီလွှာကြီးကို ကယ်တင်မယ့်သူရဲကောင်းတွေ လုပ်ပေးကြပါလို့ Green Way ကနေ တိုက်တွန်းလိုက်ပါရစေ..။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်